0 Shares 17 Views

အိမ်မှာထိုင်နေရင်း ဥရောပရဲ့အမြင့်ဆုံးတောင်တန်းကို တက်နိုင်မယ့် Google ရဲ့ Street View

Jan 25, 2016
0 17

အန္တရာယ်အလွန်များပြားတဲ့တောင်တက်အားကစားနည်းကို နှစ်ခြိုက်ပေမယ့်လည်း တကယ်တောင်တက်နိုင်ဖို့ အခြေအနေမပေးသူတွေအနေနဲ့ ယခုအခါ Google Street View ကို အသုံးပြုပြီး ဥရောပရဲ့ အမြင့်ဆုံးတောင်တစ်ခုဖြစ်တဲ့ Mont Blanc ကို တွယ်တက်နိုင်ပါပြီ။

ရှာဖွေရေးအင်ဂျင်ကုမ္ပဏီကြီး Google ဟာ တောင်တက်သူတွေ၊ နှင်းလျှောစီးသူတွေ၊ တောင်ပေါ်ရှုခင်းဓာတ်ပုံပညာရှင်တွေနဲ့ ပူးပေါင်းကာ၊ Alps တောင်တန်းက Mont Blanc တောင်ရဲ့ အသေးစိတ် ၃၆၀ဒီဂရီအပြည့် မြင်ကွင်းကို ရိုက်ကူးယူပြီး Google Maps ရဲ့ Street View မှာ တင်ပေးခဲ့ပါတယ်။

Google ရဲ့ ယခုဝန်ဆောင်မှုကြောင့် သင်ဟာ အင်တာနက်ရှိရုံနဲ့ အိမ်မှာအေးအေးလူလူထိုင်ပြီး၊ ကွန်ပြူတာက မောက်စ်ကိုသုံးကာ တောင်ပေါ်တောင်အောက်အတက်အဆင်းလုပ် တာ၊ နှင်းလျှောစီးတာ၊ ရေခဲဖုံးကျောက်ကမ်းပါးတွေကို တွက်တက်တာတွေ လုပ်နိုင်ပြီဖြစ်ပါတယ်။

” လက်ဖျားခါရလောက်အောင်တော်တဲ့စွန့်စားသူတွေနဲ့ အတူပူးပေါင်းပြီး၊ Street View အဖွဲ့ဟာ Mont Blanc တောင်ထုကြီးရဲ့ ပုံစံကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ပါတယ်။ စိတ်မကောင်းဖြစ်စရာပဲ Mont Blanc ရဲ့ ရေခဲပြင်ချပ်တွေဟာ ရာသီဥတုပြောင်းလဲမှုကြောင့် လျော့ပါးလာနေပါပြီ”

“ဒါကြောင့် ယခု Street View ပုံရိပ်ဟာ Mont Blanc ရဲ့ ယခုပုံစံကို ဒီဂျစ်တယ်မှတ်တမ်းတစ်ခုအဖြစ်လည်း ရှိနေနိုင်မှာဖြစ်ပါတယ်။
တကယ်လို့ နောင်တစ်ချိန်ချိန်မှာ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေနဲ့ သိပ္ပံပညာရှင်တွေဟာ ယခုပုံရိပ်ကိုကြည့်ပြီး တောင်ရဲ့ပုံစံ ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာ လေ့လာကြည့်ရှုနိုင်မှာပါ”

လို့ Mont Blanc street view ပရောဂျက်အဖွဲ့ရဲ့ ခေါင်းဆောင် Sandy Russell က ပြောပါတယ်။
Google ဟာ သွားလာရခက်ခဲတဲ့နေရာအများအပြားကို ပုံရိပ်ဖော်မြေပုံရေးဆွဲလျက်ရှိပြီး အဆိုပါနေရာတွေထဲမှာ ဘရာဇီးကျွန်းစုက လင်းပိုင်အပြည့်ပင်လယ်ရေပြင်၊ Nelson Mandela ရဲ့ အချုပ်ခန်း တို့ပါဝင်ပါတယ်။

Ref: Mirror

You may be interested

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard
FEATURES, Games
26 shares8 views

ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Legend of Solgard

Ko Thuya - Sep 22, 2018

Legend of Solgard ဟာ Candy Crush Series များကို ဖန်တီးထားတဲ့ King ရဲ့ လက်ရာ အသစ်တစ်ခု ဖြစ်ပါတယ်။ RPG Game ဖြစ်ပြီး တိုက်ခိုက်ရေး ဂိမ်း ဖြစ်ပါတယ်။ ဇာတ်ကောင်များကို စုဆောင်းပြီး သူတို့ရဲ့…

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု
Android, FEATURES, HUBS
118 shares40 views

Android မှာ Mobile Data သက်သာချင်ရင် ဆောင်ထားရမယ့် App (၄) ခု

Ko Thuya - Sep 22, 2018

Android မှာ Facebook လို လူမှုကွန်ရက်များ အသုံးပြုခြင်း၊ ၀က်ဆိုက်များကြည့်ခြင်း အပါအ၀င် အင်တာနက် အသုံးပြုတဲ့ လူများအတွက် မိုဘိုင်းဒေတာကို သက်သာစေတဲ့ Apps များ ရှိပါတယ်။ အဲဒီ Apps များထဲမှ သင်နဲ့ သင့်တော်တဲ့ တစ်ခုကို ရွေးချယ်…

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ
Android, HUBS, Mobiles & Tablets
147 shares27 views

Xiaomi Redmi Y2 အတွက် အပြာနဲ့ အနက်ရောင်များ ထွက်ပြီ

Ko Thuya - Sep 22, 2018

ရှောင်မီက မေလမှာ Redmi S2 ကို ကြေညာခဲ့ပါတယ်။ သူ့ကို အိန္ဒိယမှာ Redmi Y2 အမည်နဲ့ ရောင်းချပေးခဲ့ပြီး ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ Xiaomi India က Redmi Y2 အတွက်…

Most from this category