Twiiter ရဲ့ ထိပ်တန်းအမှုဆောင်အရာရှိလေးဦး ကုမ္ပဏီက နှုတ်ထွက်မည်

Jan 26, 2016
0 4

Twiiter ရဲ့ အကြီးတန်းအလုပ်အမှုဆောင်အရာရှိလေးဦးဟာ ကုမ္ပဏီက ထွက်ခွာတော့မှာဖြစ်တယ်လို့၊ Twitter ကုမ္ပဏီ CEO Jack Dorsey က တနင်္ဂနွေနေ့ ညနှောင်းပိုင်းမှာ tweet လုပ်ခဲ့ပါတယ်။

ဒါဟာ Twitter ပူးတွဲတည်ထောင်သူ Dorsey တစ်ယောက် အမှုဆောင်အရာရှိချုပ်အဖြစ် လွန်ခဲ့တဲ့ အောက်တိုဘာလမှာ ပြန်လည်တာဝန်ယူပြီးနောက် ကုမ္ပဏီအတွင်း အကြီးမားဆုံးရာထူးအပြောင်းအလဲ ဖြစ်လာဖို့ရှိနေပါတယ်။

မီဒီယာဌာနအကြီးအကဲ Katie Jacobs Stanton ၊ ထုတ်လုပ်ရေးဌာနအကြီးအကဲ Kevin Weil ၊ အင်ဂျင်နီယာဌာနအကြီးအကဲ Alex Roetter နဲ့ HR အကြီးအကဲ Brian “Skip” Schipper တို့ လေးယောက်ဟာ ကုမ္ပဏီကနေ ထွက်ခွာမှာဖြစ်တယ်လို့ Dorsey က သူ့ရဲ့ tweet မှာ ရေးသားထားခဲ့ပါတယ်။

Twitter ရဲ့ စတော့ရှယ်ယာဈေးဟာ Dorsey တစ်ယောက် ပြန်လာပြီးချိန်ကတည်းက ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီး၊ ယခုအခါ ကုမ္ပဏီကစတင်ထုတ်ရောင်းတဲ့ရှယ်ယာဈေးနှုန်း ၂၆ ဒေါ်လာအစား၊ ရှယ်ယာတစ်စုကို ၁၇.၇၃ ဒေါ်လာသာ ပေါက်ပါတော့တယ်။

Dorsey လက်ထက်မှာ အသုံးပြုသူတွေအတွက် ၀န်ဆောင်မှုတွေအသစ်တွေ မြန်မြန်ထုတ်ပေးနိုင်ခဲ့ပေမယ့်လည်း အခုအခါ Twitter သုံးစွဲသူပမာဏဟာ သိသိသာသာကို ကျဆင်းလျက်ရှိနေပါတယ်။

တနင်္ဂနွေနေ့ညမှာပဲ၊ Twiiter ရဲ့ ဗီဒီယို streaming ၀န်ဆောင်မှုဖြစ်တဲ့ Vine ရဲ့ အကြီးအကဲအရာရှိ Jason Toff ဟာလည်း  virtual reality (ခွင်တုနည်းပညာ) အတွက် Google မှာ သွားရောက်အလုပ်လုပ်တော့မှာဖြစ်တယ်လို့ Twiitter ကနေပဲ tweet လုပ်သွားခဲ့ပါတယ်။

ကုမ္ပဏီအအနေနဲ့ နောက်ထပ်အမှုဆောင်အရာရှိအပြောင်းအလဲတွေကို ကြေငြာသွားဖို့ရှိနေပြီး၊ မားကတ်တင်းအရာရှိချုပ်အသစ်တစ်ဦးကိုပါ ခေါ်ယူသွားဖို့ရှိတယ်လို့သိရပါတယ်။

လက်ရှိသုံးစွဲသူပေါင်း သန်း ၃၀၀ ကျော်ရှိတဲ့ Twiiter ဟာ ၂၀၁၅ ခုနှစ်မှာ အသုံးပြုသူတိုးတက်မှုနှုန်းအနှေးကွေးဆုံးဖြစ်ခဲ့ပြီး၊ Facebook က ပိုင်ဆိုင်တဲ့ ဓာတ်ပုံမျှဝေရေးဝက်ဆိုဒ် Instagram က မနှစ်ကပဲ အသုံးပြုသူ သန်း ၄၀၀ ကျော်ရောက်ရှိခဲ့ကာ Twitter ကို ကျော်တက်သွားခဲ့ပါတယ်။

Ref: Reuters

 

You may be interested

Virtual Phone Number များဖန်တီးပေးမယ့် Apps များ
FEATURES, Softwares & Application
0 shares0 views

Virtual Phone Number များဖန်တီးပေးမယ့် Apps များ

Ko Thuya - Jul 27, 2017

အင်တာနက်မှ အချို့ ၀န်ဆောင်မှု၊ ၀က်ဆိုက်များဟာ နိုင်ငံ ကန့်သတ်ချက်ရှိပါတယ်။ အဲဒီ ၀က်ဆိုက်များမှာ အကောင့် ပြုလုပ်ချင်ရင် ဥပမာအားဖြင့် အမေရိကန်လို နိုင်ငံမှ ဖုန်းနံပါတ် တစ်ခု လိုအပ်ပါတယ်။ အဲဒီ ဖုန်းနံပါတ်ကို Verify လုပ်နိုင်မှသာ အကောင့် ပြုလုပ်နိုင်မှာပါ။ ဥပမာအားဖြင့်…

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်
Knowledge, Local, Local Market Review
0 shares0 views

Jovago မှ လျော့ဈေးနှစ်ထပ်ကွမ်းရမည့် အစီအစဉ်သစ် Jovago Travel Smart ကို မိတ်ဆက်

zayarsan - Jul 27, 2017

ပြင်သစ်အခြေစိုက် အွန်လိုင်းဟိုတယ်ဘွတ်ကင်ဝန်ဆောင်မှု ဝက်ဆိုက်ဒ် Jovago မှ ဝက်ဆိုက်ဒ်အသုံးပြုသူများအတွက် Jovago Travel Smart အမည်ရ လျော့ဈေးနှစ်ထပ်ကွမ်းရရှိမည့် ပရိုမိုးရှင်းအစီအစဉ်သစ်ကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်သစ်အရ Jovago င့် Jovago Mobile App တို့ကို ရှိနှင့်ပြီး…

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ
HUBS, LG, Local
115 shares48 views

ုခြင်အန္တရာယ်ကင်းဝေးစေရန် ရန်ကုန်၊ မန္တလေး ရှိ ဆေးရုံတွေမှာ LG က နည်းပညာများ ပံ့ပိုးကူညီ

zayarsan - Jul 27, 2017

ကမ္ဘာ့ထိပ်တန်း အီလက်ထရောနစ်ကုမ္ပဏီ LG Electronics သည် နောက်ဆုံးပေါ် ခြင်ပြေးနည်းပညာဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ပြည်သူ့ကျန်းမာရေးဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ (၁၀) ခုကို ပံ့ပိုးကူညီ ပေးခဲ့တယ် လို့ သိရပါတယ်။ ယခုနှစ်အစောပိုင်းကကျင်းပခဲ့တဲ့ LG ရဲ့ Valuable Night ပွဲကြီးတွင်…

Most from this category