0 Shares 76 Views

ဖုန်း App နဲ့ ထိန်းချုပ်ကာ မီးသီးအရောင်၊ အလင်းအမှိန်တို့ကို ပြောင်းလဲနိုင်ပြီး သီချင်းပါဖွင့်ပေးနိုင်မယ့် LED စမတ်မီးလုံးများအကြောင်း

Jan 26, 2016
0 76

LED မီးလုံးတွေဟာ ကမ္ဘာ့နည်းပညာသမိုင်းမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံးတီထွင်မှုတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ LED မီးလုံးတွေဟာ ၀ါယာကြိုးမျှင်သုံး ရိုးရိုးမီးလုံးတွေထက် လျှပ်စစ်စွမ်းအင်သုံးစွဲမှု ၉၀ ရာခိုင်နှုန်းပိုနည်းပြီး အနည်းဆုံး ၂၅ နှစ်လောက် အသုံးခံပါတယ်။

LED မီးလုံးတွေထဲက ဆားကစ်ပတ်လမ်းစနစ်ဟာလည်း အလွန်သေးငယ်တာကြောင့်၊ တီထွင်သူတွေအနေနဲ့ အထူးပြုလုပ်ထားတဲ့ ချစ်ပြားတွေကို မီးလုံးထဲ ထည့်သွင်းကာ စမတ်ဖုန်း၊ အိမ်ကွန်ရက် home network တို့နဲ့ ချိတ်ဆက်ပြီး ထိန်းချုပ်ခိုင်းစေမှုတွေပြုလုပ်နိုင်ပါတယ်။

ဒီ စမတ်မီးလုံးတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က စတင်ရေပန်းစားလာတာဖြစ်ပြီး၊ ကုမ္ပဏီအများအပြားဟာ စမတ်ဖုန်း app နဲ့ ချိတ်ဆက်ကာ မီးအဖွင့်အပိတ်၊ အလင်းအမှောင်ပမာဏတွေကို ထိန်းချုပ်နိုင်တဲ့ LED မီးလုံးတွေကို အပြိုင်အဆိုင်တီထွင်ခဲ့ကြတာကိုတွေ့ရပါတယ်။

မီးမလာရင်တောင်မီးလင်းနေနိုင်မယ့် စမတ်မီးသီး

မီးပျက်ချိန်မှာတောင် မီးထွန်းလင်းပေးနိုင်တဲ့ ပထမဆုံး SmartCharge LED မီးလုံးကို ရန်ပုံငွေရှာဖွေရေးဝက်ဆိုဒ် Kickstarter ကနေ တဆင့် ရန်ပုံငွေရှာဖွေကာ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။

SmartCharge မီးသီးဟာ ဘက်ထရီဓာတ်အားကိုအရန်သိုလှောင်ထားနိုင်တဲ့မီးသီးတစ်လုံးဖြစ်ပြီး မီးပျက်သွားချိန်မှာတောင် မီးသီးက ဆက်လက်လင်းနေမှာပါ။ သာမန်မီးသီးတစ်လုံးအရွယ်အစားလောက်သာရှိပြီး၊ သင့်အိမ်ရဲ့ကြိုက်တဲ့နေရာမှာတပ်ဆင်ထားနိုင်ပါတယ်။ တခြားစမတ်မီးလုံးတွေနဲ့မတူတာကတော့ ဒီစမတ်မီးလုံးက ထိန်းချုပ်စရာမလိုပါဘူး။ ၃.၅ နာရီလောက် လျှပ်စစ်အားမလိုဘဲ မီးထွန်းထားနိုင်ပါတယ်။

အိမ်လုံခြုံရေးအတွက် စမတ်မီးသီး

BeOn ဆိုတဲ့စမတ်မီးသီးကလည်း Kickstarter ကနေပဲ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တဲ့ မီးသီးတစ်မျိုး ဖြစ်ပါတယ်။ Bluetooth နဲ့ ဖုန်းကို ချိတ်ဆက်ကာ၊ ဖုန်း app ကနေ တဆင့်၊ လွယ်ကူစွာ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ မီးပျက်ချိန်မှာလည်း အရန်ဘက်ထရီနဲ့ ၄ နာရီ ဆက်လက်မီးလင်းနေနိုင်ပါသေးတယ်။ ဒီထက်မိုက်တာက BeOn မီးသီးမှာ မိုက်ခရိုဖုန်းတွေပါရှိပြီး အသံကိုမှတ်သားနိုင်တဲ့ နည်းစနစ်ပါ ပါရှိတာကြောင့် အသံနဲ့ မီးအဖွင့်အပိတ်လုပ်နိုင်ပါတယ်။ (ဥပမာ – အိမ်တံခါးဘဲလ်ကိုသုံးချက်တီးလိုက်တာနဲ့ မီးပွင့်လာတာမျိုး) ။ အမိုက်ဆုံးကတော့ ဒီမီးသီးမှာ Away mode လို့ခေါ်တဲ့ စနစ်တစ်ခုပါဝင်ပါတယ်။ တကယ်လို့ သင်ညအိပ်ခရီးနဲ့ အိမ်ကိုပစ်ထားခဲ့ရမယ် ဆိုရင်တောင်၊ ဒီ mode ပြောင်းထားခဲ့လို့ရှိရင်၊ မီးသီးက အိမ်မှာလူရှိနေတဲ့အလား၊ မနက်ဆိုပိတ်သွားတာမျိုး၊ ညဘက်မီးပွင့်လာတာမျိုး အလိုအလျောက်လုပ်ပေးကာ ဖောက်ထွင်းသူခိုးတွေကို လှည့်စားပေးနိုင်ပါတယ်။

