0 Shares 92 Views

Update တွေကိုအမြန်ဆုံး install လုပ်နိုင်မယ့် Platform တစ်ခု မိတ်ဆက်ဖို့ Microsoft စီစဉ်

Nov 05, 2016
0 92

Microsoft အနေနဲ့ PC ပေါ်ကနေ Update တွေကို အမြန်ဆုံး install လုပ်နိုင်မယ့် Unified Update Platform (UUP) ကို Windows 10 Creators Update နဲ့အတူ မိတ်ဆက်ပေးဖို့ စီစဉ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ Windows 10 update ဟာ (အထူးသဖြင့် PC ပေါ်မှာ) install လုပ်ဖို့ အချိန်အတော်ပေးရ တဲ့အတွက် User တွေရဲ့ Feedback တွေတက်လာတဲ့အပေါ်မှာ Microsoft အနေနဲ့ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကို အကောင်းဆုံးစဉ်းစားခဲ့ပြီး အခုလိုမျိုး UUP ကိုမိတ်ဆက်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

UUP ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ PC ပေါ်က update တွေရဲ့ download size တွေကို (၃၅) ရာခိုင်နှုန်းအထိ လျော့ချပေးမှာဖြစ်တဲ့အတွက် update တွေကို download ဆွဲပြီး install လုပ်တဲ့အခါ ပိုမိုမြန်ဆန်လာစေမှာဖြစ်ပါတယ်။ Windows 10 Mobile User တွေအတွက်ကိုလည်း UUP က data ပမာဏ ကိုလျော့ပေးမယ့်အပြင် processing ပမာဏကိုပါ လျော့နည်းစေမှာဖြစ်ပါတယ်။

ဒါ့အပြင် UUP က Windows 10 Mobile Users တွေအတွက် (PC user တွေရင်းနှီးပြီးသားဖြစ်တဲ့) ‘one-hop’ update ကိုပါ မိတ်ဆက်ပေးမှာဖြစ်ပြီး ‘one-hop’ ရဲ့ လုပ်ဆောင်ချက်ကတော့ ဘယ်လောက်ဟောင်းတဲ့ version မှာ ရှိနေနေ lastest built ကို တိုက်ရိုက် download လုပ်ပေးမှာဖြစ်ပါတယ်။ လက်ရှိ user တွေ latest built ကိုရဖို့ အကြိမ်များစွာ update ပြုလုပ်နေရတာကို အကောင်းဆုံးဖြေရှင်းမယ့် feature ဖြစ်ပါတယ်။

UUP ကို Windows Insider Member တွေအတွက် သီးသန့်အရင်ထုတ်ပေးမှာဖြစ်ပြီး မကြာခင်မှာ Windows 10 Creators Update နဲ့အတူ User အားလုံးဆီကို commercially ဖြန့်ချိပေးမှာဖြစ်တယ်လို့သိရပါတယ်။

Ref: Gadgets360

You may be interested

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
673 shares408 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်
Apple, Huawei, HUBS
314 shares202 views

Huawei က AI Phone အစစ်ကို နောက်လမှာ ပြသမယ်လို့ ပြောခြင်းဖြင့် Apple ကို လှောင်ပြောင်

Ko Thuya - Sep 19, 2017

Counterpoint Research ရဲ့ စစ်တမ်းအရ Huawei ဟာ Apple ကို ပထမဆုံးအကြိမ်ကျော်တက်ပြီး ဇွန်နဲ့ ဇူလိုင်လများမှာ ကမ္ဘာ့ ဒုတိယ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာခဲ့ပါတယ်။ အခုလည်း Huawei က Apple ကို…

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို
Apple, smartwatch
178 shares65 views

Apple Wach Series 3 က iPhone X ထက် လတ်တလော ပိုမို ရောင်းအားမြှင့်တက်နေသည်ဟုဆို

Zar Ni Nyein Tun - Sep 19, 2017

Apple ရဲ့ ထုတ်ကုန်ဝယ်လိုအားဖော်ပြမှုမှတ်တမ်းကို KGI လုံခြုံရေးအဖွဲ့အစည်းက Ming-Chi Kuo မှ ဒီနေ့မှာ ဖော်ပြခဲ့ပြီး iPhone X ရဲ့ ပြည်ပဝယ်လိုအားအပေါ် တင်ပို့မှုကို သုံးသပ်ခဲ့ပါတယ်။ iPhone X ရဲ့ ကြိုတင်ဝယ်ယူမှုဟာ ဒီလထဲမှာ အရှိန်အဟုန်နဲ့ မြှင့်တက်ခဲ့တယ်ဆိုပေမယ့်…

Most from this category