0 Shares 27 Views

လာမယ့်ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ကြေညာမယ့် Xiaomi Mi 5

ထုတ်ပြန်မယ်ဆိုပြီး လပေါင်းများစွာကြာအောင် ကောလာဟလတွေ ထွက်ခဲ့ပြီးနောက်ပိုင်းမှာ Xiaomi Mi 5 ကို လာမယ့် ဖေဖော်ဝါရီလ၂၄ ရက်နေ့မှာ ထုတ်ပြန်ဖို့ ပူးတွဲတည်ထောင်သူ Liwan Jiang က Weibo အကောင့်ကနေတစ်ဆင့် ထုတ်ပြန်ခဲ့ပါတယ်။ အရင်ထွက်ရှိခဲ့ဖူးတဲ့ သတင်းတွေအတိုင်း Processor ကို Qualcomm Snapdragon 820 SoC နဲ့ လာမှာဖြစ်ပါတယ်။

ဒါဟာ တရုတ်ကောက်သစ်စားပွဲအပြီးထုတ်ပြန်မယ်လို့ ကြေညာထားတဲ့အတိုင်း တကယ်ထွက်လာခဲ့လို့အခုတော့ Xiaomi ရဲ့ အထင်ကရစမတ်ဖုန်းဖြစ်တဲ့ Mi5 ကိုစောင့်ဆိုင်းသူတွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်က Jiang ဟာ Mi5 ကိုလာမယ့်တစ်ပတ်အတွင်း ဈေးကွက်ထဲတင်မယ်လို့ ဖြည့်စွက်အတည်ပြုခဲ့ဖူးတာဖြစ်ပါတယ်။

Jiang က Xiaomi Mi 5 ကို တစ်ပတ်အတွင်း တရုတ်နိုင်ငံမှာ ရနိုင်မရနိုင်တော့ ခွဲခြားပေးခဲ့ခြင်းမရှိပါဘူး။ အစောပိုင်းကာလတုန်းက ပူးတွဲတည်ထောင်သူဟာ Mi 5 ကို ပမာဏအများအပြားထုတ်လုပ်မှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ သုံးစွဲသူတွေ အလုံအလောက်ဝယ်ယူနိုင်အောင် ပြုလုပ်ပြီးမှသာ ဖုန်းကိုကြေညာမှာဖြစ်တယ်လို့ဆိုခဲ့ဖူးပါတယ်။

Xiaomi Mi 5 ဟာ Xiaomi ကုမ္ပဏီရဲ့ အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်ချက်အကြီးမားဆုံးဖုန်းဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးမှီအချိန်လေးကပဲ ကုမ္ပဏီဟာ ၂၀၁၅ခုနှစ်အတွင်း သူတို့ ပစ္စည်းတွေသုံးစွဲသူ အရေအတွက် သန်း၇၀ ခန့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ဦးပေါက်ကြားချက်တွေအရ Mi 5 ဟာ Full-HD (သို့) QHD Resolution ရှိတဲ့ ၅.၂လက်မမျက်နှာပြင် နဲ့အတူ 3GB RAM နဲ့ 32GB Inbuilt Storage Version, 4GB RAM နဲ့ 64GB Inbuilt Storage Version ဆိုပြီး Memory Storage Version နှစ်မျိုးနဲ့ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 16-megapixel ရှိတဲ့ ကျောဘက်ကင်မရာ၊ 13-megapixel ရှိတဲ့ ရှေ့မျက်နှာကင်မရာတို့ပါဝင်လာမှာဖြစ်တယ်လို့သိရပါတယ်။ MIUI 7 ကိုအခြေခံထားတဲ့ Android 6.0 Marshmallow Version နဲ့အလုပ်လုပ်မှာဖြစ်ပြီး 3600 mAh ရှိတဲ့ဘက်ထရီကို Quick Charge 3.0 နည်းပညာထောက်ပံ့ပေးထားမယ်လို့ဆိုပါတယ်။

ဈေးနှုန်းသတ်မှတ်ချက်တွေကို ဖော်ပြခဲ့တာမတွေ့ရပေမယ့် အရင်ထွက်ဖူးတဲ့ ကောလာဟလတွေအရ Internal 32 GB နဲ့ 3GB RAM ဗားရှင်းဖုန်းကတော့ ဈေးနှုန်း တရုတ်ယွမ် ၁၉၉၉ (မြန်မာကျပ် – ၄၀၅၀၀၀ခန့်)၊ Inter Storage 64 GB နဲ့ 4GB RAM ဗားရှင်းကတော့ ဈေးနှုန်း တရုတ်ယွမ် ၂၂၉၉ (မြန်မာကျပ် – ၄၆၆၀၀၀ခန့်) အသီးသီးရှိနိုင်တယ်လို့ သိရပါတယ်၊

xiaomi mi5 1

Ref: Gadgets360

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
248 shares80 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Most from this category