၂၀၁၇ ခုနှစ်မှာ တွေ့ရှိရဦးမည့် နည်းပညာ များ

Flexible Displays

ကြီးမားတဲ့ မျက်နှာပြင်အရွယ်အစားရှိတဲ့ ပစ္စည်းတွေကို ရယူတဲ့အခါ ပုံမှန်အားဖြင့်တော့သူတို့ကလေးပါတယ်။ အသွင်ကြီးမားတဲ့ Samsung Galaxy Note 2 ကို ကြည့်ကြည့်ပါ။ သူ့မှာဆိုရင် 5.5 in  မျက်နှာပြင်နဲ့အလေးချိန် က 180g တောင်ရှိတာကြောင့် အရွယ်အစားက နည်းနည်းကြီးပြီး မပေါ့လှပါဘူး။ ဒါပေမယ့် အဲဒီ Note 2 စီးရီးဟာ ကမ္ဘာပေါ်မှာ လူကြိုက်တော်တော်များခဲ့တဲ့ အထဲမှာပါဝင်ခဲ့ပြီး ကုမ္ပဏီကို ဂုဏ်တက်စေခဲ့တဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။  အခု အချိန်မှာ အဲဒီထက် ပေါ့ပါးသွားခဲ့ပေမယ့် Flexible Display ကွေးညွတ်မျက်နှာပြင် စစ်စစ် ရရှိဖို့ အတွက်တော့ တော်တော်လေး အချိန်ယူရပါဦးမယ်။
ကွေးညွတ်လို့ ရတဲ့ မျက်နှာပြင် ပါတဲ့ ဖုန်းတွေ အများကြီး ထွက်ခဲ့ပေမယ့် Flexible Display စစ်စစ်ကိုတော့ မစွမ်းသာသေးပါဘူး။ သို့ပေမယ့် ကုမ္ပဏီတွေကတော့ စိန်ခေါ်မှုတွေကို လက်ခံပြီး ဆက်တိုက် ထုတ်လုပ်လာဖို့ ရှိနေပါတယ်။ စိတ်ဝင်စားဖို့ ကောင်းလာမှာက တက်ဘလက်တွေမှာတော့ Flexible Display အဖြစ် သုံးစွဲလာနိုင်သလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

10pcs-lot-universal-touch-screen-font-b-stylus-b-font-font-b-pens-b-font-for
Return of the Stylus pen

နည်းပညာဆိုတာကတော့ဘယ်တော့မှတိမ်ကောပျောက်ကွယ်သွားမဲ့အရာမဟုတ်ပါဘူး။ အခုခေတ်မှာသုံးနေ တဲ့ electronic calculator ဟာဆိုရင် တရုတ်တွေရဲ့ ပေသီးဂဏန်းတွက်စက်ကို အတုယူပြီး တီထွင်ထားတာ ဖြစ်ပါတယ်။ ထူးထူးခြားခြားလုံလောက်မှုရှိပြီး အသွင်ဆန်းတဲ့၊ ဟိုအရင်ကပစ္စည်းလေးတွေကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။ အဲဒါ Style Pen ပါ။
အပွင့်လင်းဆုံးအနေနဲ့ဆိုရင် Samsung က ထုတ်တဲ့ သန်းပေါင်းများစွာသော divices တွေကိုမြင်တွေ့ရပါလိမ့် မယ်။ S-Pen ၊ Wacom ရ ဲ့လျှပ်စစ်နဲ့ပတ်သတ်တဲ့ နည်းပညာတွေကို မြင်တွေ့လာရမှာဖြစ်ပါတယ်။ Microsoft ဟာဆိုရင် သူတို့ရဲ့ Window 10 အသစ်ကို tablet တွေမှာ အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားပါတယ်။
မေးစရာတွေတော့ရှိတယ်။ ပထမထွက်ရှိခဲ့တဲ့အရာတွေကောပျောက်ကွယ်သွားအုံးမှာလား ဒါမဟုတ် တည်ရှိနေဦး မှာလား ဆိုတာအတွက်တော့ အဖြေရှိပြီ ရှိပါတယ်။ Style Pen တွေ တစ်ခေတ် ဖြစ်လာစေဖို့ ယခင် Apple ထုတ်ကုန်ဖြစ်ခဲ့တဲ့ Newton ကို က Pen ကို ဒီဇိုင်းပြန်ဖော်ထားတယ် လို့ တိုက်ရိုက်မဟုတ်ရင်တောင် စွပ်စွဲလို့ရနေပါတယ်။
ကိန်းဂဏန်းတွေက ပမာဏအရမ်းများနေခဲ့လျှင်တော့ ဇယားတွေဆွဲမယ် ဆိုရင်တော့ လတ်တလောမှာ မဖြစ်နိုင်ပဲ နည်းပညာကို အသုံးပြုပြီး မှတ်သားသိမ်းဆည်းထားမယ်ဆိုရင်တော့ ဖြစ် နိုင်ပါလိမ့်မယ်။ S-Pen ကို သုံးရတာကောင်းပါတယ်။ လောလောမယ်မှာ ရုံးပိုင်းဆိုင်ရာတွေအတွက် တွင်တွင်ကျယ်ကျယ် မလုပ်နိုင်သေးပဲ ဒီဇိုင်းဘက်ခြမ်းအတွက် သာ ဦးတည်နေပါသေးတယ်။ pen နဲ့ tablet တွဲဖက်သုံးစွဲလိုက်တဲ့အတွက် ဘောပင် နဲ့စာရွက်တွေ ကုန်ကျမှုလည်းမရှိတော့ဘူး။ အဲဒီအတွက် PaperLess ခေတ်ကို ထူထောင်လာနိုင်မယ်။  ဒစ်ဂျစ်တယ် pen တွေက ၂၀၁၇ ခုနှစ်မှာလည်း အသုံးပြုနေကြဦးမယ် ဆိုတာ နောက်နှစ်မှာ ပြုလုပ်မယ့် နိုင်ငံတကာ မိုဘိုင်းအိုင်တီပွဲကြီးတွေကနေ သိနိုင်ပါလမ့်မယ်။

macbook-pro-retina-screen-ghosting-649x328

Retina Screens

များသောအားဖြင့် လက်တော့ပ် ၊ နုတ်ဘုတ် နဲ့ ဈေးကြီးစမတ်ဖုန်းတွေမှာပဲ သုံးစွဲခဲ့တဲ့ Retina Screen ဟာ မျှော်လင့်ထားသလို ကောင်းမွန်ပေမယ့် မမျှော်လင့်ထားသလို ဈေးကြီးနေပါသေးတယ်။ ကျွန်တော်တို့ဟာ 1366×768 pixel ရှိတဲ့ ဒီပစ္စည်းတွေကို အသုံးပြုမယ်လို့တော့ တထစ်ချ စိတ်ဆုံးဖြတ်ပြီး အသုံးပြုမှာတော့မဟုတ်ပါဘူး။
ဒါပေမဲ့ အခုနှစ်အတွက် ကျွန်တော်တို့တွေဟာ display ကောင်းကောင်း ဖုန်းတွေကိုသာ သဘောကျခဲ့ကြပါတယ်။ ပြီးတော့ ထွက်ခဲ့သမျှ ပစ္စည်းတွေဟာ တန်ဖိုးက ဈေးမသက်သာလှခဲ့ပေမယ့် 1366×768 Res တွေကို အနိမ့်ဆုံး ရရှိခဲ့ပါတယ်။
အဲဒီလို ဈေးကွက် ရဲ့ ဝယ်လိုအား နဲ့ နိုင်ငံရေးအလှည့်အြေပြာင်းတွေကြောင့် Apple က သူတို့ ရဲ့ စက်ရုံတွေကို နောက်ကွယ်ကနေပြီး ပြောင်းလဲဖို့ကြိုးစားလာမှာဖြစ်ပြီး အမေရိကန်မှာသာ ထုတ်လုပ်ဖို့စိုင်းပြင်းခဲ့ရင် display တွေအတွက် ပူပန်စရာ ဖြစ်လာပြီး ဈေးနှုန်းကလည်း ၁၀ ဆ လောက် ခုန်တက်သွားဖို့ ဖြစ်နေပါတယ်။ အဲဒီအပြင်မှာ Retina Display တွေကို သုံးစွဲတဲ့ သီးသန့် မော်ဒယ်တွေ တောင် ထုတ်လုပ်လာနိုငပြီး ဈေးနှုန်း တစ်မျီုး နဲ့ လူတန်းစား တစ်ရပ်ကိုသာ ဦးတည်သွားနိုင်တဲ့ အထိ ဖြစ်သွားနိုင်ပါတယ်။
samsung-glasses-free-3d-tv

 

