အကြီးမားဆုံးနဲ့အတန်ဆုံး Black Friday အွန်လိုင်းဈေးရောင်းပွဲတော်ကျင်းပမည်

Ooredoo Myanmar နဲ့ Shop.com.mm တို့ပူးပေါင်းပြီး အကြီးမားဆုံးနဲ့အတန်ဆုံး အွန်လိုင်းဈေးရောင်းပွဲတော် တစ်ခုကို လာမယ့် နိုဝင်ဘာလ (၂၅) ရက်နေ့ကနေ (၂၇) ရက်နေ့အတွင်း ကျင်းပတော့ပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အွန်လိုင်းပွဲတော်ကို နိုင်ငံတကာ မှာ ကျင်းပလေ့ရှိတဲ့ Black Friday ဈေးရောင်းပွဲတော်အတိုင်းပြုလုပ်မှာဖြစ်ပြီး ဖက်ရှင်နဲ့ လူသုံးကုန်ပစ္စည်း အမျိုးအစားပေါင်း (၁၀၀၀၀) ကျော်ထဲမှ တချို့ကို (၈၀) ရာခိုင်နှုန်းအထိ discount ပေးမှာဖြစ်တဲ့အတွက် အရမ်းတန် တဲ့ ဈေးရောင်းပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ဈေးရောင်းပွဲကာလအတွင်းမှာ အူရီဒူးရဲ့ 4G ဟန်းဆက်ဝယ်ယူပြီး တစ်လအတွင်း စုစုပေါင်းဖုန်းဘေ (၁၀၀၀၀) ဖြည့်တဲ့ customer တွေအတွက် လက်အေပိုဖုန်းဘေ (၁၇၀၀၀) ကျပ်ကို လက်ဆောင်အဖြစ်လည်း ပေးအပ်မှာဖြစ်တယ်လို့သိရပါတယ်။

 

%d bloggers like this: