0 Shares 37 Views

တစ်စက္ကန့်လျှင်တွက်ချက်မှုပေါင်းဘီလျှံသန်းတစ်ထောင်ပြုလုပ်နိုင်မည့် စူပါကွန်ပျူတာကိုတရုတ်စီစဉ်

တရုတ်ကလက်ရှိ စူပါကွန်ပျူတာဖြစ်တဲ့ Tianhe-1A ထက်အဆပေါင်း တစ်ထောင်ပိုမြန်မယ့် စူပါကွန်ပျူတာကို လာမယ့် နှစ်နှစ်အတွင်းတည်ဆောက်မယ့် ခေတ်သစ်ကွန်ပျူတာမျိုးဆက်သစ်တွေရဲ့ အစီအစဉ် တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

Tianjin မှာရှိတဲ့ အမျိုးသားစူပါကွန်ပျူတာဌာန ကထုတ်ပြန်ချက်အရ စူပါကွန်ပျူတာကို လာမယ့် ၂၀၁၇နဲ့ ၂၀၁၈ခုနှစ်အတွင်းမှာ အပြီးတည်ဆောက်မှာဖြစ်ပြီး တစ်စက္ကန့်မှာ တွက်ချက်မှုပေါင်း ဘီလျှံသန်းတစ်ထောင်ကို လုပ်ဆောင်နိုင်မယ့် တစ်ခုတည်းသော ကွန်ပျူတာဖြစ်လာမှာဖြစ်တယ်လို့ အဲ့ဒီဌာနအကြီးအကဲ Meng Xiangfei က သောကြာနေ့က ပြောကြားခဲ့ပါတယ်။

Exascale Computing (တွက်ချက်မှုဘီလျှံသန်းတစ်ထောင်) ပြုလုပ်ချက်ဟာ စူပါကွန်ပျူတာတွေအပေါ်မှာ နောက်ထပ်တိုးတက် ရောက်ရှိလာမယ့် နည်းပညာတစ်ခုဖြစ်ပြီး ကွန်ပျူတာအင်ဂျင်နီယာ နည်းပညာ ရဲ့ နောက်ထပ်တိုးတက်မှု ပြယုဂ် တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်ရဲ့ Tianhe-1A ကွန်ပျူတာဟာ ကမ္ဘာ့အမြန်ဆုံးကွန်ပျူတာစနစ်တစ်ခု အဖြစ် အရင်ရှိခဲ့တဲ့ Tianhe-2 ကိုကျော်ဖြတ်ပြီး ၂၀၁၀ တုန်းကမှတ်တမ်းတင်ခံထားရတာဖြစ်ပါတယ်။ ၄င်းဟာ တစ်ရက်ကို အသုံးပြုသူ ၁၀၀၀ကျော်အတွက် တွက်ချက်မှုပေါင်း ၁၄၀၀ကျော် ပြုလုပ်ပေးလျက်ရှိပါတယ်။

အခုပြုလုပ်မယ့် ကွန်ပျူတာကို ကမ္ဘာ့ဆီဈေး ကျဆင်းမှုအချက်အလက်တွေ၊ အန်နီမေးရှင်းနဲ့ဗီဒီယို ပြုလုပ်ချက်တွေပြုလုပ်ဖို့၊ ဇီဝဆေးသိပ္ပံအချက်အလက်တွေ ပြုလုပ်ဖို့အဓိကအသုံးပြုမှာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN
FEATURES, Softwares & Application
0 shares0 views

နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များကို ကျော်၊ ခွ ကြည့်လို့ရမယ့် TunnelBear VPN

Ko Thuya - Jun 21, 2018

TunnelBear VPN ဟာ အခမဲ့ VPN ၀န်ဆောင်မှုများထဲမှာ နာမည်ကြီးပါတယ်။ VPN များဟာ နိုင်ငံကန့်သတ်ချက်ရှိတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံကနေ ကြည့်ရှုလို့ မရတဲ့ ၀က်ဆိုက်များ၊ ၀န်ဆောင်မှုများကို သင်က ကျော်ခွ၍…

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်
NEWS, smartwatch
62 shares19 views

Garmin က စမတ်နာရီ အသစ်များကို မိတ်ဆက်

Ko Thuya - Jun 21, 2018

အမေရိကန် နည်းပညာ ကုမ္ပဏီ Garmin က Fitness Tracker/ Smartwatch အသစ်များကို ပြသလိုက်ပါတယ်။ Fenix 5 Plus ၊ Fenix 5S Plus နဲ့ Fenix 5X Plus တို့ ဖြစ်ပါတယ်။…

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်
Local News
61 shares6 views

သင်္ကြန်နှစ်ကူးကံစမ်းမဲဆုချီးမြှင့်ခြင်းနဲ့အတူ Samsung Myanmar ရဲ့”Bring the Big Game Home” အစီအစဉ်

Nwe Oo - Jun 21, 2018

[Zawgyi] မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် Samsung Myanmar သည် သင်္ကြန်ပွဲတော်အထိမ်းအမှတ် “Samsung Love Myanmar” ကံစမ်းမဲအထူးအစီအစဉ်၏ Suzuki Ciaz Car ကံထူးရှင်အပါအဝင် အခြား ဆုမဲများပေါင်း ၁၆၀ ကျော်ကို ကံထူးသွားသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို…

Most from this category