0 Shares 323 Views

Google Play Services update အသစ်မှာ Gingerbread နဲ့ Honeycomb ကိုထောက်ပံ့မှာမဟုတ်တော့

Nov 23, 2016
0 323

Google Play Services ရဲ့ နောက်ဆုံး Update version ဖြစ်တဲ့ 10.2.0 မှာ Gingerbread (Android 2.3) နဲ့ Honeycomb (Android 3.0) တို့ကို ထောက်ပံ့မှာမဟုတ်တော့ဘူးလို့သိရပါတယ်။

Gingerbread နဲ့ Honeycomb တင်ထားတဲ့ Android ဖုန်းအဟောင်းတွေဟာ Google Play Services ကို အသုံးပြုနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။

ယခင်က ထွက်ရှိထားတဲ့ Google Play Services version တွေမှာ အနိမ့်ဆုံးအဖြစ် Android API level 9 အထိ ထောက်ပံ့တဲ့အတွက် Gingerbread ကစပြီး အသုံးပြုလို့ရပေမယ့် အခုနောက်ဆုံးထွက်ရှိမယ့် update အသစ်မှာတော့ အနိမ့်ဆုံး Android API level 14 အထိတိုးမြှင့်လိုက်တာဖြစ်တဲ့အတွက် Ice Cream Sandwich (ICS)(Android 4.0.1) နဲ့ အထက် တွေမှာသာ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။

App developer အများစုကလည်း သူတို့ရဲ့ App တွေကို ICS နဲ့အထက်မှာသာ ထည့်သွင်းအသုံးပြုနိုင်အောင် ဖန်တီးလာကြတဲ့အပြင် User အများစုကလည်း Gingerbread နဲ့ Honeycomb ကို အသုံးမပြုကြတော့တဲ့ အတွက် Google ကအခုလိုမျိုး update ပြုလုပ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

Facebook Comments

You may be interested

Instagram မှာ ဓါတ်ပုံတစ်ပုံတင်ရင် မြန်မာငွေ သိန်း ၁၂၀ ၀န်းကျင်ရတဲ့ စုံတွဲ
NEWS, Photography
0 shares0 views

Instagram မှာ ဓါတ်ပုံတစ်ပုံတင်ရင် မြန်မာငွေ သိန်း ၁၂၀ ၀န်းကျင်ရတဲ့ စုံတွဲ

Ko Thuya - May 30, 2017

အသက် ၂၆ နှစ်အရွယ် Jack Morris နဲ့ သူ့ရဲ့ ချစ်သူ အသက် ၂၄ နှစ်အရွယ် Lauren Bullen တို့ဟာ Instagram မှာ ၀င်ငွေများစွာ ရှာဖွေနိုင်တဲ့ စုံတွဲ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ စုံတွဲဟာ ကမ္ဘာပတ်ပြီး…

ဖုန်းကညီမအတွက်မရှိမဖြစ်အရာတစ်ခုပါလိုပြောတဲ့ မော်ဒယ် ရွှေရေးချယ်
CELEBRITY, Interview
0 shares0 views

ဖုန်းကညီမအတွက်မရှိမဖြစ်အရာတစ်ခုပါလိုပြောတဲ့ မော်ဒယ် ရွှေရေးချယ်

Pyone Thizar Ye - May 30, 2017

အနုပညာလောထဲကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာတဲ့သူ Photo Model တစ်ယောက်အနေနဲ့ မဂ္ဂဇင်းတော်တော်များများမှာတွေရတဲ့သူ သူမကတော့ မော်ဒယ်ရွှေရေးချယ် ပဲဖြစ်ပါတယ်။ ရွှေရေးနဲ့တွေ့တုန်း သူမရဲ့အနုပညာလှုပ်ရှားမှုနဲ့အတူ ဖုန်းအကြောင်းကိုလည်း အခုလိုမေးဖြစ်ခဲ့ပါတယ်။ Q. အနုပညာလောကထဲကို စဝင်ခဲ့ဖြစ်ခဲ့ပုံ ပြောပြပေးပါလား။ ခရီးသွားမဂ္ဂဇင်း ကာဗာရိုက်ဖို့ အသိ ဓာတ်ပုံဆရာတစ်ယောက်က ကမ်းလှမ်းတာကနေ…

Xiaomi ရဲ့ တန်ဖိုးနည်း Mi 6c လာမည်
Android, HUBS, Mobiles & Tablets
288 shares578 views

Xiaomi ရဲ့ တန်ဖိုးနည်း Mi 6c လာမည်

Ko Thuya - May 30, 2017

ရှောင်မီက တန်ဖိုးကြီး စွမ်းဆောင်ရည်မြင့် Mi 6 ကို ယခင်လက မိတ်ဆက်ခဲ့ပါတယ်။ တန်ဖိုးကြီး မော်ဒယ်ကို မတတ်နိုင်သူများအတွက် ရှောင်မီက တန်ဖိုးနည်း Mi 6 Model ကို ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို Mi 6c…

Most from this category