Telenor က “ဆင်းကတ်မှတ်ပုံတင်နေ့များ”ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ကျင်းပသွားမည်

တယ်လီနောမြန်မာလီမိတက် မှ အပတ်စဉ်၊ လစဉ် ‘ဆင်းကတ် မှတ်ပုံတင်နေ့များ’ ကို နိုင်ငံအနှံ့ စတင်နေပြီဖြစ်ပြီး မှတ်ပုံတင်ခြင်းကြောင့်ရရှိမယ့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ချက်ခြင်းထိုနေရာတွင်ပင် မှတ်ပုံတင်နိုင်ရန် ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

“သုံးစွဲသူတွေအနေနဲ့ မိမိအဆင်ပြေတဲ့အချိန်မှာ ဆင်းကတ်တွေကို အလွယ်တကူ မှတ်ပုံတင်လိုအွန်လိုင်းချန်နယ် တွေရယ် လူကိုယ်တိုင်သွားပြီး မှတ်ပုံတင်လို့ရမယ့် ဆိုင်တွေကိုပါစီစဉ်ထားပါတယ်။ ဆင်းကတ်မှတ်ပုံတင်ခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတွေကို အပြည့်အဝခံစားနိုင်ဖို့အတွက်အခုလို ‘ဆင်းကတ်မှတ်ပုံတင်နေ့’တွေကို စီစဉ် ဆောင်ရွက် တာ ဖြစ်ပါတယ်” လို့ တယ်လီနောရဲ့ ဈေးကွက်ဖော်ဆောင်ရေး အမှုဆောင်အရာရှိချုပ် Joslin E Myrthong က ပြောကြားခဲ့ပါတယ်။

 “ဆင်းကတ်မှတ်ပုံတင်ထားမယ်ဆိုရင် သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းကနေ တစ်ဆင့် ဆောင်ရွက်နိုင်တဲ့ ငွေရေး ကြေးရေး ဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပြီး ဆင်းကတ်ပျောက်ဆုံးတာ ဒါမှမဟုတ် ဝန်ဆောင်မှု ဆိုင်ရာပြဿ      နာ တွေ ရှိလာရင် ဖြေရှင်းနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။”

‘ဆင်းကတ်မှတ်ပုံတင်နေ့များ’ကို မြန်မာနိုင်ငံအတွင်းက မြို့ကြီးများအပြကင် တယ်လီနောဝန်ဆောင်မှု ရရှိသည့် အခြား မြို့ငယ်များနှင့် ကျေးရွာများအထိ တိုးချဲ့ ပြုလုပ် သွားမှာဖြစ်တယ်လို့သိရပါတယ်။

%d bloggers like this: