ဖုန်းကခိုင်းတဲ့မျက်နှာအမူအရာအတိုင်း selfie ရိုက်နိုင်မှ နှိုးစက်ပိတ်ပေးမယ့် app တစ်ခုကို Microsoft ထုတ်လုပ်

လူအများစုဟာ မနက်နှိုးစက်ပေးတဲ့အခါ သာယာတဲ့တီးလုံးသံလေးတွေ ဒါမှမဟုတ် မနိုးနိုးအောင် ဆူဆူညံညံအသံတွေပေးတတ်ကြပါတယ်။ ဒါတောင် နှိုးစက်ကို ပိတ်ပြီး ပြန်အိပ်တတ်သူတွေက များလွန်းတာကြောင့် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး Micorsoft ကိုယ်တိုင် နှိုးစက် app တစ်ခုကို ရေးဆွဲထုတ်လုပ်လိုက်ပါပြီ။

Microsoft Project Oxford က ထုတ်တဲ့ Mimicker Alarm ဟာ Android သုံး app တစ်ခုဖြစ်ပြီး နှိုးစက်မြည်တဲ့အခါမှာ လုံးဝပြန်အိပ်မပျော်သွားစေဖို့အတွက် သူပေးထားတဲ့ဂိမ်းသုံးမျိုးထဲက တစ်ခုကိုကစားပေးရမှာဖြစ်ပါတယ်။ ပေးထားတဲ့အချိန်အတွင်း မကစားနိုင်ဘူးဆိုရင် သင်အိပ်ပျော်နေတယ်လို့စက်က မှတ်ယူပြီး နှိုးစက်အသံကို ပိတ်ပေးမှာမဟုတ်ပါဘူး။

ပထမဂိမ်းကတော့ app က ဖော်ပြတဲ့ မျက်နှာအမူအရာပုံစံအတိုင်း selfie ရိုက်ပေးရမှာဖြစ်ပါတယ်။ ဒီဂိမ်းကိုမကစားချင်ရင်တော့ app က ပေးတဲ့အရောင်နဲ့တူတဲ့ အရာဝတ္ထုတစ်ခုကို လိုက်ရှာပြီးဓာတ်ပုံရိုက်ပေးရမှာဖြစ်ပါတယ်။

ဒီနှစ်ခုလုံး မကစားချင်ရင်တော့ ” how much wood chould a woodchuck chuck if a woodchuck could chuck wood?” စတဲ့ လျှာလိပ်မတတ်စကားလုံးတွေကို မှန်အောင်ပြောပေးရမှာဖြစ်ပါတယ်။  ဒီဂိမ်းသုံးခုထဲက တစ်ခုကို စက္ကန့် ၃၀ အတွင်း နိုင်အောင်ကစားနိုင်မှ နှိုးစက်က ရပ်တန့်သွားမှာပါ။

” alarm မြည်တဲ့အခါ ခဏမှေးမလား၊ နှိုးစက်ပိတ်မလားဆိုပြီး ရွေးနိုင်ပါတယ်။ ခဏမှေးမယ်ဆိုရင်တော့ ငါးမိနစ်ထပ်စောင့်ပြီးမှဂိမ်းကို ကစားရမှာပါ။ နှိုးစက်ပိတ်မယ်ဆိုရင်တော့ alarm သံကိုခဏပိတ်ပေးထားပြီး စက္ကန့် ၃၀ အတွင်း ဒီစိန်ခေါ်မှုသုံးခုထဲက တစ်ခုကို အပြီးကစားပေးရမှာပါ။ မပြီးလို့ ရှိရင်တော့၊ သင်ပြန်အိပ်ပျော်သွားပြီလို့ ယူဆပြီး မနိုးမချင်း နှိုးစက်အော်နေမှာဖြစ်ပါတယ်”
လို့  ယခု app ကိုရေးဆွဲခဲ့တဲ့ Microsoft Project Oxford က ပရိုဂရမ်မန်နေဂျာ Allison Light က ရှင်းပြပါတယ်။

ယခုအချိန်မှာ Mimicker Alarm ကို Android စနစ်သုံးစက်တွေအတွက်သာ ရရှိသေးပြီး အောက်ပါ Google Play Store လင့်ခ်ကနေ သွားရောက်ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.microsoft.mimickeralarm

8e9701cfa257c14d027ad1375de4b276c5fee7a6.png.cf
Ref: Metro, Yahoo

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
0 shares0 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
124 shares41 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category