0 Shares 125 Views

Samsung က Galaxy S7 ကို နောက်နှစ် မတ်လအတွင်း ထုတ်လုပ်ဖြန့်ချီမည်

samsung_galaxy_a7_official

ဒီလ အစောပိုင်းတုန်းက Samsung ဟာ Galaxy S7 စမတ်ဖုန်းကို CES 2016 ပွဲတော်မှာ မိတ်ဆက်ပြသမှာ မဟုတ်ဘူးဆိုတဲ့ သတင်းနဲ့အတူ မနှစ်က Samsung ထုတ်ကုန်အသစ် မိတ်ဆက်ခဲ့တဲ့ MWC ပွဲတော်မှာ မိတ်ဆက်လိမ့်မယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုတော့ Samsung ရဲ့ Galaxy S7 ထွက်ရှိမယ့် ရက်ကို အတည်ပြုနိုင်ခဲ့ပါပြီ။

China Mobile ကုမ္မဏီရဲ့ MWC ပွဲတော်မှာ မိတ်ဆက်ပြသမယ့် ကုန်ပစ္စည်းတွေအကြောင်း ထုတ်ပြန်ကြေညာခဲ့ရာမှာတော့ Samsung Galaxy S7 လည်းပါဝင်လာပါတယ်။ ဒါကြောင့် Samsung ဟာ Galaxy S7 ကို နောက်နှစ် မတ်လ မှာ ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းကတော့ Galaxy S7 ဟာ ဈေးနှုန်း ၄၆၅ ဒေါ်လာ ၀န်းကျင်ရှိမယ်ဆိုတာပါပဲ။

အဲဒီ ပွဲတော်မှာ မိတ်ဆက်ပြသမယ့် အခြား ကုန်ပစ္စည်းတွေကတော့ Huawei P9 ၊ Samsung Galaxy A5(2016) နဲ့ Galaxy A7(2016) တို့ ဖြစ်တယ်လို့လည်း China Mobile က ထည့်သွင်းပြောပြထားပါတယ်။ MWC 2016 ပွဲတော်ကိုတော့ ဖေဖော်ဝါရီလ မှာ ကျင်းပမှာဖြစ်တဲ့အတွက် ကုန်ပစ္စည်းဖြန့်ချီမှုကိုတော့ မတ်လ အလယ်ပိုင်းလောက်မှာ စတင် ဖွယ်ရှိနေပါတယ်။

Galaxy S7 ဟာ Qualcomm Snapdragon 820 Processor ကို သတ်မှတ် နေရာတွေမှာ သုံးထားပြီး အခြားနေရာတွေမှာတော့ Exynos 8 Octa 8890 ကို သုံးမယ်လို့လည်း အစောပိုင်းထွက်ရှိထားတဲ့ သတင်းတွေမှာ ဖော်ပြထားပြီး မျက်နှာပြင်ကတော့ ၅.၂ လက်မ ကျယ်ဝန်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Apple ရဲ့  iPhone 6s နဲ့ 6s Plus တို့မှာ အသုံးပြုထားတဲ့ 3D Touch-like pressure sensitive display နည်းပညာကိုလည်း Galaxy S7 မှာ ထည့်သွင်းထားတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

Ref : Gadgets 360

You may be interested

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ
Android, HUBS, Mobiles & Tablets
0 shares0 views

10GB RAM ပါတဲ့ Nubia Red Magic Mars ကို ရောင်းပြီ

Ko Thuya - Jan 18, 2019

ZTE ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တဲ့ Nubia က နိုဝင်ဘာလမှာ Gaming Phone ဖြစ်တဲ့ Red Magic Mars ကို ကြေညာခဲ့ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို…

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်

Ko Thuya - Jan 18, 2019

Xiaomi Mi 9 ရဲ့ ဓါတ်ပုံတွေ အင်တာနက်မှာ ပထမဆုံး အကြိမ် ပေါက်ကြားထွက်ပေါ်လာပါတယ်။ ရှောင်မီက တရားဝင် ထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံတွေတော့ မဟုတ်ပါဘူး။ ဓါတ်ပုံများမှာ Mi 9 ကို ရှုထောင့်မျိုးစုံကနေ မြင်ရပါတယ်။ အနောက်ဘက်မှာ 48MP Main…

ဘာသာစကား သင်ကြားပေးမယ့် Drops
Android, FEATURES, HUBS
47 shares20 views

ဘာသာစကား သင်ကြားပေးမယ့် Drops

Ko Thuya - Jan 17, 2019

Drops : Learn 31 new languages ဟာ Google Play Store ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး App စာရင်းထဲမှာ ပါဝင်ပါတယ်။ သူက ဘာသာစကား သင်ကြားပေးတဲ့ App ဖြစ်ပါတယ်။ ပျော်ရွှင်စွာဖြင့်…

Leave a Comment

Most from this category