MyPlay ရဲ့ မြန်မာမှုဂိမ်းတွေကို ဆော့ကစားသူအရေအတွက် ၆သိန်း ကျော်ရှိလာ

MyPlay က ထုတ်လုပ်ထားတဲ့  မြန်မာမှုဂိမ်းတွေကို ဆော့ကစားသူအရေအတွက် ၆သိန်းကျော် ရှိလာတယ်လို့ အခုနှစ်အတွင်း စစ်တမ်းတွေအရသိရပါတယ်။

MyPlay က (၂၀၁၃)ခုနှစ်မှာ Sea Game Chinlone ဂိမ်းလုံးဂိမ်းကို စတင်ထုတ်လုပ်ခဲ့ပြီးနောက် Myanmar Sittuyin , Pawthoot ,Nga Pain Thingyan , Shan Koe Mee World , O Poke Saga , Children Village (ကလေးတို့ရွာ) , Snow City , Rage of Rama အစရှိတဲ့ မြန်မာမှု ဂိမ်းတွေကို ထပ်မံ ထုတ်လုပခဲ့ပြီး (၂၀၁၅) ခုနှစ် ဒီဇင်ဘာလမှာ ဆော့ကစားသူ အရေအတွက် (၂) သိန်းကျော်အထိ ရှိလာခဲ့တာဖြစ်ပါတယ်။

အခုနှစ်(၂၀၁၆)အတွင်းမှာတော့ ဆော့ကစားသူ (၄)သိန်းကျော်အထိတိုးတက်လာခဲ့ရာက လက်ရှိအချိန်မှာတော့ (၆) သိန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။

MyPlay ရဲ့ ဂိမ်းတွေကို လူကြီး၊ လူငယ်မရွေးဆော့ကစားနိုင်အောင် ဖန်တီးထားပြီး ပညာရေး ဂိမ်းတစ်ခုဖြစ်တဲ့ Children Village ဂိမ်းမှာတော့ ကလေးငယ်များ ဂိမ်းကစားရင်း ဗဟုသုတ ရနိုင်မယ့်အပြင် ကျောင်းစာများပါလေ့လာနိုင်စေဖို့  မြန်မာပုံပြင်များ၊ ဗုဒ္ဓဝင်ဇာတ်တော်များ၊ နဲ့ Learn writing သင်ခန်းစာတွေကိုပါ ထည့်သွင်းပေးထားပါတယ်။

MyPlay ကုမ္မဏီ ရဲ့ Marketing Manager ကိုစိုင်းပြည့်ဖြိုးဟန် က ” 2016 Tokyo Game Show မှာ Trishaw Nga Pain (ဆိုက်ကားဆရာငပိန်) ဂိမ်းက ဆုရခဲ့တော့ အသစ်ထပ်မံ ထုတ်လုပ်မဲ့ ဂိမ်းတွေအတွက် ယုံကြည်မူပိုရှိလာတယ်။ idea အသစ်တွေနဲ့မြန်မာ game player တွေကြား ပိုမိုကောင်းမွန်တဲ့ဂိမ်းတွေ ဆက်လက်ထုတ်လုပ်သွားမှာပါ။နိုဝင်ဘာလ အတွင်းမှာလည်း ကိုရီးယားနိုင်ငံမှာပြုလုပ်မယ့် ဂိမ်းပြပွဲမှာ မြန်မာမှုဂိမ်းတွေ သွားရောက်ပြသဦးမှာပါ။ ” လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

%d bloggers like this: