0 Shares 101 Views

HTC ရဲ့ ပထမဆုံး Android စနစ်သုံး စမတ်နာရီကို ဧပြီလ မှာ ထုတ်လုပ်ရောင်းချဖွယ်ရှိ

Jan 26, 2016
0 101

ထိုင်ဝမ် အခြေစိုက် ဖုန်းကုမ္မဏီဖြစ်တဲ့ HTC ဟာ စမတ်နာရီ ထုတ်လုပ်မယ်ဆိုတဲ့ ကောလာဟလ တွေ ထွက်ပေါ်နေခဲ့တာ ၁ နှစ်ခန့်ရှိနေပါပြီ။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ ကောလာဟလ မဟုတ်တော့ပဲ HTC ရဲ့ ထုတ်ကုန်အသစ်ဖြစ်လာမယ့် စမတ်နာရီတွေကို တွေ့မြင်ရတော့မှာပါ။

HTC One စမတ်နာရီလို့လည်း ပြောနေကြသလို HTC Grip လို့လည်း ခေါ်နေကြတဲ့ ကျန်းမာရေးလက်ပတ်(Fitness Tracker) ဟာ မိတ်ဆက်ကြေညာခဲ့ဖူးသလိုပဲ နောက်ဆုံးမှာတော့ မျက်ဝါးထင်ထင် တွေ့မြင်ရတော့မှာပါ။ဒါပေမယ့်လည်း ကောလာဟလ ထွက်ပေါ်စဉ်ကနဲ့တော့ နည်းနည်းကွာခြားပါတယ်။ HTC ကုမ္မဏီ ဟာ သူတို့ရဲ့ ပထမဆုံး စမတ်နာရီ ကို Under Armour နဲ့ ပါတနာ အဖြစ်ပူးပေါင်းပြီး ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

HTC ရဲ့ စမတ်နာရီ ကောလာဟလတွေဟာ များပြားလာတာနဲ့ အမျှ နည်းပညာ ကျွမ်းကျင်သူကြီးဖြစ်တဲ့ Evan Blass(@evleaks) က သူ့ရဲ့ Tweet တစ်ခုတည်းမှာ HTC စမတ်နာရီဟာ ဧပြီလမှာ ထွက်ပေါ်လာလိမ့်မယ်လို့ ခန့်မှန်းရေးသားထားတာတွေ့ရပါတယ်။ ဒါ့အပြင် သူက HTC ရဲ့ စမတ်နာရီဟာ Android စနစ်ကိုထည့်သွင်းထားမှာ ဖြစ်တယ်လို့လည်း ထည့်သွင်းရေးသားထားပါသေးတယ်။

ခန့်မှန်းထားမှုတွေအရတော့ HTC ကုမ္မဏီဟာ ဧပြီလမှာ ထုတ်လုပ်ရောင်းချမယ့် စမတ်နာရီ နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် မိုဘိုင်းလ် ကမ္ဘာကွန်ဂရက်(MWC) ပွဲတော်မှာ မိတ်ဆက် ပြသသွား ဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် HTC ဟာ သူတို့ရဲ့ စမတ်ဖုန်းအသစ်ဖြစ်တဲ့ One M10 ကိုလည်း ထို ပွဲတော်မှာပဲ မိတ်ဆက်ပြသသွားဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

မျှော်လင့်စရာတစ်ခုကတော့ HTC ရဲ့ စမတ်နာရီဟာ စောင့်ရတာနဲ့ တန်တဲ့ လုပ်ဆောင်ချက်မျိုးတွေပါဝင်လာဖို့ပါပဲ။ Android စနစ်သုံး ၀တ်ဆင်နိုင်တဲ့ကိရိယာ များရဲ့  ဒုတိယ မျိုးဆက် စမတ်နာရီတွေဟာ ပထမမျိုးဆက် စမတ်နာရီတွေထက် ကောင်းမွန်နေတယ်ဆိုတာမှန်ပေမယ့်လည်း ဒီထက်ပို ကောင်းမွန်လာဖို့ အများကြီးလိုအပ်နေပါသေးတယ်။အဲဒီ လိုအပ်ချက်တွေကို HTC ရဲ့ စမတ်နာရီမှာ ဖြည့်စွက် ထားမလားဆိုတာကိုတော့ စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။

Ref : Tech Radar

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
137 shares47 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category