0 Shares 524 Views

ရေစိုခံနည်းပညာနဲ့ HTC Bolt အဖြစ် တရားဝင်ထွက်ရှိလာတဲ့ HTC 10 Evo

Nov 22, 2016
0 524

ထိုင်ဝမ်မှာ ဒီကနေ ကျင်းပပြုလုပ်ခဲ့တဲ့ HTC event မှာ HTC Bolt အဖြစ် HTC 10 Evo ကိုမိတ်ဆက် ပြသလိုက်ပါတယ်။ မထွက်ရှိခင် HTC Bolt ဆိုပြီး ကြေညာခဲ့ပေမယ့် HTC 10 Evo ဆိုတဲ့ အမည်နဲ့ သာ ထွက်ရှိခဲ့ပြီး ရေစိုခံနည်းပညာ၊ adaptive earbuds ၊ Android 7.0 Nougat တို့နဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်။

HTC 10 ရဲ့ processor, RAM နဲ့ camera တွေကို advanced ပြုလုပ်ပြီးထွက်ရှိလာတာမဟုတ်တဲ့အတွက် HTC 10 Evo ဟာ HTC 10 ရဲ့ successor အဖြစ်ထွက်ရှိလာတာမဟုတ်ဘဲ သပ်သပ် Model အသစ်တစ်ခု အဖြစ်ထွက်ရှိလာတာဖြစ်ပါတယ်။ ပိုမိုကျယ်ပြန့်တဲ့ မျက်နှာပြင် IP57 dust & water resistant နဲ့ နောက်ဆုံး ထွက် Android version တွေက User တွေကို အကောင်းဆုံးဆွဲဆောင်နိုင်မယ့် အချက်တွေဖြစ်ပါတယ်။ iPhone 7 နဲ့ 7 လိုမျိုး headphone jack မပါပဲ ထွက်ရှိလာပေမယ့် USB Type-C နဲ့ အသံအရည်အသွေးကို အကောင်းဆုံး စီမံထားတဲ့ HTC earbuds တွေပါဝင် လာပါတယ်။ အရင် ဖုန်းတွေလိုမျိုး ဖုန်းရဲ့ Speakers တွေမှာ BoomSound မပါဝင်တော့ပေမယ့် earbuds နဲ့နားထောင်တဲ့အခါမှာတော့ BoomSound experience ကိုခံစားရမှာဖြစ်ပါတယ်။

SPECIFICATIONS OF THE HTC 10 EVO INCLUDE:

  • Processor: Qualcomm Snapdragon 810 2.0 GHz octa-core
  • Display: 5.5 inch 2560 x 1440 pixels resolution Super LCD 3
  • Operating system: Android 7.0 Nougat
  • RAM: 3GB
  • Storage: 32/64 GB internal with microSD card storage for up to 2TB
  • Cameras: 16 megapixel f/2.0 camera with OIS and 8 megapixel front facing camera
  • Extras: IP57 dust and water resistance, HTC BoomSound Adaptive Audio
  • LTE bands: 1,3,5,7,8,20, and 28
  • Battery: 3,200 mAh battery with Quick Charge 2.0 fast charging
  • Dimensions: 153.6 x 77.3 x 8.09 mm and 174 grams

ရွှေရောင် ၊ ငွေရောင်နဲ့ Gunmetal colour ဆိုတဲ့ အရောင်း (၃) မျိုးနဲ့ ထွက်ရှိလာပြီး 32GB version ကို (၅၆၄)ဒေါ်လာ နဲ့ 64GB version ကို (၆၂၆) ဒေါ်လာဈေးနှုန်းတွေနဲ့ ရောင်းချမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ထိုင်ဝမ်ပြည်တွင်းမှာ pre-order မှာယူနိုင်ပြီး လာမယ့် နိုင်ဝယ်ဘာလ (၂၈) မှာတရားဝင်စတင်ရောင်းချ မှာဖြစ်တယ်လို့သိရပါတယ်။

Ref: GSMArena

Facebook Comments

You may be interested

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ
Audio & Video, Camera, NEWS
0 shares38 views

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသ

Ko Thuya - May 29, 2017

Huawei က Panoramic Camera, Sports Band နဲ့ Bluetooth Headset များကို ပြသလိုက်ပါတယ်။ Huawei Panoramic Camera Huawei Panoramic Camera ဟာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဓါတ်ပုံနဲ့ ဗီဒီယိုများ…

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
224 shares428 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
192 shares946 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

Most from this category