0 Shares 14664 Views

iPhone ရရှိဖို့အတွက် ရူးရူးမိုက်မိုက် လုပ်ဆောင်ခဲ့မှုများ

Nov 05, 2016
0 14664

ကမ္ဘာပေါ်မှာ လိုချင်တပ်မက်မှုအများဆုံး ခံရတဲ့ Smartphone တွေကိုပြပါဆိုရင်တော့ Apple ရဲ့ iPhone တွေကို လက်ညှိုးထိုးပြရမှာ မလွဲဧကန်ပါပဲ။ iPhone မှာ ဘာ feature တွေပါမှန်း မသိတဲ့ သူတွေတောင် iPhone ကိုလိုချင်တပ်မက်ကြပါတယ်။ Apple ကုမ္ပဏီ ရဲ့ အရှိန်အဝါကြောင့်လား ၊ Steve Jobs ကြောင့်လား ။ သေချာတာတစ်ခုကတော့ iPhone ကိုင်နိုင်ရင် လူအထင်ကြီးတယ် ၊ လူရှိန်တယ် ဆိုတဲ့ အတွေးတွေကြောင့်ပါပဲ။ ဒါကလည်း အမှန်တရားတစ်ခုဖြစ်နေပါတယ်။ iPhone တွေစတင်ထွက်ပေါ်လာတဲ့ အချိန်ကတည်းက ဒီနေ့ဒီအချိန်ထိ ကမ္ဘာနဲ့အဝှမ်းမှာ iPhone တွေအပေါ် အထင်ကြီးတဲ့ စိတ်က လျော့ကျမသွားပါဘူး။ အသစ်ထွက်သမျှ iPhone တိုင်းကို လိုချင်တပ်မက်မှုတွေက များသထက် များလာဆဲပါပဲ။ iPhone ရရှိဖို့အတွက် ရူးရူးမိုက်မိုက်ဆုံးဖြတ်ချက်တွေနဲ့ လုပ်ဆောင်ချက်တွေ ကမ္ဘာနဲ့ အဝှမ်းမှာ ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အများဆုံးပါပဲ။ အဲဒါတွေကဘာတွေလည်းဆိုတော့

iPhone 7 ရရှိဖို့ နာမည်ကို iPhone 7 လို့ပြောင်းတယ်

Olexander Turin ယူကရိန်း နိုင်ငံသား တစ်ယောက်က iPhone 7 ကိုရရှိဖို့အတွက် သူ့ရဲ့ နာမည်အရင်းကိုတောင် iPhone Sim (Sim ဆိုတာ သူတို့ဘာသာစကားနဲ့ဆို 7) လို့ပြောင်းခဲ့ပါတယ်။ အရောင်းဆိုင်တစ်ခုက promotion offer အနေနဲ့ နာမည်ပြောင်းတဲ့သူတွေကို iPhone 7 ပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် အခုလိုမျိုး မွေးကတည်းက မှည့်ခေါ်ခဲ့တဲ့နာမည်ကိုပြောင်းခဲ့တာဖြစ်ပါတယ်။ တရားဝင်နာမည်ပြောင်းခ (၂) ဒေါ်လာ ရင်းရုံနဲ့ ဒေါ်လာ(၈၅၀)တန် iPhone 7 ကိုရခဲ့အတွက် သူ့ကိုယ်သူ ဂုဏ်ယူလို့နေပါတယ်။

ကျောက်ကပ်ကို ရောင်းစားတယ်

iPhone ကိုင်ရဖို့အတွက် ကျောက်ကပ်ကို ရောင်းလိုက်ပါလား ဆိုတာဟာ လူပြောများတဲ့ ဟာသတစ်ခုဖြစ်ခဲ့ပါတယ်။ (၂၀၁၂) ခုနှစ်မှာ အဲ့ဒီဟာသ အတိုင်းတကယ်လုပ်ခဲ့တဲ့သူကတော့ အသက်(၁၇) နှစ်အရွယ် တရုတ်ကောင်လေး တစ်ယောက်ဖြစ်ပြီး ကျောက်ကပ်ရောင်းလို့ရခဲ့တဲ့ ယွမ် (၂၂၀၀၀) နဲ့ iPhone နဲ့ iPad တွေဝယ်ခဲ့ပါတယ်။ ထူးခြားတာက သူ့ကိုအခုလိုရောင်းဖြစ်ဖို့ မြှောက်ပင့်ပေးခဲ့တဲ့သူက ပွဲခ အနေနဲ့ ယွမ် (၂၀၀၀၀) ရရှိခဲ့ပါတယ်။

တန်းစီခိုင်းဖို့ လူငှားခဲ့တယ်

Apple ကိုရူးသွပ်သူတွေဟာ Apple product တွေအသစ်ထွက်ထွက်ချင်း ဦးဆုံးကိုင်ရဖို့အတွက် စတင်ရောင်းချတဲ့နေ့မရောက်ခင်ကတည်းက ကြိုတင်တန်းစီပြီး စောင့်ဆိုင်းတာတွေ ရှိခဲ့ပါတယ်။ အဲ့လိုစောင့်ဖို့ ကိုယ်ပိုင်အချိန်တွေကို အဆုံးရှုံးမခံဘဲ ပိုက်ဆံနဲ့ လဲလှယ်ခဲ့တာတွေလည်းရှိပါတယ်။ အဲဒါကတော့ တန်းစီဖို့ လူငှားတာပါပဲ။ အဲလိုအချိန်အကြာကြီး တန်းစီခိုင်းဖို့ အတွက် အသစ်ထွက်တဲ့ iPhone ရဲ့ တန်ကြေးထက် ပိုများတဲ့ ငွေပမာဏတွေ ပေးခဲ့ကြရပါတယ်။

သမီးအရင်းကိုရောင်းစားတယ်

တရုတ်နိုင်ငံက လင်မယားနှစ်ယောက်က သူတို့ရဲ့ မွေးကင်းစ သမီးငယ်လေးကို ယွမ် (၅၀၀၀၀) နဲ့ရောင်းစားခဲ့ပြီး iPhone အပါအဝင် ဇိမ်ခံပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။ တရားမဝင်တဲ့ အတွက် အဖမ်းခံရတဲ့ အချိန်မှာ သူတို့ပြောခဲ့တဲ့စကားကတော့ “မချစ်လို့ရောင်းစားခဲ့တာမဟုတ်ပါဘူး။ ကျုပ်တို့နဲ့နေရင် ကလေးရဲ့ အနာဂတ်မလှပမှာစိုးလို့ ကလေးရဲ့ ပညာရေးကို အပြည့်အဝ ထောက်ပံ့ပေးနိုင်မယ့် လူတွေဆီကို ပို့ပေးခဲ့ပါ” လို့ပြောကြားခဲ့ပေမယ့် အာဏာပိုင်တွေက မယုံကြည်ခဲ့ပါဘူး။

သုက်ပိုး လှူတယ်

(၂၀၁၅) ခုနှစ်မှာ တရုတ်နိုင်ငံမှာရှိတဲ့ သုတ်ပိုးစုဆောင်းရေးဘဏ် တွေက မျိုးအောင်တဲ့ သုက်ပိုးလှူဒါန်းနိုင်သူကို iPhone 6s အသစ်တစ်လုံး ဝယ်ပေးမယ်လို့ကြေညာခဲ့ဖူးပါတယ်။ ကြေညာချက်မှာရေးခဲ့တဲ့ စွဲဆောင်မှုရှိတဲ့ စာသားလေးကတော့  “ကျောက်ကပ်ရောင်းဖို့ မလိုပါဘူး” တဲ့ ။ လှူလိုက်ကြတာ မနည်းမနောပါပဲ ။

ကန်ထဲကရေတွေကို စုပ်ထုတ်တယ်

ဂျာမန်ကျောင်းသားလေးတစ်ဦးက သူ့ရဲ့ iPhone ရေကန်ထဲကျသွားတဲ့အတွက် ကန်ထဲက ရေတွေအကုန်လုံးကို စုပ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ ရေထဲကျသွားတဲ့ iPhone ကိုပြန်ရဖို့ ပထမဦးဆုံး ကြံစည် ခဲ့တာကတော့ Fishing Club ကိုသွားပြီး ရေငုပ်ဝတ်စုံ ငှားရမ်းတာ ဖြစ်ပါတယ်။ Club က မငှားရမ်းခဲ့တဲ့အတွက် ည အချိန်မတော်မှာ ရေကန်ကိုတစ်ယောက်တည်းလာပြီး ရေစုပ် pump တစ်လုံး ၊ ရေပိုက်နှစ်ချောင်းနဲ့ ကန်ထဲကရေတွေကို စုပ်ထုတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ရေတွေက ကားရပ်နားတဲ့နေရာတွေပေါ် တဖြည်းဖြည်း ပျံ့နှံ့ ဖုံးလွှမ်းလာတဲ့အတွက် ရပ်ကွက်က ရဲကို အကြောင်းကြားခဲ့ပါတယ်။ အဖမ်းခံရချိန်မှာတောင် နောင်တမရဘဲ “ဒါအလုပ်ဖြစ်တယ်ဗျ” လို့ ကြွေးကြော် နေပါသေးတယ်။

အမေကို သတ်ဖို့ကြိုးစားတယ်

(၁၂) နှစ်အရွယ် သမီးငယ်က သူ့ရဲ့ iPhone ကို အမေဖြစ်သူက သိမ်းယူခဲ့တဲ့အတွက် (၂) ကြိမ်တိုင်တိုင် လုပ်ကြံဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အမေဖြစ်သူက ရေချိုးကန်ထဲမှာ ဓာတုချွတ်ဆိုးအနံ့တွေ ရနေတာကို သတိထားမိခဲ့လို့ သမီးကို မျက်နှာချင်းဆိုင်မေးမြန်းခဲ့ရာက ဝန်ခံခဲ့တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ first-degree murder အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

ရည်းစားကို ငှားတယ်

(၂၀၁၄) ခုနှစ်မှာ တရုတ်နိုင်ငံ Songjiang တက္ကသိုလ်မှ ကျောင်းသားတစ်ဦးက iPhone 6 ကိုဝယ်ချင်စိတ်အလွန်ပြင်းပျ ခဲ့တဲ့အတွက် ဆင်ခြင်ညဏ်ကင်းမဲ့စွာနဲ့ သူ့ချစ်သူကို အခြားသူတွေထံ နာရီပိုင်း ၊ ရက်ပိုင်းနဲ့ လပိုင်း အထိ အခကြေးငွေနဲ့ ငှားရမ်းမယ်လို့ ကြေညာခဲ့ဖူးပါတယ်။

Ref: Gadgetsntdv

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category