0 Shares 21 Views

လက်ဗွေရာဖတ်စနစ် ပါဝင်တဲ့ Lenovo K5 Note စမတ်ဖုန်းအသစ်ကို တရုတ်မှာ စတင်ဖြန့်ချိ

Jan 26, 2016
0 21

Vibe K4 Note စမတ်ဖုန်းကို ထုတ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာပဲ Lenovo ဟာ K5 Note စမတ်ဖုန်းအသစ်ကို တရုတ်မှာ စတင်ဖြန့်ချိလိုက်ပါတယ်။ တရုတ်ယွမ်ငွေ ၁၀၉၉ (မြန်မာငွေ နှစ်သိန်းနှစ်သောင်းခန့်) ရှိပြီး တရုတ်နိုင်ငံအတွင်းမှာပဲ ၀ယ်ယူရရှိဦးမှာ ဖြစ်ပါတယ်။

Vibe K5 Note ဖုန်းမှာ လက်ဗွေရာစနစ်ပါဝင်လာပြီး သတ္တုကိုယ်ထည်နဲ့ဖြစ်ပါတယ်။ ၅.၅ လက်မအရွယ် Full HD ရုပ်ထွက်အပြည့် ပေးစွမ်းနိုင်တဲ့မျက်နှာပြင်က အကောင်းမွန်ဆုံးပုံရိပ်တွေကို ပေးစွမ်းနိုင်မှာပါ။

စွမ်းဆောင်ရည်မြင့် 64-bit octa-core Helio P10 ပရိုဆက်ဆာကိုအသုံးပြုထားပြီး RAM 2GB ၊ အတွင်းပိုင်းသိုလှောင်နိုင်မှု 16 GB တို့ ပါရှိပါတယ်။ 128 GB အထိ microSD ကတ်ထပ်စိုက်ကာလည်း သုံးနိုင်ပါသေးတယ်။

ကျောကင်မရာက 13 MP ရှိတာကြောင့် ဓာတ်ပုံရိုက်ကူးရာမှာကောင်းမွန်တဲ့ပုံရိပ်တွေကို ပေးစွမ်းနိုင်သလို၊ ရှေ့ကင်မရာကလည်း 8MP တောင်ရှိတာကြောင့် selfie သမားတွေအတွက်တော့ အကြိုက်တွေ့စေမယ့်ဖုန်းတစ်လုံးပါ။

အားအမြန်သွင်းစနစ်ပါဝင်တဲ့ 3500mAh ဘက်ထရီပါဝင်လာပြီ၊ Android 5.1 Lollipop စနစ်ဖြစ်ပါတယ်။ SIM နှစ်ကတ် ထည့်သုံးစွဲနိုင်ပြီး၊ 4G LTE ချိတ်ဆက်နိုင်ပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ Dolby Almos ပတ်လည်အသံပြေးစနစ်ကိုအသုံးပြုထားပြီး၊ ၁.၅၀ပ်အားရှိတဲ့ စပီကာပါ ကျောဘက်မှာ ပါရှိတာကြောင့် သီချင်းဖွင့်၊ရုပ်ရှင်ကြည့်တာတွေအတွက် တော်တော်အဆင်ပြေမှာပါ။

ဈေးကွက်စတင်တင်ချင်းတစ်ပတ်အတွင်းမှာ ၁၆၇ ဒေါ်လာခန့်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပေမယ့်၊ နောက်ပိုင်းမှာတော့ ဈေးနှုန်းအပြောင်းအလဲရှိနိုင်ပါတယ်။

Ref: GSM Arena

 

You may be interested

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်
NEWS, Tech Update
446 shares144 views

သိပ္ပံပညာရှင်များက ဂြိုလ်သားများ ရှာဖွေနိုင်တဲ့ မှန်ဘီလူးကို တီထွင်

Ko Thuya - Jul 23, 2017

ကယ်လီဖိုးနီးယား နည်းပညာ တက္ကသိုလ်မှ သုတေသနပညာရှင်များက အာကာသရှိ ဂြိုလ်များမှ သက်ရှိများကို ရှာဖွေနိုင်တဲ့ မှန်ဘီလူး နည်းပညာကို တီထွင်လိုက်ပါတယ်။ အဲဒီ မှန်ဘီလူးကို Digital Holographic Microscope လို့ အမည်ပေးထားပါတယ်။ နာဆာက ၁၉၇၆ ခုနှစ်မှာ Viking Space…

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု
NEWS, Science, Softwares & Application
125 shares48 views

သိပ္ပံပညာရှင်များက လူရဲ့ စိတ်ကို ဖတ်ဖို့ ၀ိုင်ဖိုင်ကို အသုံးပြု

Ko Thuya - Jul 23, 2017

MIT မှ သိပ္ပံပညာရှင်များက လူရဲ့ စိတ်ခံစားမှုများကို သိဖို့ ၀ိုင်ဖိုင်နဲ့ ဥာဏ်ရည်တု နည်းပညာကို အသုံးပြုနေပါတယ်။ လူများထံ RF Signals များကို စေလွှတ်ခြင်းဖြင့် ပညာရှင်များက နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ Algorithm ကို ဖန်တီးခဲ့ကြပါတယ်။ RF Emitter…

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ
Mobiles & Tablets, NEWS
360 shares151 views

ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ

Ko Thuya - Jul 23, 2017

စွမ်းဆောင်ရည်မြင့် Nokia 8 ရဲ့ သတင်းအချက်အလက်များဟာ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပါတယ်။ အခုလည်း ရွှေ ကော့ပါး အရောင် Nokia 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာပါတယ်။ ဓါတ်ပုံမှာ ဖွင့်ထားတဲ့ စကရင်၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့…

Most from this category