0 Shares 28 Views

ကွန်ပြူတာတစ်လုံးကို အိတ်ကပ်ထဲထည့်ယူသွားနိုင်မယ့် Intel ရဲ့ Compute Stick အကြောင်း တစေ့တစောင်း

Jan 25, 2016
0 28

Intel က ထုတ်တဲ့ ပထမမျိုးဆက် Compute Stick ကတော့၊ တော်တော်စိတ်ပျက်စရာကောင်းပါတယ်။ stick တစ်ချောင်းစာလောက်သာရှိတဲ့ ကွန်ပြူတာတစ်လုံးကို အချိန်မရွေး အလွယ်တကူသယ်သွားလို့ရတာကတော့ မိုက်တယ်ဆိုပေမယ့်၊ Intel ရဲ့ ပထမျိုးဆက် ကွန်ပြူတာစတစ်ဟာ နှေးကွေးလေးလံလွန်ပြီး USB ပေါက်ကလည်း တစ်ပေါက်သာပါခဲ့တာကြောင့် အလုပ်သိပ်မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် အခုအခါမှာတော့ Intel ရဲ့ ဒုတိယမျိုးဆက် ကွန်ပြူတာစတစ်ထွက်ပေါ်လာပါပြီ။ ပုံစံပိုင်းကတော့ ပထမမျိုးဆက်နဲ့သိပ်မခြားပေမယ့်၊ ပရိုဆက်ဆာပိုမြန်လာသလို၊ USB အပေါက်တွေလည်းပိုပါလာပြီး တကယ်အသုံးဝင်တဲ့ကွန်ပြူတာတစ်လုံးလို့ ဆိုရမှာပါ။

HDMI အပေါက်ပါဝင်တဲ့ တီဗီ၊ မော်နီတာ တွေနဲ့ ပရိုဂျက်တာတွေတိုင်းကို ဒီ stick ထိုးလိုက်ရုံနဲ့ ချက်ချင်း Windows 10 စားပွဲတင်ကွန်ပြူုတာတစ်လုံးအဖြစ်ပြောင်းလဲပေးနိုင်ပြီး၊ ၁၅၉ ဒေါ်လာပဲရှိပါတယ်။ HDMI အပေါက်မှာ ထိုးပြီး Compute Stick က ခလုတ်ကိုဖွင့်ပေးလိုက်ရုံနဲ့ Windows 10 ကို တန်းသုံးနိုင်တာကြောင့် လုပ်ရတာလည်းမခက်ခဲပါဘူး။

ဒီဇိုင်းပိုင်းမှာလည်း ခေတ်မီဆန်းသစ်တဲ့ပုံစံရှိပြီး စက်ထဲမှာပါဝင်တဲ့ပန်ကာလေးတွေအတွက် အပူထွက်နိုင်မယ့်အပေါက်လေးတွေ ထည့်သွင်းပေးထားပါတယ်။ USB 3.0 အပေါက်နှစ်ပေါက်ပါဝင်လာတာကြောင့်
ကီးဘုတ်နဲ့မောက်စ်ပါ တပ်သုံးနိုင်တာက အဆင်ပြေတယ်လို့ဆိုရမှာပါ။ storage ပိုင်းအတွက် 32 GB တပါတည်းပါဝင်လာပြီး၊ ဒေတာထပ်ထည့်ချင်တယ်ဆိုရင်တော့ 128 GB အထိ ထပ်စိုက်နိုင်တဲ့ microSD ကတ်အပေါက်ပါဝင်လာတာကလည်း တော်တော်ကောင်းတဲ့တစ်ချက်ပါ။

ဒါပေမယ့် အခုမျိုးဆက်မှာလည်း အသုံးပြုစဉ်မှာ AC adapter ကနေ ပါဝါသွင်းထားဖို့လိုနေတာကတော့ အဆင်သိပ်မပြေပါဘူး။ Intel ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ နောက်ပိုင်းမှာ HDMI အပေါက်ကနေပဲ ပါဝါသွင်းနိုင်အောင်လုပ်ဖို့ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပရိုဆက်ဆာပိုင်းကတော့ ပါဝါအစားနည်းတဲ့ Atom x5 processor နဲ့ RAM 2GB ပါဝင်ပြီး သာမန် ကွန်ပြူတာသုံးတာမျိုးတွေဖြစ်တဲ့ browser သုံးတာ၊ ဆိုရှယ်မီဒီယာကြည့်တာ၊ ဗီဒီယိုတွေအင်တာနက်က တိုက်ရိုက်ကြည့်တာမျိုးတွေမှာ မဆိုးဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် multi-tasking ခေါ် လုပ်ဆောင်ချက်အများအပြားကိုတစ်ခါတည်းလုပ်ခိုင်းတာမျိုး (ဥပမာ firefox ဖွင့်ထားရင်း photoshop သုံးတာ၊ word ဖွင့်ထားတာမျိုး) တွေမှာ အားနည်းချက်လေးတွေ တွေ့ရပါတယ်။

ဒီ့အပြင် internal storage က 32 GB ပဲ ပါပြီး system file တွေကပဲ ပြည့်သလောက် ဖြစ်နေတာကြောင့် microSD ကတ် ထပ်စိုက်မှကိုအဆင်ပြေမှာဖြစ်ပါတယ်။ အင်တာနက်ချိတ်ဖို့အတွက် Wi-Fi အင်တာနာပါဝင်ပြီး၊ အရင်မော်ဒယ်ကထက်တော့ Wi-Fi signal ပိုဖမ်းယူနိုင်တာကိုတွေ့ရပါတယ်။

အဆုံးသတ်သုံးသပ်ကြည့်ရမယ်ဆိုရင်တော့ Intel ရဲ့ Compute Stick ဟာ သာမန် Web လျှောက်ကြည့်တာ၊ သာမန် app တွေသုံးတာအတွက်တော့ ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဈေးကလည်း လူတိုင်းနီးပါး ၀ယ်နိုင်လောက်တဲ့ အနေအထားပါ။ သုံးရတာလည်းလွယ်ကူပါတယ်။

ဒါပေမယ့် ဆိုးတာကတော့ storage နည်းလွန်းတာကြောင့် တခြား app တွေ၊ ဂိမ်းတွေ သွင်းတာ၊ ဒေါင်းလုဒ် လုပ်တာတွေအတွက်တော့ အဆင်မပြေလှပါဘူး။ ဒီဇိုင်းပိုင်းက သပ်ရပ်ပေမယ့်၊ အားသွင်းကြိုး၊ ကီးဘုတ်၊မောက်စ်ကြိုးတွေအကုန်တပ်ထားမယ်ဆိုရင် နည်းနည်းတော့ကြိုးတွေရှုပ်ယှက်ခတ်နေတဲ့ ပုံပေါက်နေမှာပါ။

Intel ဟာ လူတိုင်းရဲ့အိတ်ကပ်ထဲမှာ ကွန်ပြူတာတစ်လုံးယူဆောင်နေနိုင်အောင်၊
ကြိုးစားစွမ်းဆောင်ထားပြီး၊ သာမန်အလုပ်ကိစ္စအဖြစ်၊ အီးမေးလ်ပို့၊ ဆိုရှယ်မီဒီယာဖွင့်တာလောက်ပဲ သုံးတဲ့လူမျိုးတွေအတွက်တော့ အဆင်ပြေတဲ့ အိတ်ဆောင်ကွန်ပြူတာဖြစ်ပါတယ်။

Capture

Ref: Cnet, Engadget

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Most from this category