0 Shares 12 Views

VR စတူဒီယိုတစ်ခုကို New York မြို့မှာ Samsung ဖွင့်လှစ်သွားမည်

Jan 26, 2016
0 12

၂၀၁၆ ခုနှစ်မှာ VR headset တွေအပြိုင်အဆိုင်ထွက်ပေါ်လာပြီး သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ VR ခေါင်းစွပ်စက် တွေကို လူတွေ တကယ်သုံးနိုင်စေဖို့အတွက် VR နည်းပညာနဲ့ကိုက်ညီတဲ့ ဗီဒီယိုတွေ၊ဂိမ်းတွေ အများအပြားလိုအပ်လျက်ရှိပါတယ်။

အခုအခါမှာတော့ Samsung ဟာ ကုမ္ပဏီရဲ့ Gear VR headset အတွက် New York မြို့မှာ VR စတူဒီယိုတစ်ခု ကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။

ယခုစတူဒီယိုကို New York မြို့က Samsung မားကတ်တင်းဌာနအခြေစိုက်ရာ ရုံးမှာပဲ ဖွင့်လှစ်သွားမှာဖြစ်ပြီး ရုပ်ရှင်နည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Sundance Institute နဲ့ပူးပေါင်းကာ VR headset နဲ့ ကြည့်နိုင်တဲ့ ဗီဒီယိုတွေ၊ဂိမ်းတွေကို ဖန်တီးသွားမှာဖြစ်ပါတယ်။

Samsung ဟာ Sundace အဖွဲ့ကပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်မှာလည်း ဟာသသရုပ်ဆောင် Rob Heubel နဲ့ Paul Scheer တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကမ္ဘာ့ပထမဆုံး VR ဟာသဗီဒီယိုအပိုင်းတစ်ခုကိုပြသခဲ့ပါသေးတယ်။

ကြည့်ရှုသူတွေအနေနဲ့ အဆိုပါဗီဒီယိုကို Samsung ရဲ့ Gear VR headset တွေ ၀တ်ဆင်ကြည့်ရှုကာ နှစ်ခြိုက်အားပေးခဲ့ကြပါတယ်။

သရုပ်ဆောင် Heubel ကတော့ VR နည်းပညာဟာ လူတွေကို စိတ်လှုပ်ရှားမှုတွေပေးစွမ်းဖို့အတွက် ပျော်စရာအကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်တယ်လို့ အဆိုပါပွဲတော်မှာ ပြောကြားခဲ့ပါတယ်။

နှစ်အတန်ငယ်ကြာ နည်းပညာနယ်ပယ်ထဲမှာသာ လည်ပတ်ခဲ့ရတဲ့ VR (တကယ်ဖြစ်ပျက်နေသယောင် ခံစားမြင်တွေ့စေရမယ့်) နည်းပညာဟာ ယခုအခါမှာတော့ သုံးစွဲသူဈေးကွက်ထဲကို စတင်ထိုးဖောက်ဝင်ရောက်နေပါပြီ။ Samsung နဲ့ Facebook က ပိုင်ဆိုင်တဲ့ Oculus VR ကုမ္ပဏီတို့ဟာ လက်ရှိမှာ အပြင်းထန်ဆုံးပြိုင်ဘက်တွေအဖြစ် တည်ရှိနေပါတယ်။

Ref: Android Community

 

You may be interested

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း
ASUS, FEATURES, HUBS
0 shares0 views

Asus ZenBook 3 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - Feb 21, 2018

Asus ZenBook 3 ဟာ ZenBook များရဲ့ မျိုးဆက်သစ်ဖြစ်ပြီး Mobile Computing နယ်ပယ်ရဲ့ ရှေ့ခြေတစ်လှမ်းတိုးလာနိုင်တဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ ဒီဇိုင်းအပိုင်းကို ပြင်ဆင်ဆန်းသစ်ထားပြီး အကောင်းဆုံး ZenBook ဖြစ်ပါတယ်။ ယခင်မျိုးဆက်များထက် ပိုမိုပေါ့ပါးပြီး ပါးလွှာလာပါတယ်။ ပိုမိုမာကျောပြီး စွမ်းရည်မြင့်လာပါတယ်။…

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ
Mobiles & Tablets, NEWS, Sony
144 shares41 views

Sony Xperia XZ2 နဲ့ XZ2 Compact တိုရဲ့ စိတ်ဝင်စားစရာ specification လေးတွေ

Ko Thuya - Feb 21, 2018

[Unicode] အခုဆို Sony Xperia XZ2 နဲ့ XZ2 Compact တို့ရဲ့ specification လေးတွေ သတင်းထွက်လာပါပြီး ဆွီဒင်နိုင်ငံက Android ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Swedroid ကနေထွက်လာခဲ့တာဖြစ်ပြီး ဒီဖုန်းတွေထွက်ဖို့လည်း ရက်ပိုင်းလောက်ပဲလိုတော့တာပါ။ ဟန်းဆက် ၂မျိုးလုံးမှာ Snapdragon 845…

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း
Camera, Local News
67 shares11 views

Fujifilm ရဲ့ ကင်မရာအသစ် ၃မျိုးကိုမြန်မာနိုင်ငံဈေးကွက်အတွင်းတင်သွင်း

Nwe Oo Thant - Feb 21, 2018

[Zawgyi] ဓာတ်ပုံပိုင်းနဲ့ကင်မရာပိုင်းမှာ ဟိုးအရင်ကတည်းက နာမည်ကြီးခဲ့တဲ့ ဂျပန်ကုမ္ပဏီကတော့ Fujifilm ပါ။ အခုလည်း သူ့ရဲ့ X စီးရီးထုတ်ကုန်သစ် X-A5 နဲ့ X-H1, XP စီးရီးရဲ့ထုတ်ကုန်သစ် XP-130 တွေ မြန်မာနိုင်ငံဈေးကွက်ထဲရောက်လာပါပြီ။ ဒီမော်ဒယ်လ် ၃မျိုးထဲမှာမှ X-series ရဲ့…

Most from this category