လုပ်ဆောင်ချက် အကောင်းဆုံးတွေနဲ့ ဖွဲ့စည်းထားတဲ့ Microsoft ရဲ့ ပထမဆုံး All-in-One PC ကွန်ပျူတာသစ် “Surface Studio”

Microsoft ဟာ မနေ့ညက ကျင်းပပြုလုပ်တဲ့ Window 10 ပွဲမှာ ထုတ်ကုန်သစ်တွေကို ထုတ်လုပ်ခဲ့ရာမှာ အကောင်းမွန်ဆုံး ထုတ်ကုန်ကတော့ Surface Studio ပဲ ဖြစ်ပါတယ်။ ဒီ all-in-one လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ iMac ပုံစံ ကွန်ပျူတာဟာ သာမန်ကွန်ပျူတာတွေရဲ့ ပုံစံကနေ ခေါက်ထားလို့ရနိုင်တဲ့ Canvas ပုံစံကိုပါ ဖောက်ထွက်ပြီး ယူဆောင်လာခဲ့တာပါ။

ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၀၀၀ရှိမယ့် ပစ္စည်းဟာ ဒီဇိုင်းနဲ့ လုပ်ဆောင်ချက်တွေကလည်း တကယ့်ကို အမိုက်စားပဲဖြစ်ပါတယ်။ အရင်ဆုံး စတင်တွေ့ရတဲ့ ပုံစံကတော့ နောက်ဆုံးပုံ ဒီဇိုင်းနဲ့ အပါးလွှာဆုံး မျက်နှာပြင်တွေပါပဲ။

microsoft-surface-studio5  microsoft-surface-studio6

Microsoft ရဲ့ Surface Studio PC မှာ သုံးထားတဲ့ မျက်နှာပြင်ဟာ တကယ့်ကို ကမ္ဘာ့အပါးလွှာဆုံးလို့ ပြောလို့ ရနိုင်တဲ့ LCD မျက်နှာပြင်ပဲ ဖြစ်ပါတယ်။ အောက်မှာပါဝင်တဲ့ သေးငယ်တဲ့ သေတ္တာအသေးစားလေးက အဓိက ကွန်ပျူတာလို့ ပြောနိုင်ပြီး Apple ရဲ့ iMac လိုတော့ Screen မှာ တစ်ခါတည်း တွက်ချက်မှုတွေပြုလုပ်တာတော့မဟုတ်ပါဘူး။

ဒီလိုပြုလုပ်ထားတဲ့အတွက် ကွန်ပျူတာမျက်နှာပြင်ကို ခေါက်တာ၊ ကွေးတာတွေကို လိုအပ်သလိုပြုလုပ်နိုင်ပါတယ်။ အပေါ်ကို အသာအယာတွန်းလိုက်ရုံနဲ့လည်း အလိုလို အပေါ်ကို ပြန်တက်သွားမှာပါ။ ဒါကြောင့်သင့်အနေနဲ့ တက်ဘလက်အနေနဲ့ရော၊ ကွန်ပျူတာအနေနဲ့ပါ အဆင်ပြေပြေသုံးနိုင်မှာ ဖြစ်ပါတယ်။

လှပတဲ့ မျက်နှာပြင်အကျယ်ကတော့ ၂၈လက်မရှိပြီး 4×3 အချိုးနဲ့ Pixels ပမာဏ ၁၃သန်းပါဝင်ပါတယ်။ (ဒါဟာဆိုရင် 4K TV ရဲ့ Pixel ပမာဏ ၈သန်းနဲ့ Apple 5K iMac ရဲ့ Pixel ပမာဏ ၁၅သန်းတို့နဲ့ နှိုင်းယှဉ်နိုင်မှာပါ)

microsoft-surface-studio3

မျက်နှာပြင်မှာပါဝင်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ Touch Screen Display ဟာဆိုရင်လည်း Pen နဲ့ တခြားထုတ်ကုန်သစ်တစ်ခုဖြစ်တဲ့ ‘Surface Dial’ လို့ခေါ်တဲ့ အရာတို့မှာ Resond လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီထုတ်ကုန်သစ်ကို ဒေါ်လာ ၁၀၀နဲ့ သီးသန့်ရောင်းချမှာ ဖြစ်ပြီး ဘီးနဲ့ ခလုတ်တွေပါဝင်လို့ လှည့်တာ၊ ဖိတာတွေ ပြုလုပ်လို့ရပါတယ်။ သူ့ရဲ့ အဓိကလုပ်ဆောင်နိုင်တဲ့ အရာတွေကတော့ သင့်အနေနဲ့ အဆိုပါပစ္စည်းကို မျက်နှာပြင်ပေါ်တင်ထားမယ်ဆိုရင် သင့်အနေနဲ့ အသံချိန်ညှိတာ၊ Document တွေကို ဆွဲကြည့်တာ၊ ပုံရိပ်တွေကို Zoom လုပ်တာတွေအပါအဝင် App အပေါ်မူတည်ပြီး အများအပြားသုံးနိုင်မှာပါ။

ဒီ Dial ကို တခြား လုပ်ဆောင်ချက်တွေအနေနဲ့ ဒီဇိုင်းဆွဲတာ၊ ဓာတ်ပုံပြင်တာ၊ စတဲ့နေရာတွေမှာပါ အသုံးပြုပုံပေါ်မူတည်ပြီး အများအပြားအသုံးပြုနိုင်ဦးမှာပါ။ ဒါက Professional တွေအတွက်သာ ရည်ရွယ်ထားပုံပေါ်ပြီး သာမန်အသုံးပြုရင်တော့ မလိုအပ်ပါဘူး။

Microsoft ရဲ့ ပထမဆုံး PC ထုတ်ကုန် အမျိုးအစားဟာ အတော်ကို ဈေးနှုန်းပိုင်းကတော့ ကြီးမြင့်တာကို တွေ့ရပြီး၊ တီထွင်ဆန်းသစ်ထားမှုတွေကတော့ ပြောစရာမရှိပါဘူး။ Microsoft Surface Studio ရဲ့ လုပ်ဆောင်ချက်တွေကို အောက်ပါဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: Wall Street Journal

%d bloggers like this: