0 Shares 24 Views

လုံခြုံရေးဆိုင်ရာ ပြောင်းလဲမှု များစွာ ပြုလုပ်ထားတဲ့ Chrome Browser ဗားရှင်းအသစ် ထွက်ရှိ

Jan 25, 2016
0 24

Google ကုမ္မဏီဟာ Linux ၊ Windows နဲ့ OS X စတဲ့ အော်ပရေးရှင်း စနစ်တွေအတွက် Chrome browser ရဲ့ ဗားရှင်းအသစ် V48.0.2564.82 ကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒီ ဗားရှင်းအသစ်မှာတော့ ပြုပြင်မှုမြောက်များစွာနဲ့ အဆင့်မြှင့်တင်ထားမှုတွေကို မိုဘိုင်းဗားရှင်းအတွက်ရော ကွန်ပျူတာပီစီ ဗားရှင်းအတွက်ပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Chrome ရဲ့ ဗားရှင်း 48 မှာတော့ အဓိက အားနည်းချက်တစ်ခုဖြစ်တဲ့ Memory Error ဖြစ်ပေါ်မှုကို ဖြေရှင်းနိုင်ဖို့အတွက် AddressSanitizer ၊ Control Flow Integrity နဲ့ MemorySanitizer ကုဒ်တွေကို အသုံးပြုတည်ဆောက်ထားတယ်လို့ Google ရဲ့  ဘလော့ဂ်စာမျက်နှာ မှာ ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီ Chrome ရဲ့ ဗားရှင်းအသစ်ဟာ လုံခြုံရေးအတွက် ပြုပြင်ပြောင်းလဲမှု ၃၇ ခုခန့်ကို လုပ်ဆောင်ထားပါသေးတယ်။

လောလောဆယ်မှာတော့ Chrome ရဲ့ ဗားရှင်း 48 ဟာ Windows ၊ Mac နဲ့ Linux တို့မှာပဲ အသုံးပြုလို့ရနိုင်ဦးမှာဖြစ်ပြီး အခြား အဓိက မိုဘိုင်းလ်စနစ်တွေဖြစ်တဲ့ iOS နဲ့ Android တို့အတွက် ကတော့ စမ်းသပ်နေဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Chrome ရဲ့ ဗားရှင်းအသစ်မှာ ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုအနေနဲ့ ပါဝင်လာမှာက ၀က်ဘ်ဆိုက်တွေမှာ အသိပေးမှု (Notification) ကို စိတ်ကြိုက်ထည့်သွင်းခွင့် ဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ အဲဒီ အသိပေးမှုဘား(Notification Bar) အတွင်းမှာတင် လုပ်ဆောင်ချက်တစ်ခုခုကို ပြုလုပ်ခွင့်ရနိုင်မှာ ဖြစ်ပါတယ်။

ပြောင်းလဲသွားတဲ့နောက်တစ်ခုကတော့ Chrome ရဲ့ ဗားရှင်းအသစ်ဟာ HTTPS ကွန်နက်ရှင်မှာ Stream Cipher လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ RC4 cipher ထောက်ပံ့မှုကို ဖယ်ရှားပစ်ခဲ့ပါတယ်။ အခြား Browser အများအပြားမှာ RC4 cipher လုပ်ဆောင်ချက် ကို support ရရှိနေသေးတာမှန်ပေမယ့် Google ကတော့ error တွေ ခဏခဏ ဖြစ်ပေါ်စေတဲ့ RC4 Cipher လုပ်ဆောင်ချက်ကို လက်လွှတ်ခဲ့ပါတယ်။

နည်းပညာ ကျွမ်းကျင်သူ တွေရဲ့ ပြောဆိုမှုတွေအရတော့ Android နဲ့ iOS ဗားရှင်းတို့အတွက် စမ်းသပ် တည်ဆောက်နေတဲ့ Chrome Browser ဗားရှင်း 48 ဟာ သုံးစွဲသူတွေရဲ့ ဖုန်းမှာ ရယူနိုင်တဲ့ အင်တာနက် ကွန်နက်ရှင် အမြန်နှုန်း တွေကို ပိုမိုကောင်းမွန်စွာ ရယူပေးနိုင်မယ့် လုပ်ဆောင်ချက်အသစ် တစ်ခု ကိုလည်း ထည့်သွင်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ Chrome ရဲ့ ဗားရှင်းအသစ်ကို Android နဲ့ iOS တို့အတွက် ဘယ်အချိန်မှာ ထုတ်လုပ်မယ်ဆိုတာကိုတော့ Google က ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။

Ref : Gadgets 360

You may be interested

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram
NEWS
0 shares0 views

IGTV ဆိုတဲ့ App အသစ်ကိုဖန်တီးလိုက်တဲ့ Instagram

Nwe Oo - Jun 24, 2018

[Zawgyi] ၂၀၁၀ စတည်ထောင်တဲ့အချိန်ကနေ ဒီနေ့ထိဆိုရင် Instagram ကိုအသုံးပြုသူပေါင်း ၁ဘီလီယံရှိသွားပြီဖြစ်ပြီး ဒီကြေညာချက်နဲ့အတူ စိတ်ဝင်စားစရာ App တစ်ခုပါ ထွက်ရှိလာခဲ့ပါပြီ။ သူကတော့ Instragram မှာ ဒေါင်လိုက် ဗီဒီယိုအရှည်တွေကို ကြည့်လို့ရနိုင်မယ့် IGTV ဆိုတဲ့ App အသစ်လေးဖြစ်ပြီး ဗီဒီယိုဖန်တီးသူတွေအတွက်…

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်
Automobiles, Mobiles & Tablets, NEWS
73 shares18 views

ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါးကို Unlock လုပ်ခြင်းများ ပြုလုပ်နိုင်တော့မည်

Ko Thuya - Jun 24, 2018

စမတ်ဖုန်းများဟာ လူတွေနဲ့ အနီးဆုံးရှိတဲ့ ကိရိယာများ ဖြစ်လာသလို သူ့မှာ စွမ်းရည်များ ပိုမိုများပြားအောင်လည်း ထည့်သွင်းပေးနေကြပါတယ်။ အခုလည်း စမတ်ဖုန်းကနေ ကားစက်နှိုးခြင်း၊ ကားတံခါများ ဖွင့်ခြင်းများကို ပြုလုပ်နိုင်မယ့် စံနှုန်းတစ်ခုကို သတ်မှတ်လိုက်ပါတယ်။ Car Connectivity Consortium (CCC) က Digital…

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ
FEATURES, gadgets
70 shares16 views

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

Ko Thuya - Jun 24, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Stair Steady လှေကားများဟာ သက်ကြီး…

Most from this category