Glass-free 3D

၂၀၁၇ ခုနှစ်ထဲမှာ ကျွန်တော်တို့ဟာ ကောင်းမွန်ပြည့်စုံတဲ့ TV တွေကို ထုတ်လုပ်ပေးဖို့အတွက် မျှော်လင့်ပါ တယ်။ ကျွန်တော်တို့တွေရဲ့ မျှော်လင့်ချက်တွေ မဝေးတော့ဘူးလို့တောထင်တယ် အရည်သွေးကောင်းတဲ့ TV တွေထွက်ပေါ်လာတော့မှာပါ။ Auto Stereo copy ဆိုတာက glasses-free 3D ကိုပြောတာပါ။ 3D ပုံရိပ်တွေကို ကြည့်မယ်ဆိုပါတော့။ မျက်မှန်တပ်စရာမလိုတဲ့TVတွေကို လိုချင်မှာပါ။
မျက်မှန်မလိုတဲ့ 3D TV အများစုဟာ အသုံးပြုဖို့ဆိုရင်တော့ ကန့်သတ်ချက်တွေနဲ့ ရုပ်ပုံတွေကို တပြိုင်နက် ပြောင်းလဲပြီးကြည့်လို့ရနိုင်မှာဖြစ်ပါတယ်။ နေရာတွေကိုပြောင်းရွှေ့ဖို့အတွက်တော့ အခက်အခဲတွေဖြစ်စေပြီး sweet sopt လို့ခေါ်တဲ့ စနစ် နဲ့ အဝေးကကြည့်မယ်ဆိုရင်တော့ ရုပ်ထွက် နဲ့ အကျိုးရလာဒ်က မကောင်းပါဘူး။
Sony ကတော့ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ သူ့တို့ရဲ့ မျက်မှန်မလိုတဲ့ 3D TV တွေနဲ့ပတ်သက်ပြီး ဝင့်ဝင့်ကြွားကြွား ရှိခဲ့ပါတယ်။ အခုဆိုရင် သူ့မှာ 24လက်မ 1080 display နဲ့ 46 လက်မ ရှိတဲ့ Ultra HD ပြုလုပ်ချက်တွေနဲ့ ပါဝင် အသုံးပြုထားတဲ့ Glass-Free 3DTV တွေကို ချပြနေပါပြီ။
polarizers-add-pow-filter-01

Seeing without Filters

ကမ္ဘာ့ပေါ်မှာကတော့ ရုပ်ပုံတွေကို ကြည့်ရှုရာမှာ အကောင်းဆုံးရရှိစေဖို့အတွက် လိုအပ်နေပါတယ်။ ရုပ်ပုံတွေ ကို ကြည့်ရှုရာမှာ smoky glasses တွေကို ကမ္ဘာမှာ သုံးကြည့်ကြတယ်။ ဒီကနေ့ခေတ်ကင်မရာအများစုဟာ anti-aliasing (AA) တွေနဲ့တွဲဖက်လာကြတယ်။ အချို့လူတွေကတော့အဲဒါ ကို blur filter လို့ခေါ်ကြပါတယ်။  AA filter ပဲ ပြောပြော၊ Blur Filter ပဲ ဆိုဆို အဓိက ကတော့ ဓါတ်ပုံတွေကိ ု မှုန်ဝါးစေမှုကို ကာကွယ်ပေးပါတယ်။ ပြီးတော့ ကုန်ကျစရိတ်ကလည်း သက်သာ ပါတယ်။
AA filter မရှိပဲနဲ့ဓါတ်ပုံတွေကို ရိုက်ကူးပြီး တစ်ခါ၊ AA Filter နဲ့ ရိုက်ကူးပြီး တစ်ခါ ..အဲဒီ ၂ ခု ကို ယှဉ်ကြည့်ပါ။ အဲဒီ နှစ်ခုခြားက ကွာဟချက်တွေကို သင့်အနေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် နေနဲ့ည ရိုက်တဲ့ဓါတ်ပုံတွေကို နိုင်းယှဉ်ကြည့်ရှုပြီး ကွဲပြားမှုကို တွေ့နိုင်မှာပါ။
ကင်မရာတော်တော်မျာများမှာတော့ AA filter ကို ထည့်သွင်းအသုံးပြုထားခြင်းမရှိပါဘူး။ Nikon ရဲ့ D800E  နဲ့ Fujifilm ရဲ့ X-series mirrorless system camera ဟာဆိုရင် ပုံစံကို မတူကွဲပြားအောင် ပြုလုပ်ထားပါတယ်။ ကင်မရာအများစုကို AA Filter မပါပဲ ပြုလုပ်ဖို့လည်း မျှော်လင့်နိုင်ပါသေးတယ်။ ကင်မရာ ကုမ္ပဏီတွေက ရုပ်ပုံတွေမှုန်ဝါးမှုကို ဖြေရှင်းဖို့နည်းလမ်းကို တလှည့်စီပြုလုပ်နေကြတာကြောင့်လည်း မကြာခင် မှာ အရည်သွေးပြည့်ဝတဲ့ ရုပ်ပုံတွေကို အခွင့်အရေး တစ်ခု အနေနဲ့ ရရှိလာနိုင်တော့မှာ ဖြစ်ပါတယ်။

Ref : eweek ၊

%d bloggers like this: