Samsung Galaxy S8 ဖုန်းမှာ Pressure-Sensitive မျက်နှာပြင်ပါဝင်မည်

နောက်ဆုံးထွက်ထားတဲ့ ကောလဟာလသတင်းတွေအရ Samsung ဟာ နောက်ထွက်မယ့် အဓိက စမတ်ဖုန်း Galaxy S8 မှာ ဖိအားသိမျက်နှာပြင်ကို အသုံးပြုမှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ ဒါဟာဆိုရင် Apple အနေနဲ့ iPhone တွေမှာ 3D Touch စနစ်ကို ထည့်သွင်းပြီးတဲ့နောက်မှာ ဒီနည်းပညာကို အသုံးပြုဖို့အတွက် ဖြစ်ပေါ်လာခဲ့တာပါ။ ဒီနည်းပညာဟာဆိုရင် မျက်နှာပြင်ကို ဖိတဲ့ဖိအားအနည်းအများပေါ်မူတည်ပြီး Software တွေကို Function အမျိုးမျိုးနဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ကောလာဟာလအနေနဲ့ ကုမ္ပဏီရဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ “စက်မှုဇုန်” အတွင်းက ရင်းမြစ်တွေကနေ ပေါက်ကြားလာတာဖြစ်ပြီး Samsung ရဲ့ စီနီယာ Executive တွေရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းကို “Samsung ဟာ လာမယ့် S8 ဖုန်းမှာ ဖိအားသိနည်းပညာကို အသုံးပြုဖို့အတွက် လုပ်ဆောင်နေပြီး လာမယ့် တစ်နှစ်အတွင်းအကောင်အထည်ပေါ်လာနိုင်ပါတယ်” လို့ အမည်မဖော်လိုတဲ့ Samsung ရဲ့ Supplier တစ်ဦးကနေ ပြောကြားခဲ့တာပါ။

ပထမဆုံး ဖိအားသိမျက်နှာပြင်အသုံးပြုထားတဲ့ စမတ်ဖုန်းတွေအနေနဲ့ Huawei ရဲ့ Mate S နဲ့ Apple ရဲ့ iPhone 6s, 6s Plus တို့မှာ ပြီးခဲ့တဲ့နှစ်တုန်းက စတင်ထည့်သွင်း ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Samsung ဟာ Huawei ရဲ့ ဖုန်းတွေမှာအသုံးပြုတဲ့ ဖိအားသိမျက်နှာပြင်ကို အဓိကထောင်ပံ့တဲ့ Key Supplier တစ်ဦးဖြစ်ပြီး Samsung ဖုန်းတွေမှာ ဒီနည်းပညာထည့်သွင်းမှာဟာ မဖြစ်နိုင်စရာမရှိဘူးလို့ သတင်းတွေက ဆိုပါတယ်။

Ref: GSM Arena

%d bloggers like this: