0 Shares 53 Views

ထုတ်ပြီးသမျှ စမတ်ဖုန်းတွေရဲ့ ၈၂ ရာခိုင်နှုန်းကို Update မလုပ်ပေးမှုကြောင့် Samsung တရားစွဲဆိုခံရ

Jan 24, 2016
0 53

Samsung ဟာ သူ့ရဲ့စမတ်ဖုန်းတွေကို အချိန်မှန်မှန် update လုပ်ဖို့ပျက်ယွင်းတာကြောင့် ဒတ်ခ်ျသုံးစွဲသူအသင်းရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရပါတယ်။

စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Dutch Consumer’s Association က၊ Samsung ဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းထွက်ရှိခဲ့တဲ့ သူ့ရဲ့ စမတ်ဖုန်းတွေရဲ့ ၈၂ ရာခိုင်နှုန်း နောက်ဆုံး Android update တွေ မထုတ်ပေးခဲ့ဘူးလို့ စွပ်စွဲထားတာဖြစ်ပါတယ်။

DCA ဟာ နယ်သာလန်နိုင်ငံအတွင်းရောင်းချထားတဲ့ Samsung ဖုန်းတွေအတွက် update တွေထုတ်ပေးဖို့ တောင်းဆိုထားပြီး၊ တောင်ကိုရီးယားကုမ္ပဏီ Samsung အနေနဲ့ ကုမ္ပဏီရဲ့စမတ်ဖုန်းတစ်လုံးကို ဘယ်လောက်ကြာကြာ ထောက်ပံ့မှုတွေ လုပ်ပေးနိုင်မလဲနဲ့ ဘယ်အချိန်အကန့်အသတ်အတွင်း update ရမလဲအပေါ် ပွင့်လင်းမြင်သာမှုရှိစေချင်တယ်လို့ ဆိုပါတယ်။

Samsung ကုမ္ပဏီတစ်ခုပဲ update တွေမထုတ်ပေးနိုင်တာမဟုတ်ပေမယ့်၊ Samsung ဟာ နယ်သာလန်ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်းလောက် သိမ်းပိုက်ထားတဲ့ကုမ္ပဏီဖြစ်လို့ ပစ်မှတ်ထားတရားစွဲဆိုရတာဖြစ်တယ်လို့ DCA က ဆိုပါတယ်။

DCA ဟာ ၂၀၁၅၊ ဂျူလိုင်မှာ သူ့ရဲ့ လှုပ်ရှားမှုကိုစတင်ခဲ့တာဖြစ်ပြီး၊ Android ဖုန်းထုတ်လုပ်သူတွေအနေနဲ့ သုံးစွဲသူကို အလေးထားသောအားဖြင့် စက်ပစ္စည်းတွေကို update မှန်မှန်လုပ်ပေးပြီး၊ လာမယ့် update တွေနဲ့ patch တွေအတွက်လည်း သုံးစွဲသူတွေကို သတင်းအတိအကျထုတ်ပေးဖို့ တိုက်တွန်းမှုတွေ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါလှုပ်ရှားမှုဟာ ထိုက်သင့်သလောက်အောင်မြင်မှုမရခဲ့တာကြောင့်၊ DCA အနေနဲ့ Samsung ကို စတင်တရားစွဲဆိုခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

You may be interested

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်
NEWS, Tech Update
0 shares0 views

LG ရဲ့ လေဆိပ် ဧည့်လမ်းညွှန် စက်ရုပ်

Ko Thuya - Jul 22, 2017

တောင်ကိုရီးယားမှာ လာမယ့်နှစ်တွင် ကျင်းပမယ့် Winter Olympics ပွဲအတွက် LG က နိုင်ငံရဲ့ အကြီးမားဆုံး လေဆိပ်မှာ စက်ရုပ်များကို စမ်းသပ်နေပါတယ်။ ဒီနေ့ကစပြီး ဆိုးလ်မြို့ရဲ့ အင်ချီယွန် နိုင်ငံတကာ လေဆိပ်မှာ LG ရဲ့ Airport Guide Robot…

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ
Mobiles & Tablets, NEWS
99 shares39 views

Samsung က Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဝေငှ

Ko Thuya - Jul 22, 2017

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ နယူးယောက်စီးတီးတွင် ကျင်းပမယ့် Galaxy Note 8 မိတ်ဆက်ပွဲအတွက် ဖိတ်စာများအား မီဒီယာများထံ ဝေငှလိုက်ပါတယ်။ ဖိတ်စာမှာတော့ Galaxy Note 8 ကို မိတ်ဆက်မယ်လို့ မရေးသားထားဘဲ Do bigger…

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro
Apple, HUBS, Mobiles & Tablets
687 shares1613 views

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် (သို့မဟုတ်) iPhone Pro

zayarsan - Jul 21, 2017

Apple ရဲ့ စက်တင်ဘာ ဟန်းဆက် လို့ နာမည်ကြီးနေတဲ့ အမျိုးအစား က ဘာများပါလိမ့်...ဆိုတဲ့ မေးခွန်းဟာ လတ်တလောမှာ Apple ထုတ်ကုန်တွေကို စောင့်ကြည့်လေ့လာနေသူတိုင်းအတွက် ခေါင်းစားစေတဲ့ မေးခွန်းတစ်ခု ဖြစ်တယ် လို့ DailyMail က သုံးသပ်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတဲ့…

Most from this category