ဖေဖော်ဝါရီ မှာ သုံးစွဲရမယ့် နိုကီယာ ရဲ့ အလန်းစား စမတ်ဖုန်းသစ်

မိုဘိုင်းဖုန်းလောက ရဲ့ စွန့်ဦးတီထွင်သူ တစ်ဦးအဖြစ် ပရိသတ်အခိုင်အမာ နေရာရခဲ့တဲ့ Nokia ဟာ လာမည့် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ မှာ အလန်းစားစတိုင်နဲ့ Touch Screen မျက်နှာပြင် ဖုန်းကို ပရိသတ်ကို ချပြဖို့ ရှိနေပါတယ်။
.
နိုကီယာ ရဲ့ အဲဒီ စမတ်ဖုန်းကို MWC 2017 (Mobile World Congress) မှာ ပြသသွားမှာ ဖြစ်ပြီး အဲဒီပြပွဲအပြီးမှာ ဈေးကွက်ကို တင်ရောင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ နိုကီယာ ရဲ့ တာဝန်ရှိသူတွေက ကြော်ငြာပါတယ်။ နိုကီယာ ဟာ ယခင်က keypad ဖုန်းတွေကို သာ အစဉ်တစိုက် ထုတ်လုပ်ခဲ့ပေမယ့် မိုက်ကရိုဆော့ဖ် ကုမ္ပဏီ က ဝယ်ယူပြီး နောက်ပိုင်းမှာတော့ Android OS အခြေပြု စမတ်ဖုန်းတွေကို ကြိုကြား ဆိုသလို ထုတ်လုပ်လာခဲ့ရာကနေ အခု ရောင်းချမယ့် စမတ်ဖုန်းမှာ Nokia Android Nougat စမတ်ဖုန်းတွေကနေတဆင့် မိုဘိုင်းဖုန်းလောကမှာ ဘုရင်တစ်ဆူ ပြန်ဖြစ်ဖို့ ကြိုးစားသွားဖွယ်ရာ ရှိနေပါတယ်။
jyunwfeeqr36oimwhyza3n-970-80
.
Nokia Andriod Nougat တွေဟာ မျက်နှာပြင် ၅.၅ လက်မ နဲ့ ၅.၂ လက်မ ဆိုပြီး အမျိုးအစား နှစ်မျိုး ထုတ်လုပ်ထားပြီး 1.4 Ghz Qualcomm Snapdragon 430CPU ကို 3Gb RAM နဲ့ သုံးစွဲထားပါတယ်။ 16Gb ဒါမှမဟုတ် 32Gb သိုလှောင်နိုင်စွမ်း နှစ်မျိုး ရရှိနိုင်ပြီး ကင်မရာပိုင်း က 16Megpixel ရှိမယ် လို့ ဆိုပါတယ်။
.
ဖုန်းကိုယ်ထည်တစ်ခု လုံး ကို Metallic နဲ့ တည်ဆောက်ထားပြီး နိုကီယာ ရဲ့ ဟန်ပန်အတိုင်း လိုင်းဆွဲအား ကောင်းမွန်ဖို့ အတွက် ကို ရာနှုန်းပြည့် အာမခံထားပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ် က သတင်းထွက်ပေါ်တဲ့ အဲဒီဖုန်းကို  နိုကီယာ ဟာ D1C  စီးရီး အနေဖြင့် သတ်မှတ်ထားပြီ: HTC တက်ဘလက်တွေလိုမျိုး လှပတဲ့ ဒီဇိုင်းအသွင်အပြင်တွေကို Leaked Image တွေ အနေနဲ့ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။

Ref : T3

%d bloggers like this: