ပြီးခဲ့တဲ့နှစ်က Adidas ဟာ သမုဒ္ဒရာ ညစ်ညမ်းမှုတွေကို ကာကွယ်နိုင်ဖို့အတွက် Parley ကုမ္ပဏီနဲ့ အဖွဲ့တစ်ခုဖွဲ့စည်းပြီး ပင်လယ်ထဲမှာကျနေတဲ့ ပလက်စတစ်အမှိုက်တွေကို Recycle လုပ်ပြီး ရှုးဖိနပ်တွေထုတ်လုပ်ဖို့ ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ အဲ့ဒီနောက်ဒီနှစ်မှာတော့ ကုမ္ပဏီနှစ်ခုဟာ တွဲဖက်ပြီး ခြေတစ်လှမ်းတိုးတဲ့အနေနဲ့ Adidas x Parley ရဲ့ Limited-edition ရှုးတွေကို ထုတ်လုပ်လိုက်ပြီဖြစ့်ပါတယ်။
ဒီအကြောင်းကို အားကစားဘီလူူးကြီးက ဒီနေ့မှာ ကြေညာခဲ့ပြီး ရှုးဖိနပ်တွေရဲ့ နာမည်ကို UltraBoost Uncaged Parley လို့ နာမည်ပေးထားကြောင်းသိရပါတယ်။ ဒီဖိနပ်ကိုရောင်းချမယ့်အထဲက အရံတစ်ရာကို Instagram မှာဆက်သွယ်ထားသူတွေကို ရောင်းချမှာဖြစ်ပြီး သင့်အနေနဲ့ နောက်လကစလို့ ဒေါ်လာ ၂၀၀နဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Adidas အနေနဲ့ UltraBoost Uncaged Parley ရှုးတွေကို အရံ၇၀၀၀ ရောင်းချမှာဖြစ်ပြီး ကုမ္ပဏီရဲ့ ပြောကြားချက်အရ ပင်လယ်ပလက်စတစ်တွေကိုအသုံးပြုပြီး လာမယ့် ၂၀၁၇ခုနှစ်မကုန်ခင်အထိ အနည်းဆုံး ဖိနပ်အရံ ၁သန်းထုတ်လုပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ထွက်မယ့် မော်ဒယ်အားလုံးကိုလည်း ယခု UltraBoost Uncaged ရဲ့ ဒီဇိုင်းကို အခြေခံပြီးထုတ်လုပ်မှာဖြစ်ကာ အားကစားရှုးဖိနပ်တွေထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး Brand တွေထဲက အမျိုးအစားတစ်ခု ဖြစ်လာဖို့အတွက် ရည်မှန်းထားတာပါ။
Adidas အနေနဲ့ ဖိနပ်တစ်မျိုးထဲကိုသာ Parley နဲ့ ပူးတွဲပြီးထုတ်လုပ်မှာမဟုတ်ပဲ၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်မက်ဒရစ်အစရှိတဲ့ ဥရောပဘောလုံအသင်းကြီးတွေရဲ့ လာမယ့် နိုဝင်ဘာလထဲမှာ ကစားမယ့်ပွဲစဉ်အချို့က အင်္ကျီတွေကိုလည်း Parley နဲ့ ပူးတွဲထုတ်လုပ်မယ့် အင်္ကျီတွေကိုစပွန်ဆာပေးပြီး ဝတ်ဆင်ကစားစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Engadget