အခြား Pokemon တွေ အသွင်ဆောင်ထားတဲ့ Ditto ကို ဖမ်းယူ နိုင်ပြီ

Pokemon Go ရဲ့ Update တွေက တော့ တဖြည်းဖြည်းနဲ့ ပြန်လည်စိတ်ဝင်စားဖို့ကောင်းလာပြီလို့ ပြောရမှာပါပဲ။ ဒီတစ်ခေါက် Update မှာ Ditto ကိုထည့်သွင်းပေးလိုက်တာကတော့ ဆော့ကစားသူ အရေအတွက် လျော့ကျသွားမှုကို ပြန်လည်မြင့်တက်စေနိုင်မယ့် အလားအလာတစ်ခုဖြစ်ပါတယ်။

Ditto ဆိုတာ အသွင်ပြောင်း Pokemon ဖြစ်ပါတယ်။ Pokemon crazy တွေဆိုသိပါလိမ့်မယ်။ သူ့မှာ ကိုယ်ပိုင် Type ၊ ကိုယ်ပိုင် Ability လို့မရှိပါဘူး။ သူရဲ့ တစ်ခုတည်းသော ပြုလုပ်နိုင်စွမ်းက အသွင်ပြောင်းတာပါပဲ။ မျက်စိရှေ့က အခြား Pokemon တစ်ကောင်ရဲ့ ပုံစံကို အသွင်ပြောင်းလိုက်ပြီး အဲ့ Pokemon ရဲ့ Ability တွေ အကုန်လုံးကိုပါ တစ်ပုံစံတည်း ခိုးယူတဲ့ Pokemon ဖြစ်ပါတယ်။

စိတ်လှုပ်ရှားစရာကောင်းတာက Pokemon Go ဆော့ကစားသူတွေအနေနဲ့ Ditto ကိုဖမ်းတဲ့အခါ Ditto ရဲ့ ပုံစံအတိုင်းတွေ့ရမှာမဟုတ်ပါဘူး။ Pigey အသွင်ဆောင်ထားရင်လည်းဆောင်ထားမယ်။ Ratata အသွင်ဆောင်ထားရင်လည်း ဆောင်ထားမှာဖြစ်ပါတယ်။ ဒါကြောင့် Ditto ကိုမိနိုင်ဖို့ တွေ့သမျှအကောင် အကုန်လုံးကို မလွတ်တမ်းဖမ်းဖို့လိုပါတယ်။ ဖမ်းတဲ့ Pokemon က Ditto ဖြစ်ခဲ့ရင် ဖမ်းမိတဲ့ အခါမှသာ Ditto ပုံစံ ပြောင်းသွားမှာဖြစ်ပါတယ်။

ဒီတော့ အခုပဲ Ditto ကိုဖမ်းမိဖို့အတွက် တွေ့သ မျှအကောင်တွေကို မလွတ်တမ်း ဖမ်းလိုက်ပါတော့။

Ref: TechCrunch

%d bloggers like this: