0 Shares 1235 Views

iOS နဲ့ Android အတွက် Google ရဲ့ PhotoScan App အသစ်

Nov 16, 2016
0 1235

အရင်ကရိုက်ကူးထားတဲ့ ဓာတ်ပုံအဟောင်းတွေကို digitalize ပြန်လုပ်ချင်သူများအတွက် အကောင်းမွန်ဆုံး App တစ်ခုကို Google က မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ App လေးကို PhotoScan လို့နာမည်ပေးထား ပြီး Scanner အစစ်တစ်လုံးနဲ့ scan ဖတ်လို့ ရရှိလာတဲ့ အရည်အသွေးမျိုးကို ထုတ်လုပ်ပေးနိုင်ပါတယ်။

အရင်က အမှတ်တရအဖြစ်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျက်စီးသွားနိုင်ပါတယ်။ Digital ခေတ်ရောက်လာတဲ့အခါ scanner တွေကိုအသုံးပြုပြီး ဓာတ်ပုံတွေကို ထိန်းသိမ်းလာနိုင်ပေမယ့် လူတိုင်းမှာ scanner မရှိတဲ့အတွက် အချို့သူတွေဆိုရင် ဓာတ်ပုံကို ဓာတ်ပုံပြန်ရိုက်ပြီး သိမ်းကြတာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ အဆင်မပြေပါဘူး။ ဓာတ်ပုံကို ဓာတ်ပုံပြန်ရိုက်တဲ့အခါ အလင်းပြန်တာတွေ နဲ့ ဝါးတားတားဖြစ်တာတွေရှိ နိုင်တဲ့အတွက် scanner နဲ့ scan ဖတ်တာက အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ap_resize

မိုးဘိုင်းခေတ်ရောက်လာတဲ့အခါ scanner app တွေအမြောက်အများထွက်ရှိလာတဲ့ အတွက် scanner ဝယ်ယူစရာမလိုတော့ဘဲ မိုဘိုင်းဖုန်းနဲ့တင် စာရွက်တွေနဲ့ ဓာတ်ပုံတွေကို scan ဖတ်လို့ရလာပါတယ်။ Google Play Store နဲ့ Apple App Store ပေါ်က အခကြေးငွေနဲ့ ဝယ်ယူ ရတဲ့ scanner app တွေဟာ အသုံးပြုရတာအဆင်ပြေပေမယ့် အခမဲ့ရနိုင်တဲ့ scanner app တွေကတော့ စာရွက်စာတန်းတွေကို scan ဖတ်ဖို့သာအဆင်ပြေတာတွေ့ရပါတယ်။ iOS အတွက်ဆို ပိုဆိုးပါတယ်။ အနည်းဆုံး (၅) ဒေါ်လာလောက်သုံးနိုင်မှ scanner app ကောင်းကောင်းကို ဝယ်လို့ရတာဖြစ်ပါတယ်။

အခု Google က အသစ်မိတ်ဆက်လိုက်တဲ့ PhotoScan App ကတော့ အခမဲ့ဖြစ်တဲ့အပြင် အရည်အသွေးကလည်း အထူးကောင်းမွန်ပါတယ်။ ဓာတ်ပုံရဲ့ ထောင့် (၄) ထောင့်လုံးကို သေချာ အသေးစိတ် scan ဖတ်ပြီး အကောင်းမွန်ဆုံးအရည်အသွေးကို ထုတ်ပေးတာဖြစ်တဲ့ အတွက် စိတ်ကျေနပ်စရာ ကောင်းပါတယ်။ iOS User တွေအနေနဲ့ App Store ပေါ်မှာ အလွယ်တကူရှာဖွေ ရယူနိုင်ပြီး Android User တွေကတော့ အောက်က Link မှာ Download ရယူနိုင်ပါတယ်။

Download PhotoScan On Google Play Here

Ref: engadget

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares70 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
0 shares85 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares71 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Most from this category