1 Shares 779 Views

Android User တွေအတွက် Adobe ရဲ့ Photoshop App (၃) ခု

Nov 04, 2016
1 779

Android User တွေရဲ့ ဆန္ဒတွေပြည့်ဝလာခဲ့ပါပြီ။ ယခင်က iOS အတွက်သာထွက်ရှိထားတဲ့ Adobe ရဲ့ Photoshop App တွေဟာ အခုအချိန်မှာတော့ Android အတွက်ပါ အခမဲ့အနေနဲ့ ထွက်ရှိလာပြီဖြစ်ပါတယ်။

ထွက်ရှိလာတဲ့ Software တွေကတော့ Photoshop Sketch , Photoshop Fix နဲ့ Comp CC တို့ဖြစ်ပါတယ်။ Photoship Sketch နဲ့ Photoshop Fix တို့ဟာ Digital ဓာတ်ပုံဆရာတွေနဲ့ ပန်းချီပညာရှင်တွေအတွက် အကောင်းဆုံးသော App တွေဖြစ်ပြီး Comp CC ကတော့ graphic designer တွေအတွေ layout & mockup software ဖြစ်ပါတယ်။

32Photoshop Fix

Photoshop Fix ကတော့ PC ပေါ်မှာသုံးတဲ့ Photoshop နည်းတူ သင့်ရဲ့ Android ဖုန်းပေါ်က ဓာတ်ပုံတွေကို အကောင်းဆုံး ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ Adobe ရဲ့ Official App ဖြစ်တဲ့အတွက် Photoshop Fix ကို သုံးဖို့ Adobe account တစ်ခုဖွင့်ရမှာဖြစ်ပြီး ဒါကလည်း အလွယ်တကူဖွင့်လို့ရပါတယ်။ PC နဲ့ Mobile တွေအားလုံးမှာ အသုံးပြုနေတဲ့ Adobe work တွေအကုန်လုံးကို ချိတ်ဆက် အသုံးပြုချင်ရင်တော့ Creative Cloud Account တစ်ခု ဖွင့်ရမှာဖြစ်ပါတယ်။ ဖုန်းပေါ်မှာသုံးရုံပဲဆိုရင်တော့ Adobe account ဖွင့်ပြီး စိတ်ကျေနပ်စွာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Download Photoshop Fix Here

2ddPhotoshop Sketch

Photoshop Sketch ကတော့ ဒီဇိုင်းသမားတွေအတွက် ပိုသင့်တော်ပါတယ်။ Animators နဲ့ illustrators တွေကို ၄င်းမှာပါဝင်တဲ့ tools (၁၁) ခုနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Digital Art တွေကို ဖုန်းပေါ်ကနေဖန်တီးချင်တဲ့ သူတွေအတွက် အကောင်းမွန်ဆုံး App တစ်ခုဖြစ်ပါတယ်။ Photoshop Fix လိုပါပဲ Device တစ်ခုကနေ နောက်တစ်ခုကို work တွေ transfer လုပ်ချင်ရင်တော့ CC acount တစ်ခုလိုအပ်မှာ ဖြစ်ပါတယ်။

Download Photoshop Sketch Here

1Comp CC

ဖုန်းပေါ်ကနေ အကောင်းဆုံးသော web design တွေ ရေးဆွဲနိုင်တာက စိတ်ကျေနပ်စရာပါပဲ။ Graphic designer တွေ အတွက်တော့ အသုံးဝင်ဆုံးသော App တစ်ခုဖြစ်မှာသေချာပါတယ်။ Layout design တွေကို အကောင်းမွန်ဆုံးဖန်တီးနိုင်ပြီး PC ပေါ်က Photoshop CC , Illustrator CC , InDesign CC တို့နဲ့လည်း တွဲဖက်ပြီး အကောင်းဆုံးလုပ်ဆောင်နိုင်ပါသေးတယ်။

Download Photoshop Comp CC Here

Ref: droid-life

You may be interested

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်
Mobiles & Tablets, NEWS
346 shares89 views

Apple က iPhone X ကို စတင် ထုတ်လုပ်နိုင်ခြင်း မရှိသေးဟု သတင်းထွက်ပေါ်

Ko Thuya - Sep 22, 2017

မကြာခင်ကပဲ Apple ဟာ ဖုန်း အစိတ်အပိုင်း ရရှိမှု အခက်အခဲများကြောင့် iPhone X ကို သတ်မှတ်ထားတဲ့ နေ့ရက်ထက် နောက်ကျပြီးမှ ရောင်းချနိုင်မယ်ဆိုတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း နောက်ထပ် သတင်းအရင်းအမြစ်တစ်ခုက လူအများစုဟာ ဒီနှစ်ထဲမှာ iPhone X ကို…

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap
Gadgets, NEWS
175 shares33 views

ဖုန်းမှ ရောဂါပိုးမွှားများကို သတ်ပေးသလို အားလည်းသွင်းပေးမယ့် PhoneSoap

Ko Thuya - Sep 22, 2017

စမတ်ဖုန်းများမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားများဟာ အိမ်သာကထက်တောင် ပိုမိုများပြားတယ်ဆိုတဲ့ သုတေသနရလဒ်များစွာ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများကို အမြဲတမ်း သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေး ပြုလုပ်ဖို့အတွက် ဆပ်ပြာများ၊ ပေါင်ဒါအမှုန့်များကို အသုံးပြုခြင်းဟာ ဖုန်းကို ပျက်ဆီးစေပါတယ်။ အဲဒီအတွက် PhoneSoap အမည်ရ…

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ
Security & Safety
138 shares47 views

CCleaner ကနေတဆင့် ဝင်ရောက်ပြီး ကုမ္ပဏီကြီးများကို တိုက်ဖို့လုပ်ခဲ့တဲ့ Hacker များ

Zar Ni Nyein Tun - Sep 22, 2017

Cisco က လုံခြုံရေး သုတေသနများက ထုတ်ပြန်လိုက်တဲ့ သတင်းအရ လုံခြုံရေးချိုးဖောက်မှုတစ်ခုဝင်ရောက်လာပြီး သတိပေးချက်တွေမြည်ခဲ့တယ်လို့ဆိုပါတယ်။ပထမတော့ စက်ပစ္စည်းချွတ်ယွင်းမှုကြောင့် ထမြည်တဲ့မြည်သံလို့ထင်ပြီး ဟက်ကာတွေရဲ့ တိုက်ခိုက်မှုကို သတိပေးမှန်းမသိဖြစ်ခဲ့ပါတယ်။Cisco ဟာ စက်ပေါင်း 20ကျော်နဲက လည်ပတ်နေတဲ့ ကုမ္ပဏီတခုဖြစ်ပြီး ကုမ္ပဏီခွဲ 8 ခုရှိတာဖြစ်ပါတယ်။ဒုတိယအကြိမ် သတိပေးချက် အမြည်မှာ…

Most from this category