0 Shares 59 Views

သေးငယ်သော iPhone 5se ကို လာမည့်မတ်လတွင်ထုတ်ပြန်ဖွယ်ရှိနေ

Apple အနေနဲ့ လာမယ့်မတ်လမှာ ပိုမိုသေးငယ်ပြီး ဈေးပေါတဲ့ အရင်ထွက်ခဲ့တဲ့ မော်ဒယ်တွေလိုမျိုး iPhone အသစ်တစ်မျိုးကိုထုတ်လုပ်ဖွယ် ရှိတယ်လို့ အစီရင်ခံစာ တစ်စောင်အရ သိရပါတယ်။ ‘iPhone 5se’ လို့အမည်ရှိမယ့် အဆိုပါစမတ်ဖုန်းမှာ အရင် iPhone 5 နဲ့ 5s မော်ဒယ်တွေလိုမျိုး မျက်နှာပြင်အကျယ်လေးလက်မရှိမှာ ဖြစ်ပြီး ကင်မရာ၊ Apple Pay နဲ့ သက်ဝင်ဓာတ်ပုံ (Live Photos) စတဲ့ အဆင့်မြှင့်တင်ထားတဲ့ အသစ်ပါဝင်လာမယ့် လုပ်ဆောင်ချက်တွေပါဝင်လာမှာ ဖြစ်ပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်က မျက်နှာပြင်အကျယ် ၄.၇လက်မနဲ့ ၅.၅လက်မ ရှိတဲ့ iPhone 6 နဲ့ iPhone 6Plus တို့ကို စတင်ထုတ်လုပ်ခဲ့ပြီးနောက်ပိုင်းမှာ မျက်နှာပြင်သေးငယ်တဲ့ ဖုန်းထုတ်လုပ်မယ့် အကြောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာဖြစ်ပါတယ်။ iPhone သုံးစွဲသူသန်းပေါင်းများစွာဟာ ယခုထိ iPhone မော်ဒယ်အဟောင်းတွေကို ယခုအချိန်ထိအသုံးပြုနေကြဆဲဖြစ်ပြီး Apple ရဲ့လွန်ခဲ့တဲ့ နှစ်နှစ်ခွဲလောက်ကတည်းက ထုတ်လုပ်ခဲ့တဲ့ iPhone 5s ကို လက်ရှိအချိန်ထိ ရောင်းချနေရဆဲဖြစ်ကြောင်းသိရပါတယ်။

အဲ့ဒီအပြင် သုံးစွဲသူတွေအနေနဲ့ အရင် iPhone ဒီဇိုင်းတွေအတိုင်း နောက်ထပ်ဖုန်းတွေထပ်မံထုတ်လုပ်ဖို့အတွက် အကြံပြုထားကြပြီး Apple ကလက်ခံတဲ့အနေနဲ့ အခုလိုမျိုး စခရင်သေးဖုန်းတွေထပ်မံထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လေ့လာချက်တွေအရ iPhone ရဲ့ မော်ဒယ်ဒီဇိုင်းအဟောင်းကိုကြိုက်နှစ်သက်သူတွေ တော်တော်များများရှိတယ်လို့ ဆိုပါတယ်။

Apple ဟာယခင်က တန်ဖိုးနည်းဖုန်းတွေကို ရောင်းချဖို့အတွက် ဖိအားပေးခံခဲ့ရပြီး ပလက်စတစ်နဲ့ပြုလုပ်ထားပြီး လက်ဗွေလုံခြုံရေးစနစ် (Touch ID) မပါဝင်တဲ့ iPhone 5c ကိုထုတ်လုပ်ကာ တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းဟာ ကြီးမားတဲ့အောင်မြင်မှုမရရှိခဲ့လို့ Apple က နောက်ထပ် ‘c’ မော်ဒယ်တွေကို နောက်ပိုင်းနှစ်တွေမှာ ထပ်မံမထုတ်လုပ်ခဲ့ပါဘူး။

Apple ဟာ အသစ်ထွက်မယ့်ဖုန်းကို iPhone 5c နဲ့ နှိုင်းယှဉ်ခြင်းကို ရှောင်လွဲလိုတာကြောင့်လဲ ‘6c’ လို့နာမည်မပေးပဲ ‘5se’ လို့နာမည်ပေးခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲ့ဒီအစီရင်ခံစာမှာ 5se က ‘se’ ရဲ့ အဓိပ္ပာယ်ဟာ “Special Edition” (အထူးပြင်ဆင်ခြင်း) ဒါမှမဟုတ် iPhone 5s ကို “Enhanced” (တိုးမြှင့်ခြင်း) လုပ်ထားလို့ ခေါ်ထားတာဖြစ်နိုင်ကြောင်းရေးထားပါတယ်။ ထိုအစီရင်ခံစာအရ အဲ့ဒီစမတ်ဖုန်းကို မတ်လမှာထုတ်ပြန်ဖွယ်ရှိပြီး မတ်လကုန်ဒါမှမဟုတ် ဧပြီလမှာ စတင်ရောင်းချမှာဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေအရ iPhone 5se ဟာ iPhone 6 နဲ့ 6s မော်ဒယ်တွေလိုမျိုး ပုံစံတူအနားသတ်တွေရှိမှာဖြစ်ပါတယ်။ ပါဝါခလုတ်ကိုတော့ ဖုန်းအပေါ်ဘက်မှာထက်စာရင် ဖုန်းရဲ့ညာဘက်ခြမ်းမှာ ထားမှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာ 8-megapixel နဲ့ ရှေ့မျက်နှာကင်မရာ 1.2-megapixel ပါရှိမှာဖြစ်လို့ iPhone 6 နဲ့ အတူတူပဲဖြစ်ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက Apple Watch ကိုထုတ်လုပ်ခဲ့ပြီး ဒီနှစ်မှာလည်း နောက်ထပ်နာရီတစ်မျိုးကိုထုတ်လုပ်ဖို့အတွက် သတင်းတွေလည်းထွက်ပေါ်ထားပါတယ်။

Tim Cook, chief executive officer of Apple Inc., unveils the Apple Watch during a product announcement at Flint Center in Cupertino, California, U.S., on Tuesday, Sept. 9, 2014. Apple Inc. unveiled redesigned iPhones with bigger screens, overhauling its top-selling product in an event that gives the clearest sign yet of the company's product direction under Cook. Photographer: David Paul Morris/Bloomberg *** Local Caption *** Tim Cook

Ref: Telegraph

 

 

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
151 shares57 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category