ထူးခြားတဲ့ ပြောင်းလဲမှုတွေနဲ့ Microsoft ရဲ့ Paint 3D App အသစ်

Microsoft ကတော့ မနေကကျင်းပပြုလုပ်ခဲ့တဲ့ Event မှာ Paint 3D app အသစ်ကို မိတ်ဆက်ပြသ သွားပါတယ်။ Window PC တွေမှာ သုံးနေကျဖြစ်တဲ့ Paint Software ကို လူတိုင်းသိကြမှာပါ။ Windows 10 အတွက် အခုအသစ်ထွက်တဲ့ Paint 3D ကတော့ ယခင် Paint နဲ့မတူတော့ပဲ တစ်မူထူးခြားစွာ 3D ပုံတွေကို ဆွဲလို့ရပြီဖြစ်ပါတယ်။ Touchscreen ၊ Stylus input ၊ ပုံမှန် mouse နဲ့ keyboard စတဲ့ ဘယ်လို device တွေနဲ့ပဲ သုံးသုံး 3D ပုံရိပ်တွေကို အလွယ်ကူဆုံး ဖန်တီးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ Microsoft ရဲ့ Surface Pro Tablet နဲ့ဆိုရင်တော့ အကောင်းဆုံးအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။Microsoft အနေနဲ့ Paint 3D app မှာ online community ကိုထည့်သွင်းပေးထားတဲ့အတွက် Paint ကိုအသုံး ပြုသူတွေဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဖန်တီးမှုလက်ရာတွေကို online မှာအလွယ်တကူ share နိုင်တဲ့အပြင် Online ပေါ်က ဖန်တီးထားပြီးသား 3D လက်ရာတွေကိုလည်း Download ရယူနိုင်မှာဖြစ်ပါတယ်။

မိတ်ဆက်ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ် . . .

Ref: theverge

%d bloggers like this: