SIM ကတ်မှတ်ပုံတင်ခြင်းများပြုလုပ်နိုင်ရန်MPT နှင့်CB Bank တို့လက်တွဲဆောင်ရွက်

MPT နဲ့ CB Bank တို့ပူးပေါင်းပြီး မြန်မာတစ်ဝှမ်းက CB Bank ခွဲတွေမှာ ဆင်းကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းများကို ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၁၆ရက်မှစတင်ဆောင်ရွက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားချက်များအရ ဆင်းမ်ကတ်အားလုံးကို ၂၀၁၇ခုနှစ်၊မတ်လနောက်ဆုံးထားပြီး မှတ်ပုံတင်ရမှာဖြစ်တဲ့အတွက် MPT အနေနဲ့ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း လုပ်ငန်းများပိုမိုအဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်စေဖို့ မိတ်ဖက်အဖွဲ့အစည်း  CB Bank နဲ့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို CB Bank မှပထမဆုံးဘဏ်အဖြစ် လက်ခံေဆောင်ရွက်ပေးခြင်းဖြစ်ပြီး သုံးစွဲသူများ အနေနဲ့ မိမိတို့ရဲ့ဆင်းမ်ကတ်များကို လွယ်ကူချောမွေ့စွာ မှတ်ပုံတင်နိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာCB Bank ခွဲပေါင်း ၂၄ ခုမှာသာ မှတ်ပုံတင်နိုင်မှာပြီး ကျန်ရှိတဲ့ဘဏ်ခွဲတွေမှာပါ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါတယ်။ သတ်မှတ်ထတဲ့CB Bank ဘဏ်ခွဲတွေမှာ sim card Register ပြုလုပ်ပြီး Bank Account ဖွင့်ရင်း CB Bank ပေးမယ့် MPT ငွေဖြည့်ကဒ်လက်ဆောင်များကိုလည်း ရယူပြီလိုသိရပါတယ်

%d bloggers like this: