Messenger က emoji တွေကို iOS system emoji တွေနဲ့ ဘယ်လိုအစားထိုးမလဲ

Facebook messenger မှာ ကိုယ်ပိုင် emoji တွေပါဝင်တဲ့အတွက် Messages လိုမျိုး standard iOS apps တွေမှာ ပါဝင်တဲ့ emoji တွေ နဲ့ ဒီဇိုင်းပုံစံ အတော်လေး ကွဲပြားပါတယ်။ iOS ရဲ့ default emoji တွေကိုမှ ကြိုက်နှစ် သက်တဲ့ iOS user တွေအတွက် Facebook Messenger ထဲက emoji တွေကို iOS ရဲ့default emoji တွေနဲ့ အစားထိုးနည်း ကိုဖော်ပြပေးလိုက်ပါတယ်။

Messenger ရဲ့ system emoji တွေကို ပြောင်းလဲသတ်မှတ်ဖို့အတွက် ပထမဦးဆုံး Messenger app ရဲ့ setting ထဲမှာ(iOS setting ထဲမှာမဟုတ်ပါဘူး) ပြောင်းလဲမှုအနည်းငယ်ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Messerger ကိုအရင်ဖွင့်လိုက်ပါ။

325x292x01_tapping_messenger-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-ijnqvatyam

ပြီးရင် ညာဘက် အောက်ထောင့်က “Me” ဆိုတဲ့ icon လေးကို နှိပ်ပါ။

325x281x02_tapping_me-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-7-cl4pcovi

“Photos, Videos & Emoji” ကို နှိပ်ပါ။

325x465x03_photos_videos_and_emoji-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-xcjg325l66

Messenger Emoji ဘေးက slider button လေး စိမ်းနေတာကို ပိတ်ပေးလိုက်ပါ။ ဒါဆိုရင် Messenger Emoji တွေ မပေါ်တော့ဘဲ iOS ရဲ့ default emoji တွေကို အသုံးပြုလို့ရပြီဖြစ်ပါတယ်။

ပြောင်းလဲမှုက ချက်ချင်းအသက်မဝင်သေးရင် Messenger app ကို ပြန်ထွက်ပြီး ပြန်ဝင်လိုက်ပါ။

325x424x06_system_emoji-png-pagespeed-gpjpjwpjjsrjrprwricpmd-ic-7wkxfakhco

Ref: Howtogeek

%d bloggers like this: