0 Shares 182 Views

အင်တာနက်ကွန်နက်ရှင်မရတော့တဲ့အခါမှာ Google Maps ကိုစမတ်ဖုန်းမှာဘယ်လိုသုံးမလဲ

Jan 27, 2016
0 182

သင့်ဆီမှာ အင်တာနက်ကွန်နက်ရှင်မရတော့တာ ဟာ အခုတော့သင့်ကိုအများကြီးအနှောင့်အယှက်မလုပ်နိုင်တော့ပါဘူး။ တကယ်လို့ သင့်ဖုန်းမှာ ကွန်နက်ရှင်မကောင်းခဲ့လို့ရှိရင် သင့်မိုဘိုင်းလ်ကမြေပုံမှာ
သင့်တည်နေရာပြတာဟာ လုံးလုံးလျားလျားမှားနေတတ်တာတွေဖြစ်တတ်ပါတယ်။

Googel ဟာအခုတော့ ဒီလိုပြဿနာတွေကို ‘Offline Areas’ ဆိုတဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုနဲ့ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ့ရှိခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အသုံးပြုသူတွေရဲ့ဖုန်းထဲကို
မြေပုံအသေးစိတ်အညွှန်းကို ဒေါင်းလုဒ် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက သူတို့အနေနဲ့ Data ဒါမှမဟုတ် Wifi ကွန်နက်ရှင်မရှိတဲ့နေရာတွေမှာတောင် နေရာတွေကိုရှာဖွေနိုင်မှာပါ။

ဒီလုပ်ဆောင်ချက်ကိုပြုလုပ်ရတာဟာ ရိုးရှင်းလွယ်ကူပါတယ်။ ဒါပေမယ့် ဒေါင်းလုဒ်ချရတဲ့ဆိုက်က နည်းနည်းကြီးတာမို့ သင့်အနေနဲ့ ဖုန်းဘေလ်လုံလောက်ဖို့ ဒါမှမဟုတ် Wifi ကောင်းကောင်းရဖို့အပြင် ဖုန်းမှာ
Memory နေရာလွတ်မလွတ်ကိုပါ မစတင်ခင်စစ်ဆေးသင့်ပါတယ်။

၁) အရင်ဆုံး Google Maps ကိုဖွင့်လိုက်ပါ။ ပြီးရင် ဘယ်ဘက်မှာရှိတဲ့ Toolbar ကနေ ‘Offline Areas’ ဆိုတဲ့လုပ်ဆောင်ချက်ကိုရွေးချယ်လိုက်ပါ။

g map offline mode1

၂) ပြီးရင် ညာဘက်အောက်ဒေါင့်မှာရှိနေတဲ့ ‘+’ ခလုပ်လေးနှိပ်လိုက်ပါ။ အဲ့ဒီမှာ သင့်အနေနဲ့ သင်ဒေါင်းလုတ်ချချင်တဲ့ နေရာ ဧရိယာကိုရွေးချယ်ပေးရပါမယ်။

g map offline mode2

၃) ဒေါင်းလုတ်ချရင် အများဆုံးပမာဏ 250MB ဒါမှမဟုတ် 120,000 စကွဲကီလိုမီတာ အထိ ဧရိယာထဲမှာ ရနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အင်တာနက်ကွန်နက်ရှင်မကောင်းတဲ့နေရာတွေအပါအဝင် ခရီးတွေပုံမှန်သွားနေတတ်တဲ့လူတွေ ဒါမှမဟုတ် နိုင်ငံရပ်ခြားတွေအထိ ခရီးသွားနေတတ်တဲ့ လူတွေအတွက်ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး အင်တာနက်ကွန်နက်ရှင်ကောင်းကောင်းရတဲ့သူတွေအတွက် အားလုံးလိုလို အစားထိုးဖို့အတွက်တော့မဟုတ်ပါဘူး။

၎) နာမည်ပေးပြီး ဒေါင်းလုဒ်ဆွဲတာကိုစောင့်ဆိုင်းပါ

g map offline mode3

နာမည်ကို သင်ဒေါင်းလုတ်ဆွဲထားတဲ့ မြို့၊ ရွာ အတွက် ရှင်းရှင်းလင်းလင်း သေသေချာချာပေးသင့်ပါတယ်။

၅) ပြီးသွားရင်

g map offline mode4

ဒေါင်းလုတ်ချထားတဲ့ မြေပုံဟာ App မှာ စပ်ကြောင်းမရှိ ချောချောမွေ့မွေ့ အလုပ်လုပ် ပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ လိုင်းမရတဲ့အချိန်မှာတောင် ခက်ခက်ခဲခဲမြင်ရမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ မြေပုံကို မကြာခဏလည်း အဆင့်မြှင့်(Update) ပြုလုပ်နိုင်ပါတယ်။

Ref: Independent

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Most from this category