ဂီတပါနားဆင်နိုင်မယ့်စမတ်မီးလုံး

သီချင်းအသံက ဒီတစ်ခါတော့ စပီကာထားထားတဲ့ အခန်းထောင့်တစ်နေရာက လာမှာမဟုတ်ဘဲ၊ သင့်မျက်နှာကြက်ကနေ ဂီတသံ ထွက်နေမှာဖြစ်ပါတယ်။

Sengled Pulse မီးလုံးဟာ တစ်စုံကို ဒေါ်လာ ၁၅၀ လောက်တော့ကျသင့်မှာဖြစ်ပေမယ့်၊ အသံအရည်အသွေးကလည်း လုံးဝ အမိုက်စားပါ။ ဖုန်းကဖွင့်နေတဲ့သီချင်းကို ဒီစမတ်မီးလုံးက Bluetooth နည်းနဲ့ သီချင်းဖွင့်ပေးနေမှာဖြစ်ပြီး၊ တစ်အိမ်မှာ အများဆုံး ရှစ်လုံးအထိ တစ်ပြိုင်တည်းတပ်ဆင်ထားနိုင်ပါတယ်။

ဖုန်း app ကနေ တဆင့် မီးအလင်းရောင် အတိုးအချလုပ်တာ၊ အသံချိန်တာတွေလည်း လုပ်နိုင်ပါတယ်။ ဒီမီးလုံးတွေကတော့ အနည်းငယ်ကြီးတာကြောင့် မျက်နှာကြက်မီးဆိုင်းလိုနေရာမျိုးမှာပဲ တော်မှာဖြစ်ပြီး၊ သာမန်မီးဆိုင်းတွေမှာတော့ တပ်ရမှာမဟုတ်ပါဘူး။ Bluetooth က ပေ ၃၀ လောက်အထိချိတ်ဆက်နိုင်တာကြောင့် သာမန်အိမ်တစ်လုံးမှာတော့၊ ကြိုက်တဲ့နေရာကနေ ထိန်းချုပ်နိုင်ပါတယ်။

Sengled ကုမ္ပဏီကပဲ သာမန်အရွယ်အစား ၅၃ ဒေါ်လာတန် စမတ်မီးသီး Pulse Solo ကိုလည်း ထုတ်ထားပါသေးတယ်။ ဒီမီးသီးကတော့ အထက်ကမီးသီးတွေလို တစ်လုံးနဲ့တစ်လုံးချိတ်ဆက်အလုပ်မလုပ်နိုင်ဘဲ၊ တစ်လုံးတည်း အလုပ်လုပ်တဲ့ ဆိုလိုမီးသီး တစ်လုံးဖြစ်ပါတယ်။ တစ်လက်မအရွယ်စပီကာနှစ်လုံးပါပြီး၊ စတီရီယိုအသံစနစ်ထုတ်ပေးနိုင်ပါတယ်။

အခုခေတ်ဟာ နေရာတိုင်းလိုလို စမတ်ပစ္စည်းတွေ လွှမ်းမိုးနေတဲ့ဖြစ်ပြီး၊ နည်းပညာဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀တွေကို ပိုမို အဆင်ပြေလွယ်ကူချောမွေ့အောင် ပြုလုပ်ပေးလျက်ရှိပါတယ်။ စမတ်မီးသီးတွေဆိုတာလည်း အခုမှစပေါ်လာတဲ့နည်းပညာအသစ် တစ်ခုလို့ဆိုရမှာဖြစ်ပြီး၊ နောက်ထပ်ဆန်းကြယ်တဲ့လုပ်ဆောင်ချက်တွေကို မကြာခင်အချိန်အတွင်း စမတ်မီးသီးတွေမှာ မြင်တွေ့ နိုင်ခြေရှိပါတယ်။

Ref: Yahoo

 

 

 

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares577 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Most from this category