Google Pixel XL နဲ့ Samaung Galaxy S7 Edge တို့ရဲ့ ကင်မရာ နှိုင်းယှဉ်ချက်

လက်ရှိ နည်းပညာလောကထဲက စမတ်ဖုန်းအသုံးပြုသူတွေဟာ စမတ်ဖုန်းတစ်လုံးကို ရွေးချယ်တဲ့အခါ ကင်မရာပိုင်းကို အသားပေး ရွေးချယ်လာကြတဲ့အလျောက် Google ရဲ့ စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Pixel ဖုန်းတွေမှာ ကင်မရာပိုင်း စွမ်းဆောင်ရည်ကို ထူးထူးခြားခြား မြှင့်တင်ထားတာတွေ့ရပါတယ်။ Google ဖုန်းတွေ မထွက်ခင်က Samsung Galaxy S7 edge ရဲ့ ကင်မရာအရည်အသွေးက Android ဖုန်းလောကကို ဦးဆောင်နေခဲ့ပါတယ်။ Google ရဲ့ Pixel XL စမတ်ဖုန်းကလည်း ကင်မရာ အရည်အသွေးအထူးကောင်းမွန်တဲ့ အတွက် Samsung Galaxy S7 edge နဲ့ နှိုင်းယှဉ်ကြည့်စရာ ဖြစ်လို့နေပါတယ်။ ဒီတော့ Pixel XL နဲ့ Galaxy S7 edge တို့ရဲ့ ကင်မရာပိုင်း နှိုင်းယှဉ်ချက်တွေကို လေ့လာကြည့်ချင်ပါတယ်။

ကင်မရာတွေရဲ့ ရုပ်ထွက်အရည်အသွေးတွေကို မနှိုင်းယှဉ်ခင်မှာ အရေးကြီးဆုံးအချက်နှစ်ချက်ကို အရင်နှိုင်းယှဉ်ကြည့်ပါမယ်။ အဲ့ဒါကတော့ ကင်မရာကို ဘယ်လောက်မြန်မြန်ဖွင့်နိုင်သလဲဆိုတာနဲ့ Interface က ဘယ်လောက်ထိ ပြည့်စုံသလဲ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ Pixel XL မှာ ပါဝါခလုတ် နဲ့ Galaxy S7 edge မှာဆို Home ခလုတ် ကို နှစ်ချက် နှစ်ရုံနဲ့ ကင်မရာထဲကို တစ်စက္ကန့်အတွင်းဝင်ရောက်နိုင်တဲ့အပြင် ဖုန်းနှစ်ခု စလုံးရဲ့ Shot-to-Shot performance ဟာ အလွန်မြန်ဆန်ပါတယ်။ HDR နဲ့ Burst shot တွေရိုက်တဲ့ အခါမျိုး မှာတောင် အလွန်မြန်ဆန်တာဖြစ်တဲ့အတွက် ဒီအချက်တွေက သရေကျ တယ်လို့ပြောနိုင်ပါတယ်။

Google ကင်မရာရဲ့ Interface ကို ရိုးရှင်းစွာဖွဲ့စည်းထားပါတယ်။ Tap တစ်ချက်နဲ့ Focus ဖြတ်နိုင်တယ်၊ Slide တစ်ချက်နဲ့ exposure ကိုချိန်ညှိနိုင်တယ်။ ဒါ့အပြင် လက်ကောက်ဝတ်ကို နှစ်ချက်ခါလိုက်ရုံနဲ့ HDR mode နဲ့ အရှေ့ကင်မရာကို အလွယ်ကူဆုံးပြောင်းလဲနိုင်ပြီး blur, slow-mo နဲ့ panorama mode တွေကိုလည်း အလွန် ရိုးရှင်းစွာ ရိုက်နိုင်ပါတယ်။

Samsung ရဲ့ ကင်မရာ Interface ကလည်း Google လိုပဲ ရိုးရှင်းပါတယ်။ သဘောကျစရာအကောင်းဆုံး အချက်ကတော့ Voice control feature ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ဖို့နဲ့ Video ရိုက်ဖို့ကို အသံနဲ့ စေခိုင်းနိုင်ပါတယ်။ Camera ထဲက Setting ထဲကိုဝင်ပြီး Voice control ဆိုတဲ့အနေရာကို On ပေးထားပြီး အသံစေခိုင်းမှုကို ပြုလုပ်နိုင်ပါဖြစ်ပါတယ်။ Capture, Smile လို့ပြောလိုက်တာနဲ့ ဓာတ်ပုံရိုက်မှာဖြစ်ပြီး ၊ Record Video လို့ပြောလိုက်တာနဲ့ Video ရိုက်မှာဖြစ်ပါတယ်။ Video ကို Stop လုပ်ဖို့ကတော့ လက်နဲ့ နှိပ်မှရမှာပါ။ ပါးစပ်က ပြောပြောချင်းတန်း ရိုက်မှာဖြစ်တဲ့အတွက် Timer နဲ့ အသုံးပြုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် Full Pro mode ကို စိတ်ကြိုက် ထိန်းချုပ်ပြီး ရိုက်နိုင်တဲ့အချက်က စိတ်ကျေနပ်စရာပါ။ Google ဖုန်းနဲ့ ရိုက်လို့မရတဲ့ mode တွေ အမြောက်အများ ပါဝင်တဲ့အပြင် ထပ်မံပြီး Download ပြုလုပ်လို့လည်းရပါသေးတယ်။

ဓာတ်ပုံအရည်အသွင်းနှိုင်းယှဉ်ချက်

အတွင်းပိုင်းကို နှိုင်းယှဉ်ပြီးပြီဆိုတော့ အခု ရိုက်ထွက်ပိုင်းကို နှိုင်းယှဉ်ကြည့်ချင်ပါတယ်။ ဖုန်းနှစ်ခုစလုံးရဲ့ ကင်မရာတွေမှာပါတဲ့ auto HDR setting တွေက အကောင်းဆုံးရုပ်ထွက်ရအောင် ဖန်တီးပေးပါတယ်။ ကင်မရာတွေရဲ့ ရုပ်ထွက်ကိုတိတိကျကျသိရဖို့ tripod မသုံးဘဲ ၊ အလင်းမထိုးဘဲ ၊ burst mode နဲ့ အခြား Effect တွေလုံးဝမသုံးဘဲ သာမန် လျပ်တပြတ်ရိုက်ချက်တွေ နဲ့ ရိုက်ထားတဲ့ ပုံတွေကိုနှိုင်းယှဉ်ပြချင်ပါတယ်။

 

 

 

ပုံတွေကို လေ့လာကြည့်ရသလောက်ကတော့ နှစ်ခုစလုံးက 12MP ချင်းတူပေမယ့် Google ရဲ့ Pixel XL ကင်မရာက အလင်းပိုင်းပိုကောင်းတာ တွေ့ရပါတယ်။ သဘောတရားကတော့ normal mode မှာ ဘာ effect မှ မသုံးထားပေမယ့် S7 edge ရဲ့ကင်မရာ က ဓာတ်ပုံတွေကို စိုစိုပြေပြေဖြစ်သွားအောင် အလင်းအမှောင် အလိုလိုချိန်ညှိပေးပြီး Pixel XL ရဲ့ကင်မရာကတော့ သဘာဝမြင်ကွင်းအတိုင်း ထုတ်လုပ်ပေးတာ တွေ့ရပါတယ်။ သေချာတာတစ်ခုကတော့ ကင်မရာနှစ်ခုစလုံးရဲ့ အရည်အသွေးက ကောင်းမွန်တယ်ဆို တာပါပဲ။ ညဘက်မှာ ရိုက်ထားတဲ့ ပုံတွေကိုကြည့်ရင်သိသာပါတယ်။ DSLR ကင်မရာနဲ့ရိုက်တဲ့ အရည်အသွေး နည်းပါးလောက်ကို ထုတ်လုပ်ပေးနိုင်တာတွေ့ရပါတယ်။

:Ref AndroidCentral

%d bloggers like this: