ကလေးများအတွက် ဗြိတိသျှကောင်စီရဲ့ နွေရာသီအင်္ဂလိပ်စာသင်တန်းများ

အသက် (၇) မှ (၁၅) နှစ်ကလေးများ အတွက် နွေရာသီအင်္ဂလိပ်စာသင်တန်းများကို ၂၀၁၇ ခုနှစ် မတ်လ (၂၀) ရက်  ဧပြီလ (၄) ရက်နေ့အထိ ဗြိတိသျှကောင်စီ (ရန်ကုန်) မှာ ဖွင့်လှစ်မှာ ဖြစ်တယ်လို့သိရပါတယ်။

သင်တန်းကြေး မှာ ကျပ် (၂၅၅,၀၀၀) ဖြစ်ပြီး တက်ရောက်တဲ့ ကလေးတိုင်း ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ တစ်နှစ် အခမဲ့အသင်းဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ယခုသင်တန်းမှာ စုစုပေါင်း သင်ကြားချိန် နာရီ (၃၀) ရှိမှာဖြစ်ပြီး Placement test ဖြေဆိုရန်နဲ့ စာအုပ်ဝယ်ရန် မလိုအပ်ဘူးလို့သိရပါတယ်။

အတန်းများအားလုံးကို အရည်အသွေးပြည့်ဝပြီး အတွေ့အကြုံရှိ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ဆရာ/ဆရာမများမှ သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကြေးများကို စတင်လက်ခံနေပြီဖြစ်ပြီး နိုဝင်ဘာလအတွင်းစာရင်းပေးသူများအတွက် early bird discount ကျပ် (၁၀,၀၀၀) ပေးအပ်မှာဖြစ်ကာမည်ဖြစ် ဗြိတိသျှကောင်စီစာကြည့်တိုက် အသင်းဝင်ခွင့်ချက်ချင်းရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတျှကောင်စီ နဲ့ပတ်သတ်ပြီး သိလိုသမျှကို British Council Myanmar Facebook Page ရဲ့ Messenger  http://m.me/BritishCouncilMyanmar  မှာ အလွယ်တကူမေးမြန်း နိုင်တယ်လို့ သိရပါတယ်။

%d bloggers like this: