0 Shares 53 Views

Nintendo က Wii U ထုတ်လုပ်မှုကို ဒီသတင်းပတ်ကုန်တွင် ရပ်ဆိုင်းမည်

Wii U ဂိမ်းစက်တွေဟာ ဒီသတင်းပတ်ကုန်ရင် ရပ်တန့်သွားမှာဖြစ်ပြီး၊ အထူးသဖြင့် သူတို့ရဲ့ ထုတ်လုပ်မှုပိုင်းကို ရပ်တန့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Eurogamer ရဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ နောက်ဆုံးထုတ်လုပ်မယ့် Wii U ယူနစ်ကို လာမယ့်သောကြာနေ့မှာ ထုတ်လုပ်မှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာပါ။

Wii U ဟာ Nintendo ရဲ့ ထုတ်လုပ်မှုတွေကြောင့် ရောင်းချသူတွေ တဖြည်းဖြည်းနည်းပါးလာနေတာလည်း ဖြစ်ပါတယ်။ ဒီကွန်ဆိုးတွေကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလမှာ စတင်ထုတ်လုပ်ခဲ့ကာ အလုံးရေပေါင်း ၁၃သန်းနီးပါးရောင်းချခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီရောင်းချရမှုဟာ Ninitendo ရဲ့ ထုတ်လုပ်ခဲ့တဲ့ ဂိမ်းစက်တွေဖြစ်တဲ့ GameCube ရဲ့ရောင်းအား ၂၁သန်း၊ N64 ရဲ့ ရောင်းအား ၃၂သန်းနဲ့ Original Wii ရဲ့ ရောင်းအား ၁၀၁သန်းတို့နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒီအတွက် မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို Nintendo က ဖြေကြားဖို့ငြင်းဆန်ခဲ့ပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ဖိုတစ်စုံတစ်ရာ မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုရပ်ဆိုင်းဖို့ပြုလုပ်တာဟာ ကုမ္ပဏီအနေနဲ့ နောက်ထွက်မယ့် ဂိမ်းစက်သစ်ဖြစ်တဲ့ Nintendo Switch အတွက် စတင်ထုတ်လုပ်နိုင်ဖို့အတွက် ပြုလုပ်တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

Ref: Engadget

Facebook Comments

You may be interested

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း
FEATURES, Mobile & Tablets, Softwares & Application
123 shares176 views

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း

Ko Thuya - May 25, 2017

သင့် စမတ်ဖုန်းကို လုံခြုံစေဖို့ အကောင်းဆုံး နည်းလမ်း က ဘာလဲလို့ မေးရင် အဖြေကတော့ အလွန် ရိုးရှင်းပါတယ်။ အဲဒါက စကရင်ကို Lock လုပ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် စမတ်ဖုန်း ပိုင်ရှင် အများစုဟာ အခြေခံကျပြီး အစွမ်းထက်တဲ့ လုံခြုံရေးကို…

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း
FEATURES, HUBS, Mobile & Tablets
167 shares248 views

Vivo V5 ကို ဝေဖန်သုံးသပ်ခြင်း

Ko Thuya - May 25, 2017

Vivo V5 ဟာ Selfie အထူးပြု စမတ်ဖုန်း ဖြစ်ပြီး အရှေ့ဘက်မှာ 20MP Camera တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာကလည်း အရည်အသွေး ကောင်းမွန်ပါတယ်။ Chipset က စွမ်းရည်သင့်တင့်ပါတယ်။ HD Display သာ တပ်ဆင်ထားတာက အားနည်းတယ်လို့ ထင်ပါတယ်။…

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်
HUBS, Local, Local News
87 shares110 views

အူရီဒူးမြန်မာမှ လုံခြုံစိတ်ချရပြီး ပိုမိုမြန်ဆန်သည့် သီးသန့် ကွန်ရက် IP-VPN ဝန်ဆောင်မှု စတင်

Thoe Gyi - May 25, 2017

အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းကြီးများအတွက် မြန်ဆန်သည့် အင်တာနက်ဖြင့် IP-VPN ဝန်ဆောင်မှုကို စတင် ၀န်ဆောင်မှုပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။ IP-VPN သည် ကုမ္ပဏီတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအတွက် ရုံးချုပ်နှင့် မြန်မာနိုင်ငံတစ်ဝှမ်း နယ်မြေဒေသအသီးသီးတွင်ရှိသည့်  ရုံးခွဲများအား အချိန်တိုင်းအစဉ်မပြတ် သီးသန့်ကွန်ရက်ဖြင့် အဆက်အသွယ်ရှိနေစေနိုင်မည့် ၀န်ဆောင်မှုဖြစ်ပြီး ယင်း ဝန်ဆောင်မှုသည် လူအများစုမှတစ်ပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊…

Most from this category