0 Shares 11536 Views

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ထွက်ရှိမယ်လို့ သတင်းထွက်ပေါ်နေတဲ့ Samsung Galaxy S8

Oct 28, 2016
0 11536

Galaxy Note 7 ဖုန်းနဲ့ စမတ်ဖုန်းပရိတ်သတ်တွေကြားမှာ နာမည်ဆိုးထွက်ခဲ့ရတဲ့ Samsung ကုမ္ပဏီဟာ သိက္ခာပြန်ဆယ်တဲ့အနေနဲ့ Galaxy S8 ဖုန်းကို အကောင်းဆုံးဖုန်းတစ်လုံးအဖြစ် ထုတ်လုပ်သွားဖွယ်ရှိပြီး၊ လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့လောက်မှာ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

အတည်မပြုရသေးတဲ့သတင်းတွေအရ ဖေဖော်ဝါရီလအတွင်းကျင်းပမယ့် MWC 2017 ပွဲမှာ အဆိုပါစမတ်ဖုန်းကို မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်ဆိုရှယ်ဝက်ဘ်ဆိုဒ် Weibo ကနေ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ Galaxy S8 ဖုန်းမှာ ၅.၅ လက်မအကျယ် 4K (3840×2160 pixels) Super AMOLED မျက်နှာပြင်ပါဝင်လာဖွယ်ရှိပြီး၊ 806 ppi အထိရှိမယ်လို့ သိရပါတယ်။ ကုမ္ပဏီထုတ် Exynos 8895 SoC ကို ဒီဖုန်းမှာအသုံးပြုသွားမှာဖြစ်ပြီး၊ RAM 6GB ပါဝင်တဲ့ ဒုတိယမြောက် Samsung ဖုန်းလည်း ဖြစ်လာနိုင်ခြေရှိပါတယ်။

နောက်ထပ်သတင်းတစ်ခုအရ Galaxy S8 ဖုန်းမှာ 16-megapixel နဲ့ 8-megapixel ကျောကင်မရာနှစ်လုံးတွဲ ပါဝင်မှာဖြစ်ပြီး၊ အလင်းလုံးဝနည်းတဲ့နေရာတွေမှာတောင် ကင်မရာကောင်းကောင်းရိုက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီထက်ထူးခြားတဲ့တစ်ခုကတော့ Samsung ဟာ ကုမ္ပဏီရဲ့ အထင်ကရဒီဇိုင်းတစ်ခုဖြစ်တဲ့ ဟုမ်းခလုတ်ကို Galaxy S8 ဖုန်းမှာ ဖြုတ်ပစ်သွားဖွယ်ရှိပြီး၊ စခရင်ပေါ်မှာပဲ လက်ဗွေရာဆန်ဆာကို ထည့်သွင်းသွားဖွယ်ရှိပါတယ်။ ဒီ့အပြင် Xiaomi က မကြာသေးခင်ကထုတ်သွားတဲ့ Mi MIX ဖုန်းလို မျက်နှာပြင်အပြည့်၊ဘောင်မဲ့ဒီဇိုင်းဖြစ်မယ်လို့လည်း ဆိုထားပါတယ်။

ဒီအချက်အလက်တွေဟာ လောလောဆည်မှာတော့ ကောဟဟာလအဆင့်မှာသာ ရှိသေးပြီး၊ အတည်မပြုရသေးသလို၊ သတင်းဓာတ်ပုံပေါက်ကြားတာမျိုးလည်း မရှိသေးတာကြောင့် ဒီထက်ပိုမိုခိုင်မာတဲ့ သတင်းတွေကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref: Gadgets 360

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Most from this category