0 Shares 31 Views

Google ရဲ့ အခမဲ့ Wi-Fi ကွန်ရက် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ စတင်ရရှိ

Jan 25, 2016
0 31

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ဘူတာရုံမှာ အများပြည်သူသုံး၊ မြန်နှုန်းမြင့် Wi-Fi အင်တာနက်လိုင်းကို အခမဲ့၊ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Google India နဲ့ အိန္ဒိယမီးရထားဌာနရဲ့ လက်အောက်ခံဌာနခွဲ RailTel တို့က သောကြာနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ Mountain View မြို့မှာအခြေစိုက်တဲ့ Google ရုံးချုပ်ကို လွန်ခဲ့တဲ့စက်တင်ဘာလတုန်းက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ အလည်အပတ်သွားရောက်ခဲ့ပြီးနောက်မှာ အင်တာနက်ကုမ္ပဏီကြီး Google ဟာ အများပြည်သူသုံး Wi-Fi ပရောဂျက်ကို  အိန္ဒိယနိုင်ငံမီးရထားဝန်ကြီးဌာနအတွက် စတင်အကောင်အထည်ဖော်ပေးခဲ့တာဖြစ်ပါတယ်။

သောကြာနေ့က ထုတ်ပြန်ကြေငြာချက်အရ၊ Google ဟာ အခမဲ့ Wi-Fi ကွန်ရက်ကို အိန္ဒိယနိုင်ငံရဲ့ ခရီးသည်အသုံးပြုမှုအများဆုံးဘူတာရုံကြီး ၁၀၀ မှာ ဒီနှစ်ကုန်အပြီး ထပ်မံချဲ့ထွင်တပ်ဆင်ပေးသွားမှာဖြစ်ပြီး ဘူတာရုံစုစုပေါင်း ၄၀၀ အထိ တပ်ဆင်ပေးသွားဖို့လည်း ရည်ရွယ်ထားတယ်လို့သိရပါတယ်။ လက်ရှိမှာ အိန္ဒိယနိုင်ငံသား သန်း ၃၀၀ လောက် အင်တာနက်သုံးနိုင်ကြပေမယ့်၊ အိန္ဒိယလူဦးရေ တစ်ဘီလီယံကျော်လောက်ကတော့ အင်တာနက်ချိတ်ဆက်မှုမရရှိသေးပါဘူး။

” ဘူတာရုံ ၁၀၀ လောက်ပဲ အင်တာနက်ပေးနိုင်ရင်တောင်၊ ဒီပရောဂျက်ကနေ နေ့စဉ်ရထားစီးနေကြတဲ့ အိန္ဒိယလူမျိုးသန်းပေါင်းများစွာကို Wi-Fi ပေးနိုင်မှာဖြစ်ပါတယ်။ ဒီပရောဂျက်ဟာ အိန္ဒိယရဲ့အကြီးဆုံး အများသုံး Wi-Fi ပရောဂျက်ဖြစ်လာမှာဖြစ်ပြီး ကမ္ဘာမှာသုံးစွဲသူအများဆုံး Wi-Fi ကွန်ရက်တစ်ခုလည်း ဖြစ်လာမှာ ဖြစ်တယ်လို့ ကြေငြာချက်မှာ ဖော်ပြပါရှိပါတယ်။

Wi-Fi သုံးလို့ရတဲ့ အီလက်ထရောနစ်ပစ္စည်းတိုင်းနဲ့ Google အများဆုံး Wi-Fi ကို အသုံးပြုနိုင်မှာဖြစ်ကာ၊ ဖုန်းနံပါတ်အသုံးပြုကာ Wi-Fi ချိတ်ဆက်ပုံအသေးစိတ်ကိုလည်း ပရောဂျက်စတင်လွှင့်တင်တဲ့ပွဲမှာ Google က ရှင်းပြခဲ့ပါတယ်။

Ref: Gadgets360

You may be interested

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို
Mobiles & Tablets, NEWS, Xiaomi
0 shares0 views

iPhone X လို gesture တွေနဲ့သုံးရမယ့် Xiaomi Mi Mix 2s hands-on ဗီဒီယို

Nwe Oo Thant - Feb 18, 2018

[Zawgyi] မျက်နှာပြင်တစ်ခုလုံး ဘေးဘောင်မဲ့နီးပါးဖုန်းတွေထဲမှာ နောက်ထပ်ဝင်ရောက်လာတာကတော့ Xiaomi Mi Mix 2S ပါ။ ဘယ်လိုပုံစံမျိုးဖြစ်မယ်ဆိုတာက ပြီးခဲ့တဲ့တစ်ပတ်ကပဲ တရားဝင်သတင်းမှာတွေ့မြင်လိုက်ရပြီး အခုလည်း တကယ့်ဖုန်းရဲ့ hands-on ဗီဒီယိုလေးထွက်လာပါပြီ။ အခု OnPhones ကနေထွက်ရှိလာတဲ့ Mi Mix 2S ရဲ့ဗီဒီယိုမှာ iPhone X လို…

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ
Uncategorized
73 shares174 views

iPhone X လို notch ပါတဲ့ Asus ZenFone 5 ပုံပေါက်ကြားလာ

Nwe Oo Thant - Feb 18, 2018

[Zawgyi] Asus က သူ့ရဲ့ လာမယ့် Android ဖုန်းအသစ်တွေကို ဖေဖော်ဝါရီလ ၂၇ရက်နေ့ Mobile World Congress (MWC) ပွဲမှာမိတ်ဆက်မယ့်အကြောင်း အတည်ပြုပြောကြားခဲ့ပါပြီ။ အနည်းဆုံးတော့ Asus ZenFone 5 နဲ့ ZenFone 5 Lite…

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ
FEATURES, gadgets
88 shares151 views

ဒီတစ်ပတ်အတွင်း ထွက်ရှိလာတဲ့ အကောင်းဆုံး Gadgets များ

Ko Thuya - Feb 18, 2018

လူတွေရဲ့ နေ့စဉ် လူနေမှုဘ၀ကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်ထွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။ Tzoa Wearable Evniro-Tracker Tzoa…

Most from this category