PC User တွေအတွက် Facebook ရဲ့ Gameroom အသစ်

Facebook ပေါ်က Gaming App တွေက တစ်ချိန်တုန်းကတော့ လူကြိုက်များ အောင်မြင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ Android နဲ့ iOS ဂိမ်းတွေကိုသာ လူဆော့များလာကြတာကိုတွေ့ရပါတယ်။ Facebook အနေနဲ့ Gamer တွေရဲ့ စိတ်ဝင်စားမှုကိုပြန်ရဖို့အတွက် PC ပေါ်မှာ ဆော့ကစားရမယ့် Desktop gaming platform တစ်ခုကို မိတ်ဆက်လိုက်ပြီး Gameroom လို့နာမည်ပေးထားပါတယ်။ Windows 7 နဲ့ အထက်အသုံးပြုတွေသာ Gameroom ကို Download ရယူနိုင်မှာဖြစ်ပြီး Valve ရဲ့ Steam နည်းတူ အကောင်းဆုံးသော ဂိမ်းတွေကို စုစည်းထားတဲ့ Game Portal တစ်ခုဖြစ်ပါတယ်။

14737769_221079611642690_7708115825458151424_n

Gameroom ဟာ လက်ရှိမှာ လူကြိုက်များပြီး အောင်မြင်တဲ့ Valve ရဲ့ Steam နဲ့ ပုံစံဆင်တူပြီး active user (၁၂၅)သန်း ကျော်ရှိနေတဲ့ Steam ကိုပြိုင်ဆိုင်မယ့် Gaming Portal တစ်ခုဖြစ်လာနိုင်ချေရှိပါတယ်။

large_7_fbdf674a1cffac6514c7a2d98fa5325d

Steam ကမှ Steam account သပ်သပ်ဖွင့်ဖို့ လိုပါသေးတယ်။ Gameroom ကတော့ ရှိပြီးသား Facebook အကောင့်နဲ့ တစ်ခါတည်းချိတ်ဆက်ပြီးသားဖြစ်ပြီး များပြားလာတဲ့ Online Game တွေကို အခမဲ့ Download ရယူပြီး ဆော့ကစားရုံပါပဲ။ Online ဂိမ်း အမျိုးအစားပေါင်းစုံ ကို တစ်နေရာတည်းကနေ အလွယ်တကူ ဆော့ကစားနိုင်ပြီး Facebook ပေါ်က Friend အချင်းချင်း ချိတ်ဆက်ကာ လက်ဆောင်အပြန်အလှန်ပေးတာမျိုး၊ invite လုပ်ပြီး ဂိမ်းတစ်ခုတည်းမှာ တူတူကစားတာမျိုး ပြုလုပ်နိုင်ပါတယ်။ စိတ်ဝင်စားလို့ ဆော့ကစားချင်နေပြီဆိုရင်တော့ Windows 7 နဲ့ အထက်တင်ထားတဲ့ PC တစ်ခုခုကနေ https://www.facebook.com/gameroom ကိုဝင်ရောက်ပြီး Download ပြုလုပ်ကာ ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။

Ref: Facebook

%d bloggers like this: