Snapchat စတိုင် Live Video နဲ့ Message ပုံစံသစ်တွေကို Instagram ကြေငြာ

Instagram ဟာ Snapchat စတိုင် လုပ်ဆောင်ချက်တစ်မျိုးနဲ့ Live Video လုပ်ဆောင်ချက်ကို မနေ့က ထုတ်လုပ်လိုက်ပါတယ်။ အသုံးပြုသူတွေကို Stories ကင်မရာကနေတစ်ဆင့် Follower တွေထံ တိုက်ရိုက်ထုတ်လွှင့်မှုတွေကို ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် တခြား Live ဗီဒီယိုတွေနဲ့ မတူညီတာကတော့ Instagram ရဲ့ ဗီဒီယိုတွေဟာ ထုတ်လွှင့်လို့ ဗီဒီယိုဆုံးပြီးခဏကြာတာနဲ့ အလိုလိုပျောက်ပျက်သွားမှာ ဖြစ်ပြီး အကြာကြီးကြည့်ရှုလို့ရနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါကြောင့် Facebook ပိုင်ဆိုင်တဲ့ Instagram ဟာ Facebook ကိုယ်တိုင် ပြုလုပ်ထားပြီး ဒီနှစ်အစောပိုင်းမှာ ထွက်ခဲ့တဲ့ Facebook Live Video ဗားရှင်းနဲ့တော့ အနည်းငယ် ကွဲပြားနေမှာ ဖြစ်ပါတယ်။ Live လွှင့်တဲ့ လုပ်ဆောင်ချက်ကို ထွက်မယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ လကတည်းက သတင်းတွေ ထွက်ထားခဲ့တာဖြစ်ပြီး Instagram ရဲ့ ထုတ်ကုန်အကြီးအကဲဖြစ်သူ Kevin Weil ပြောကြားခဲ့တဲ့ Live လွှင့်ချင်ရင် “Go Insta!” လို့ခေါ်တဲ့ ခလုတ်ကို နှိပ်ရမယ်ဆိုတဲ့ သတင်းနဲ့တော့ အနည်းငယ် ကွဲပြားသွားခဲ့ပါတယ်။

Instagram Live ရဲ့ ထုတ်ကုန်မန်နေဂျာဖြစ်တဲ့ Shilpa Sarka က Live Video ဟာ လူငယ်တွေကို အချိန်တွေအတူတကွ ရှိနေစေဖို့ရည်ရွယ်ပြီး ပြုလုပ်ထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

instagram-live3

ကိုယ်က ထုတ်လွှင့်နိုင်သလိုပဲ Instagram ဟာ အသုံးပြုသူတွေကို ကိုယ် Follow မလုပ်ထားရင်တောင်မှ လူကြည့်များနေတဲ့ “top live” တွေကို ကိုယ့် Feed ရဲ့ အပေါ်ဘက်မှာ ဖော်ပြပေးနေမှာပါ။

Live Video လုပ်ဆောင်ချက်ကိုသာမက၊ နောက်ထပ်ထွက်လာတာကတော့ ကြီးကြီးမားမား ပြုလုပ်ထားတဲ့ Update တစ်ခုကတော့ ဒီဇိုင်းပြန်လည်ပြုပြင်ထားတဲ့ Instagram Direct ပဲဖြစ်ပါတယ်။ Instagram Direct ဟာဆိုရင်လည်း Snapchat စတိုင်၊ direct messaging app ပဲဖြစ်ပါတယ်။ ယခုအခါမှာ သင့်ရဲ့ တိုက်ရိုက် Messages တွေကို ပို့နိုင်မှာ ဖြစ်ပါတယ်။ Message တွေကို သင့်အနေနဲ့ Group တွေကို တစ်ခုစီ ပို့နိုင်ပြီး မကြာခင်မှာ ပြန်လည် ပျောက်ပျက်သွားမယ့် ပုံစံသစ်တစ်မျိုးကို ထည့်သွင်းထားတာပါ။ တကယ်လို့ တစ်ယောက်ယောက်က သင့် Message တွေ၊ ပုံတွေကို Screenshot အနေနဲ့ ရိုက်ယူသွားရင်လည်း App ကသင့်ကို ပြောမှာဖြစ်ပါတယ်။

instagram-live2

Live ဗီဒီယိုလွှင့်နေရင် Stories နေရာမှာ ပြနေတဲ့ အဆိုပါပုဂ္ဂိုလ်ရဲ့ Profile မှာ Live လွှင့်နေကြောင်း Noti တက်မှာဖြစ်ပြီး သင်က သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိလုပ်ဆောင်ချက်သစ်တွေကို အမေရိကန်ပြည်ထောင်စုမှာ ထုတ်လုပ်ထားပြီဖြစ်ပြီး မကြာခင်မှာ မြန်မာနိုင်ငံမှာ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ Instagram ကထုတ်လုပ်လိုက်တဲ့ Live Video နဲ့ ပတ်သက်ပြီး အောက်ပါဗီဒီယိုမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။

Ref: The Verge

Comments

comments

U Min Thant
U Min Thant is the nick name of Min Thant. He loves english language and translator life. At the past time he hasn't the experience of translation. He prefer writing about Technology and Sciences Technology Things. And his hobby is to watch movies and read books. So he wants to translate many Movies and Books too. In his free time, you'll find U Min Thant in front of the TV and polish his phone.
Top