0 Shares 15 Views

Android ဗားရှင်း Cortana App ရဲ့ Hey Cortana လုပ်ဆောင်ချက်ကို Microsoft ဖယ်ရှား

Dec 24, 2015
0 15

Cortana-for-Android-1-1280x855

 

Microsoft ကုမ္မဏီဟာ Android စနစ်သုံး စမတ်ဖုန်းတွေအတွက်ထုတ်လုပ်ထားတဲ့ Cortana App မှာ လုပ်ဆောင်ချက်တစ်ချို့ ကို ပြောင်းလဲထားတယ်လို့ သိရပါတယ်။ Microsoft ဟာ Virtual Assistant App ဖြစ်တဲ့ Cortana ကနေ “Hey Cortana” လို့ခေါ်တဲ့ hands-free လုပ်ဆောင်ချက်ကို ဖယ်ရှားလိုက်တာပဲ ဖြစ်ပါတယ်။

Microsoft ဟာ Android စနစ်အတွက် Cortana App ကို ဒီလ အစောပိုင်းမှာ အမေရိက နဲ့ တရုတ်နိုင်ငံတို့မှာ ထုတ်လုပ်ခဲ့ပါတယ်။ Cortana ရဲ့  စိတ်ဝင်စားဖို့ အကောင်းဆုံး လုပ်ဆောင်ချက်တစ်ခုကတော့ လက်သုံးစရာမလိုပဲ စကားပြောစနစ်နဲ့ ခိုင်းစေနိုင်တဲ့ “Hey Cortana” လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ ထို လုပ်ဆောင်ချက်ဟာ “OK Google” နဲ့လည်း လုပ်ဆောင်ပုံခြင်း ဆင်တူပါတယ်။

ဒါပေမယ့် Android စနစ်အတွက် Google Play က တဆင့် ထွက်ပေါ်လာတဲ့ Cortana ရဲ့နောက်ဆုံးဗားရှင်းမှာတော့ ထိုလုပ်ဆောင်ချက်မပါဝင်လာဘူး လို့ သိရပါတယ်။ ကုမ္မဏီ က ပြောကြားခဲ့တာကတော့ အခုလို Hey Cortana လုပ်ဆောင်ချက် ကို ဖယ်ရှားလိုက်ရခြင်းမှာ Google ရဲ့  Voice Search လုပ်ဆောင်ချက် နဲ့ ရောထွေးနေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

“ငါတို့ သုံးစွဲသူတွေ ပြန်ပြောတာကို ကြားခဲ့တာက Hey Cortana လုပ်ဆောင်ချက်က Android ရဲ့ Voice Search နဲ့ ပဋိပက္ခ ဖြစ်နေတယ်။ဒါကြောင့် ဖြေရှင်းနိုင်မယ့် နည်းလမ်းမတွေ့သေးခင်မှာ အဲဒီ လုပ်ဆောင်ချက်ကို ယာယီ ရပ်နားထားတာပါ” လို့ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။

သုံးစွဲသူတွေ ဝေဖန်ပြောကြားလာခဲ့တာကတော့ သူတို့ဖုန်းထဲကို Cortana ထည့်သွင်းပြီးတဲ့အခါမှာ Google Now ၊ Google Searches စတဲ့ App တွေအတွက် မိုက်ခရိုဖုန်း အသုံးပြုတဲ့အခါမှာ အဆင်မပြေမှုတွေရှိလာတယ်ဆိုတာပါပဲ။

Ref : Gadgets 360

You may be interested

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi က မတ်လမှာ Mi 7 နဲ့ Mi 7 Plus တို့ကို ကြေညာမယ်လို့ သတင်းထွက်

Ko Thuya - Dec 14, 2017

ရှောင်မီရဲ့ စီအီးအိုက Mi 7 ဟာ Qualcomm Snapdragon 845 Chipset ကို ရရှိမယ့် အစောဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ Mi 7 နဲ့ Mi 7 Plus…

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း
Android, Apple, FEATURES
0 shares0 views

သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိ ရေစိုခံသလဲ ? IP68, IP67 နဲ့ ရေစိုခံစံနှုန်းများကို ရှင်းပြခြင်း

Ko Thuya - Dec 14, 2017

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ
NEWS, Pc & Laptops
176 shares359 views

S Pen ဗားရှင်းနဲ့အတူ Samsung Notebook 9 (2018) ထွက်ရှိလာ

Nwe Oo - Dec 14, 2017

Samsung ကတော့ အရမ်းကို ပါးလွှာတဲ့ Ultrabook ပိုင်းကိုသွားနေပါပြီ။ 13.3” version နဲပ Samsung Notebook 9 (2018) က 995g (2.19lbs) လေးပြီး သူ့ထက်ပိုကြီးတဲ့ 15” မော်ဒယ်လ်ကတော့ 1,250g (2.76lbs) ပဲ…

Leave a Comment

Most from this category