0 Shares 193 Views

D5600 Entry-level DSLR ကင်မရာကို Nikon ထုတ်လုပ်

Nov 15, 2016
0 193

ပြီးခဲ့တဲ့ နှစ်နှစ်တုန်းက ပထမဆုံး Touchscreen ပါဝင်တဲ့ D5500 ကင်မရာကို ထုတ်လုပ်ခဲ့ပြီး နောက်မှာ ယခုအခါ Nikon ဟာ နောက်ဆက်တွဲထုတ်ကုန်သစ် တစ်မျိုးကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

D5600 ဟာ D5500 ကိုအခြေခံ ထုတ်လုပ်ထားတာ ဖြစ်ပြီး Nikon ရဲ့ SnapBridge ကိုထည့်သွင်းထားခဲ့ကာ ဒါဟာဆိုရင် Bluetooth စနစ်ကနေပြီး အားပမာဏ အသုံးပြုမှု၊ နည်းနည်းနဲ့ စမတ်ဖုန်းတွေကို ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ ထိတွေ့မျက်နှာပြင်ဟာဆိုရင်တော့၊ ယခုအခါမှာ Virtual Fn ခလုတ်တစ်မျိုး ပါဝင်လာပြီး ဒီခလုတ်ဟာ Auto ISO ချိန်ညှိတာလိုမျိုး၊ အဓိကလုပ်ဆောင်ချက်တွေကို အမြန်လုပ်ဆောင်နိုင်မှာပါ။

nikon-d5600-dslr2

 

Nikon ရဲ့ “frame advance bar” ဆိုတာကတော့  မျက်နှာပြင်မှာ သင့်ကို ပုံတွေကို Touchscreen နဲ့ ဆွဲဆွဲပြီး အမြန်ပြသ၊ ကြည့်ရှုနိုင်အောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

တစ်ခြားတစ်ခုကတော့ Nikon D5600 အနေနဲ့ သူ့ရဲ့ အရှေ့ထုတ်လုပ်ခဲ့တဲ့ ဗားရှင်းလိုပဲ EXPEED 4 Processor ကိုအသုံးပြုထားတာ ဖြစ်ပါတယ်။ ဆန်ဆာအနေနဲ့ 24MP APS-C ဆင်ဆာ၊ ၃.၂လက်မအရွယ် 1M dot tilt-swivel screen, 100 – 25,600 ISO range နဲ့ D5500 လိုမျိုး ပုံစံတူ ဘော်ဒီတွေကိုပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

nikon-d5600-dslr3

Ref: GSM Arena

Facebook Comments

You may be interested

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား
NEWS, Science, Tech Update
0 shares0 views

စက်ရုပ်တွေကို အများဆုံး အသုံးပြုနေတဲ့ တောင်ကိုရီးယား

zayarsan - May 27, 2017

စက်ရုပ်များကို စက်ရုံများမှာ အသုံးချလာမှုဟာ အရှိန်အဟုန် မြင့်မားလာနေပါတယ်။ အဲဒီအထဲမှာ တောင်ကိုရီးယားကတော့ ကမ္ဘာမှာ စက်ရုပ် အများဆုံး အသုံးပြုတဲ့ နိုင်ငံ ဖြစ်ပါတယ်။ International Federation of Robotics ရဲ့ အဆိုအရ တောင်ကိုရီးယားဟာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများမှာ ၀န်ထမ်း…

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ
FEATURES, Softwares & Application
0 shares0 views

ပေါ့ပါးသွက်လက်တဲ့ Facebook Messenger Lite အကြောင်း သိကြောင်းစရာများ

Ko Thuya - May 27, 2017

Facebook က Messenger ကို ဆက်သွယ်ရေး ကိရိယာ တစ်ခုထက်ပိုတဲ့ ၀န်ဆောင်မှု ပလက်ဖောင်းတစ်ခု အဖြစ် ဖန်တီးနေပါတယ်။ အမေရိကန်မှာ ဆိုရင် Messenger ကနေ ငွေပေးပို့နိုင်ပါပြီ။ Messenger ကနေ Uber အငှားယာဉ်ကို နိုင်ငံအချို့မှာ ခေါ်နိုင်ကြပါတယ်။ မကြာခင်ကလည်း…

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone
Mobiles & Tablets, NEWS, Security & Safety
0 shares5 views

Twitter App တစ်ခုသာ ထည့်ထားတဲ့ Donald Trump ရဲ့ iPhone

Ko Thuya - May 27, 2017

အမေရိကန် သမ္မတ Donald Trump ရဲ့ iPhone ထဲမှာ Twitter App တစ်ခုသာ ထည့်ထားတယ်လို့ Axios ရဲ့ သတင်းထောက် ဖြစ်သူ Mike Allen က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရေးသားဖော်ပြထားပါတယ်။ Trump ဟာ…

Most from this category