0 Shares 72 Views

Android ဗားရှင်း YouTube အက်ပလီကေးရှင်းမှာ Refresh ခလုပ် ထည့်သွင်း

Jan 25, 2016
0 72

Google က ထုတ်လုပ်ထားတဲ့ App အချို့  နဲ့ third-party ဆော့ဖ်ဝဲ တစ်ချို့ မှာ မျက်နှာပြင် screen ရဲ့ အပေါ်ထိပ်ကနေ အောက်ကိုဆွဲချလိုက်တာနဲ့ refresh လုပ်လို့ရတာကို အားလုံးတွေ့ဖူးကြမှာပါ။ အဲဒီလို Refresh လုပ်နေခြင်းဟာ နောက်ခံစနစ် မှာ တစ်ခုခုကို loading ပြုလုပ်နေတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပြီး refresh လုပ်နေတဲ့အချိန်မှာတော့ သင်ဟာ စောင့်စားရင်းနဲ့ အဲဒီ App အတွင်းမှာ scroll ပြုလုပ်နေခွင့်ရှိပါတယ်။

အချို့ သော မိုဘိုင်းလ် ဖုန်းသုံးစွဲသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Android ဗားရှင်း YouTube အက်ပလီကေးရှင်း မှာ Refresh ပြုလုပ်တဲ့ အ၀ိုင်း ခလုပ်လေး ပေါ်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒါဟာ စမ်းသပ်ဆဲကာလဖြစ်တာကြောင့် သုံးစွဲသူတစ်ချို့  ရဲ့ အက်ပလီကေးရှင်း မှာ ပေါ်လာတာဖြစ်ပြီး ယာယီသာ အသုံးပြုခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ ဒါတွေအားလုံး ပြောင်းလဲသွားခဲ့ပါပြီ။ အခုသင်ဖုန်းထဲက YouTube အက်ပလီကေးရှင်းမှာရော ၊ ကျွန်ုပ်တို့ ဖုန်းထဲက YouTube အက်ပလီကေးရှင်းမှာပါ Refresh ပြုလုပ်နိုင်မယ့် အ၀ိုင်းခလုတ် လေးကို တွေ့မြင်ရပါပြီ။ အဲဒီ Refresh ပြုလုပ်တဲ့ အ၀ိုင်း ခလုတ်လေးကို တွေ့မြင်ရဖို့အတွက်တော့ သင့်ဖုန်းထဲက YouTube အက်ပလီကေးရှင်း ကို ဗားရှင်းမြှင့်စရာ မလိုပါဘူး။ သင်လက်ရှိ သုံးနေတဲ့ အက်ပလီကေးရှင်းမှာ တင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Ref : Android Police

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
248 shares80 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Most from this category