0 Shares 827 Views

Android ဟာ iOS နီးပါးလောက် လုံခြုံလာပြီဖြစ်ကြောင်း Google ဆို

Nov 03, 2016
0 827

Android ရဲ့ ရှက်ဖွယ်ကောင်းတဲ့ အားနည်းချက်တစ်ခုကတော့ သူတို့ရဲ့ တရားမဝင်ပဲ အားနည်းတဲ့ လုံခြုံရေးပိုင်းပဲ ဖြစ်ပါတယ်။ Google ရဲ့ iOS နဲ့ အမြဲနှိုင်းယှဉ်ခံရပြီး အောက်ကျနောက်ကျ အဖြစ်ဆုံးအပိုင်းကလည်း လုံခြုံရေးပိုင်းဆိုင်ရာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်အပေါ် Google ရဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ Adrian Ludwig ကသဘောမတူခဲ့ပါဘူး။

မနေ့က မန်ဟက်တန်မှာပြုလုပ်ခဲ့တဲ့ပွဲမှာ Ludwig ဟာ Google ရဲ့ မိုဘိုင်းလ်ပလက်ဖောင်းက လုံခြုံရေးပိုင်းဆိုင်ရာ အဆင့်မြှင့်လာမှုအပေါ် အခုလိုမှတ်ချက်ပြုခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပြိုင်ဘက်နဲ့အခုလို တိုက်ရိုက်နှိုင်းယှဉ်လိုက်တာလည်း ဖြစ်ပါတယ်။ သူက iPhone တွေကို လိုက်မှီနိုင်လောက်တဲ့ လုံခြုံရေးစနစ်တွေ ရှိပြီးဖြစ်ကြောင်းပြောပါတယ်။

အဲ့ဒီအပြင်သူက Android ပစ္စည်းတွေဟာ ပိုမိုကောင်းမွန်တဲ့နေရာတစ်နေရာကို ရောက်ရှိလာပြီဖြစ်ကြောင်းလည်း ဆိုပါတယ်။ သူက Android စနစ်ရဲ့ Built-in လုံခြုံရေးထုတ်ကုန်တွေကို “Safty Net” လို့ခေါ်ပြီး ဒီဝန်ဆောင်မှုဟာ ယခုအခါမှာ ပစ္စည်းပေါင်း သန်း၄၀၀ မှာတပ်ဆင်ထားပြီး နေ့စဉ်အသုံးပြုလျက်ရှိကြောင်းဆိုပါတယ်။

Ref: 9to5 Google

Facebook Comments

You may be interested

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်
Mobiles & Tablets, NEWS
0 shares70 views

Huawei က အနောက် ကင်မရာ နှစ်လုံး ပါတဲ့ Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်

Ko Thuya - May 28, 2017

Huawei က စွမ်းဆောင်ရည်သင့် Nova 2 နဲ့ Nova 2 Plus တို့ကို မိတ်ဆက်လိုက်ပြီး စွမ်းဆောင်ရည်မြင့် P Series များနဲ့ ဆင်တူတဲ့အတွက် အလွန် လှပ ပါတယ်။ ထူးခြားတာက စွမ်းဆောင်ရည်သင့် ဖုန်းများမှာ အနောက်ကင်မရာ…

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes
Audio & Video, Gadgets, NEWS
0 shares85 views

သင် Porn ကြည့်နေတာကို လူမမိအောင် ကာကွယ်ပေးမယ့် Minimeyes

Ko Thuya - May 28, 2017

Minimeyes ဟာ အထူးပြုလုပ်ထားတဲ့ Motion Sensor တစ်ခု ဖြစ်ပြီး သင့် အခန်းထဲကို လူတစ်ယောက် ၀င်လာတာနဲ့ သင့် ကွန်ပြူတာ ဘရောက်စာ ၀င်းဒိုးနဲ့ အသံများကို ချက်ချင်း အလိုအလျှောက် ပိတ်ပေးနိုင်ပါတယ်။ အဲဒီ အတွက် သင့် ကွန်ပြူတာမှာ…

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ
Mobiles & Tablets, NEWS, Security & Safety
0 shares71 views

iPhone နဲ့ iPad ကြောင့် လေယာဉ်ပျက်ကျခဲ့သလား ဆိုတာကို စုံစမ်းနေ

Ko Thuya - May 28, 2017

၂၀၁၆ ခုနှစ် မေလမှာ Egypt Air လေကြောင်းပိုင် လေယာဉ်တစ်စီးဟာ ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းလာစဉ် ပျက်ကျခဲ့ပါတယ်။ အခုတော့ ပြင်သစ် စုံစမ်းရေးမှူးများက လေယာဉ်ပေါ်ပါ iPhone 6S နဲ့ iPad Mini 4 တို့ရဲ့ ဘက်ထရီ…

Most from this category