Oppo brand တွေ အသုံးများတဲ့ အေးချမ်းမိုးနဲ့ တွေ့ဆုံခြင်း

ဆေးကျောင်းတစ်ဖက်တက်နေရင်းနဲ့ အနုပညာလောကထဲမှာ အောင်မြင်လာတဲ့ အေးချမ်းမိုးနဲ့ တွေ့ဆုံဖြစ်ခဲ့ပြီး သူ့ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့အတူ လက်ရှိအသုံးပြုနေတဲ့ IT ပစ္စည်းတွေနဲ့ ပတ်သတ်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။

13716073_1134300176626007_8593981565857120458_n-1

Q လက်တလော အေးချမ်းမိုးရဲ့ အနုပညာ လှုပ်ရှားမှု ………

ပိုးထည်ကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ပွဲတွေမှာ Presenter  လုပ်ဖြစ်တာ   များတယ်။ဆေးကျောင်းကတစ်ဖက်နဲ့ဆိုတော့ အနုပညာ အလုပ်တွေသိပ် မလုပ်ဖြစ်ဘူး။ နောက်ပိုင်းလည်း တစ်ခြားအနုပညာအလုပ်ထက် presenter အလုပ်ကိုပဲ ပိုလုပ်ဖြစ်ဖို့ များပါတယ်။ပရိတ်သတ်က လဲ လက်ခံတယ်။ ညီမကိုယ်တိုင်ကလဲအားသန်တယ်။

Q လက်တလောမှာ ဘယ်ဖုန်းတွေကိုင်လဲ။

A: iPhone 6s ကိုင်တယ်၊ oppo brand တော်တော် များများကိုင်ဖြစ်တယ်။ အခုလက်ရှိ oppo f1 , R 7, Neo 7 တွေကို သုံးဖြစ်တယ်။oppo ကို သုံးရတာကြိုက်တယ်။ oppo model တစ်ခုချင်းဆီမှာတော့ တစ်ခုနဲ့တစ်ခု မတူတဲ့ အားသာချက်တွေတော့ရှိတယ်။ အဓိကအားသာချက်ကတော့ selfie နဲ့ ပတ်သက်ပြီးတော်တော်ကောင်းတယ်။

Q ဖုန်းကို တစ်နေ့တာမှာ ဘယ်လိုတွေ အသုံးပြုဖြစ်လဲ။

A : အဓိက ညီမတို့အနုပညာရှင်တွေအနေနဲ့ အလုပ်ကိစ္စအတွက်ဖုန်းပြောတယ်။Facebook သုံးတယ်။online ကနေ သတင်းတွေဖတ်တယ်။

Q IT ပစ္စည်းတွေမှာ ဘာတွေသုံးဖြစ်လဲ။

A : ipad သုံးတယ်။

ဖြေကြားပေးခဲ့တဲ့ အေးချမ်းမိုးကို ကျေးဇူးတင်ရှိပါတယ်။

%d bloggers like this: