ကမ္ဘာလှည့် ခရီးသွားများအတွက် ဈေးနှုန်းအသက်သာဆုံး SIM ကတ်ကို တယ်လီနော မိတ်ဆက် 

တယ်လီနောမြန်မာက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ကမ္ဘာ့လှည့် ခရီးသွားများအတွက် ဈေးနှုန်းအသက်သာဆုံး SIM ကတ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံတကာ ခရီးသွားတွေ အာရုံစိုက်လာတဲ့ နေရာတစ်ခုဖြစ်လာတဲ့အပြင်  ပွင့်လင်းရာသီတွေမှာ နိုင်ငံတွင်း ဝင်ရောက် လာတဲ့ ခရီးသွားဦးရေ များပြားလာနေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်က  ကမ္ဘာလှည့်ခရီးသွးာတွေ ဒီမှာ နေထိုင်စဉ် သူတို့ရဲ့ သူငယ်ချင်း၊ မိသားစုတွေနဲ့ အချိန်တိုင်း လွယ်ကူ စိတ်ချစွာ ဆက်သွယ်မှု ရှိနေစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါအပြင် ဒီ ဆင်းကတ်က အသုံးပြုသူ သုံးစွဲလိုက်ရတဲ့ ငွေပမာဏထက် ပိုမိုရရှိမယ့် ဝန်ဆောင်မှုမျိုးကို ပေးထားတာဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ အတွက် မြန်မာနိုင်ငံမှာ ဈေးအသက်သာဆုံး အစီအစဉ်ကို  ဝန်ဆောင်မှုပေးနိုင်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။” ဆိုပြီး တယ်လီနော မြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် ဖြစ်သူ Joslin E Myrthong က ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး  “ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးနဲ့ အမြန်ဆန်ဆုံး အင်တာနက်ကွန်ရက်ကို ပိုင်ဆိုင်ထားပြီး နိုင်ငံ တစ်ဝန်းမှာ တာဝါတိုင်ပေါင်း ၆၈၀၀ ကျော်ကို တည်ဆောက်ထားပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းကနေရာ အများစုမှာ ကောင်းမွန်တဲ့ အင်တာနက် ဝန်ဆောင်မှုကို ပေးအပ်နိုင်နေတာ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့တယ်လို့ သိရပါတယ်။

ယခု ဆင်းကတ်တွင် 5 GB စမတ်အင်တာနက်သုံးစွဲခွင့်၊ မည်သည့်ပြည်တွင်းအော်ပရေတာကိုမဆို မိနစ် ၅၀ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်သုံးမှုအတွက် ဖုန်းဘေလ် ၁,၅၀၀ ကျပ်၊ တို့အပြင် အခမဲ့ ဖုန်းအဝင်လက်ခံခွင့်နှင့် SMS လက်ခံခွင့် တို့ ပါဝင်မှာဖြစ်ပြီး ဆင်းကတ်ကို ပထမဦးဆုံး ဖုန်းခေါ်ဆိုမှု ပြုလုပ်ပြီးနောက် သက်တမ်းအဖြစ် ၁၄ ရက်အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

၁၄ ရက်ကျော် ပြီး အသုံးပြုနိုုင်တဲ့ ကာလကျော်လွန်သွားတဲ့အခါ (သို့မဟုတ်) ဖုန်းထဲရှိထည့်ထားထားတဲ့ ငွေပမာဏ ကုန်သွားတဲ့အခါ ရက်(၃၀) အတွင်း ထပ်မံငွေဖြည့်ပါက ပုံမှန် ဆင်းကတ်အတိုင်း ပြန်လည်အသုံးဖြစ်ပြီး “ကြိုသုံး” ကလွဲလို့ အခြား ဝန်ဆောင်မှုအားလုံးကို အသုံးနိုင်မှာဖြစ်ပါတယ်။ ဆင်းကတ်ရဲ့ ဈေးနှုန်းကတော့ (၁၅၀၀၀) ကျပ်ဖြစ်ပြီး လေဆိပ်များ၊ ဟိုတယ်များ၊ ခရီသွားဝန်ဆောင်မှုလုပ်ငန်းများနဲ့ တယ်လီနော အမှတ်တံဆိပ်ဆိုင်များမှာဝယ်ယူ နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

%d bloggers like this: