သယ်ယူပို့ဆောင်ရေး ကဏ္ဍကို အပြောင်းအလဲဖြစ်ပေါ်စေမယ့် Hyperloop One ကိုစတင် လုပ်ဆောင်တော့မည်

Hyperloop One ဟာ စူပါမြန်နှုန်းမြှင့်  Tube တွေနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ၊ အသစ်တစ်ရပ်အနေနဲ့ ပါဝင်လာမယ့် ပုံစံသစ်တစ်မျိုးကို ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဒူဘိုင်းမှာ ဒီလုပ်ငန်းအတွက် လက်တွဲပြီးလုပ်ဆောင်မှာ ဖြစ်ပြီး Hyperloop စနစ်အတွက် လမ်းကြောင်းတွေဖော်ထုတ်မယ့် မဟာစီမံကိန်းကို UAE နိုင်ငံမှာ စတင်လုပ်ဆောင်တော့မှာပါ။

ဒီလမ်းကြောင်းတွေမှာ ဘူတာရုံလိုမျိုး Portals တွေရှိမှာဖြစ်ပြီး Dubai ရဲ့ အဓိကနေရာတွေနဲ့ အဘူဒါဘီကို ဆက်သွယ်မှာဖြစ်ပါတယ်။ ဒါဟာဆိုရင် မြို့တွေအကြားမှာ ခရီးသွားတဲ့ အချိန်ကို အဓိကလျှော့ချပေးနိုင်မှာ ဖြစ်ပြီး ကားနဲ့သွားရင် ၂နာရီကြာမယ့် အချိန်ကို ၁၂မိနစ်နဲ့ရောက်အောင် သွားနိုင်မှာပါ။

Image result for hyperloop speed

ဒီ Concept မှာ ဒီဇိုင်းထုတ်ထားတဲ့ Pods တွေပါဝင်မှာဖြစ်ပြီး အထဲမှာ ထိုင်ခုံတွေထည့်သွင်းထားတဲ့ သေတ္တာလိုယာဉ်ငယ်လေးတွေကို ထည့်သွင်းမှာဖြစ်ပြီး ဂျက်အင်ဂျင်တပ်ထားတဲ့ Pods တွေက တစ်နေရာကနေ တစ်နေရာကို မြန်နှုန်းနဲ့ ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဗီဒီယိုကိုအောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Ref: Engadget

%d bloggers like this: