မောင်းသူမဲ့ကားရဲ့ မြင်ကွင်းတွက်ချက်ပုံအသေးစိတ်ကို Tesla ဖော်ပြ(Video)

Self-driving ကားတွေဟာ လူမပါဘဲမောင်းနှင်နိုင်ဖို့အတွက် လမ်းပေါ်က အရာတွေကို ဘယ်လိုမြင်ရတယ်၊ အကွာအဝေးကို ဘယ်လိုတွက်ချက်တယ်ဆိုတာကို Telsa က အသေးစိတ်ဖော်ပြလိုက်ပါတယ်။

Tesla အနေနဲ့ ပြီးခဲ့တဲ့ ၎င်းတို့ရဲ့ ထပ်မံထုတ်လုပ်မဲ့ကားအသစ်တွေဟာ မောင်းသူမဲ့ စနစ်နဲ့ပဲ ထွက်ရှိလာမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလ အတွင်းက မိတ်ဆက်ကြေညာခဲ့ပြီး အခုအချိန်မှာတော့ မောင်းသူမဲ့ကားတွေမောင်းနှင်တဲ့အခါ လမ်းပေါ်ကအရာတွေကို ကားက ဘယ်လိုမြင်တယ်၊ ဘယ်လို မောင်းနှင်တယ်ဆိုတာကို အသေးစိတ်ဖော်ပြတဲ့ video တစ်ခုကို ထပ်မံ မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

ပြသလိုက်တဲ့ video မှာတော့ driver နေရာမှာ  လူတစ်ယောက်ထိုင်နေပြီး ထိုင်နေတာကလည်း ဥပဒေအရ လိုအပ်တဲ့ အတွက်သာဖြစ်ပါတယ်။ မောင်းနှင်နေစဉ်မှာ လမ်းပေါ်က ကားအသွားအလာတွေ၊ မီးပွိုင့်တွေ နဲ့ လမ်းရဲ့ အခြေအနေကို ကားက အလိုအလျောက် သိရှိနားလည်မှာဖြစ်ပြီး လိုရာခရီးကိုရောက်တဲ့အခါမှာ လည်း အလိုလျောက် ပါကင်ထိုးကာ ရပ်နားမှာဖြစ်ပါတယ်။ လူက အေးအေးဆေးဆေး ထိုင်နေရုံပါပဲ။

Video ထဲမှာကတော့ ဘယ်ဘက်ခြမ်းအနောက်ဘက်က လာနေတဲ့ကားတွေကို တွေ့မြင်နိုင်တဲ့ left rear camera view ၊ အနေ့ဘက်ကို တည့်တည့်မြင်နိုင်မယ့် mid range camera view နဲ့ ညာဘက်ခြမ်း အနောက်ဘက်က လာနေတဲ့ ကားတွေကို တွေ့မြင်နိုင်တဲ့ right rear camera view တွေကို ပြသထားတာ ဖြစ်ပါတယ်။

Ref: theverge

%d bloggers like this: