0 Shares 104 Views

သင့်ရဲ့ Windows ဖုန်းမှာ Windows 10 ကို ဘယ်လို upgrade လုပ်မလဲ

Jan 23, 2016
0 104

Microsoft ဟာ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Windows 10 မူလ တပ်ဆင်ပြီးသား ဖုန်း ၂ လုံးကို ထုတ်လုပ်ခဲ့ပြီးဖြစ်ပေမယ့် အခြား Windows ဖုန်းတွေအတွက်တော့ update ကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အကယ်၍ သင့်မှာ Windows ဖုန်းတစ်လုံးရှိခဲ့မယ်ဆိုရင်တော့ သင့်အနေနဲ့ Windows 10 ကို upgrade ပြုလုပ်နိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်ရှိနေပါတယ်။

Windows Insider ဆိုတဲ့ ကြိုတင်သုံးသပ်ခြင်း ပရိုဂရမ်ဟာ Windows ဖုန်းအသုံးပြုသူတွေကို OS ဗားရှင်းအသစ် ကို upgrade လုပ်ခွင့်ပေးခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အခုလည်း Insider ပရိုဂရမ်ကနေ တစ်ဆင့် သင့်ရဲ့ ဖုန်းကို Windows 10 မိုဘိုင်းလ် OS စနစ်အသုံးပြုနိုင်အောင်ဖန်တီးပေးလိုက်ပါတယ်။

windows-10-mobile-upgrade-advisor

အဆင့် ၁ ၊ Windows 10 ကို သင့်ဖုန်းက Support လုပ်ပေးနိုင်လားဆိုတာ စစ်ဆေးပါ

သင်ကသာ သင့်ရဲ့ Windows ဖုန်းကို upgrade လုပ်ချင်နေတာ သင့်ဖုန်းဟာ Windows 10 ကို support လုပ်ပေးနိုင်သလားဆိုတာလည်း စစ်ဆေးရဦးမှာပါ။ လက်ရှိအချိန်မှာ Windows 10 ထည့်သွင်းနိုင်မယ့် ဖုန်းတွေဟာ Windows 8.1 မိုဘိုင်းလ် OS စနစ်ကို အသုံးပြုနေဆဲဖြစ်ရမှာဖြစ်ပြီး အနည်းဆုံး ဒေတာသိုလှောင်နိုင်တဲ့ပမာဏ 8GB အထိ လွတ်လပ်နေရမှာလည်းဖြစ်ပါတယ်။ အဲဒီအတွက်လည်း Microsoft က “Upgrade Advisor” ဆိုတဲ့ App တစ်ခုကို Windows ဖုန်းတွေအတွက် ထုတ်လုပ်ပေးထားပါတယ်။ သင့်ရဲ့ Windows ဖုန်းမှာ ဒီ App ကို Install ပြုလုပ်ပြီး သင့်ဖုန်းဟာ Windows 10 ကို တပ်ဆင်လို့ရနိုင်ရဲ့လားဆိုတာ အရင်စစ်ဆေးကြည့်လိုက်ပါ။

b10901fb-4d2a-4a57-9c78-b75bb9b3f015_11

အဆင့် ၂ ၊ Insider ပရိုဂရမ် ကို Microsoft အကောင့်နဲ့ ၀င်ရောက်ပါ

Insider ဆိုတဲ့ ပရိုဂရမ်ဟာ Desktop ဗားရှင်း Windows 10 စနစ်အတွက် ထုတ်လုပ်ထားတာ ဖြစ်တဲ့အလျောက် သင့်အနေနဲ့လည်း Windows Insider ပရိုဂရမ်ရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်နေဖို့လိုပါတယ်။ Microsoft အကောင့်ဖွင့်ဖို့အတွက်ကတော့ သိပ်မခက်ပါဘူး။ အခမဲ့ပါပဲ။ ပြီးရင်တော့ Windows Insider ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ သင် အခမဲ့ ဖွင့်လှစ်ထားတဲ့ Microsoft အကောင့်ကို Sign In ပြုလုပ်ပါ။အဲဒီလို ပြုလုပ်လိုက်ခြင်းအားဖြင့် သင့်ရဲ့ Windows PC နဲ့ ဖုန်းတွေဟာ အလိုလျောက် insider တည်ဆောက်ထားပြီး ဖြစ်သွားမှာပါ။

ximg_569c139fc6863.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.SqGK3CJUxX

အဆင့် ၃ ၊ သင့်ရဲ့ Windows ဖုန်း မှာ Windows Insider App ကို install လုပ်ပါ

သင့်ဖုန်းကို Wi-Fi ကွန်ယက်တစ်ခုနဲ့ အရင်ချိတ်ဆက်လိုက်ပါ။ ဒါမှမဟုတ် ဒေတာ ဖွင့်လိုက်ပါ။ပြီးရင်တော့ OS update တွေ ဒေါင်းလုဒ်ပြုလုပ်ခြင်းကို ပိတ်ထားပါတယ်။ ပြီးရင်တော့ အားသွင်းကြိုးကို အနီးအနားမှာထားပါ။ update ပြုလုပ်နေစဉ်မှာ ဘက်ထရီ ကုန်သွားခဲ့ရင်တော့ Windows 10 ကို အပြီးတိုင် install ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ သင့် Windows ဖုန်းရဲ့ Store ထဲကို ၀င်ရောက်ပြီး Windows Insider ကို install ပြုလုပ်လိုက်ပါ။ install လုပ်ပြီးရင်တော့ app ထဲဝင်ရောက်ပြီး “Get Preview Builds” ဆိုတဲ့ လုပ်ဆောင်ချက်ကို နှိပ်ပါ။ပြီးရင်တော့ Windows 10 ကို update လုပ်ဖို့ ရွေးချယ်ခွင့်လေးတွေရမှာပါ။

“Insider Slow” ဆိုတဲ့ လုပ်ဆောင်ချက် ကို ရွေးချယ်ရင်တော့ အချိန်ပိုကြာမှာဖြစ်ပြီး ရရှိလာမယ့် Windows 10 စနစ်ကတော့ အရာရာ Stable ဖြစ်နေမှာပါ။ “Insider Fast” ကိုရွေးချယ်လိုက်ရင်တော့ အချိန်ကုန်သက်သာပြီး လုပ်ဆောင်ချက်အသစ်များစွာကို ရရှိနိုင်ပေမယ့် Stable တော့ ဖြစ်မှာ မဟုတ်ပါဘူး။ သင် စိတ်ကြိုက်ရွေးချယ်ပြီးရင်တော့ “Accept” ပြုလုပ်လိုက်ပါ။ သင့်ဖုန်းဟာ အလိုလျောက် update ပြုလုပ်နေပါလိမ့်မယ်။သင့်ဖုန်းရဲ့ “Settings” ထဲက “Phone Update” အောက်မှာရှိတဲ့ “Update+Backup” ကို ၀င်ကြည့်မယ်ဆိုရင်တော့ update ကို ဒေါင်းလုဒ်ဆွဲနေတာ ဘယ်လောက် ရာခိုင်နှုန်းပြီးစီးသွားပြီလည်းဆိုတာ တွေ့နိုင်မှာပါ။

ဒေါင်းလုဒ်ဆွဲတာ ပြီးစီးသွားရက်တော့ သင် ဒေါင်းလုဒ် ဆွဲထားတဲ့ update ကို install လုပ်မှာလားလို့ မေးပါလိမ့်မယ်။ install ပြုလုပ်ချိန်ဟာ ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ကြာပါတယ်။ ဒါပေမယ့် သင့်ဖုန်းရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ပိုမို ကြန့်ကြာ မှု ဖြစ်နိုင်ပါတယ်။

windows10phones.0

အဆင့် ၄ ၊ Windows 10 ကို စတင်အသုံးပြုနိုင်ပြီး နောက်ထပ် update အသစ်တွေအတွက် ရွေးချယ်နိုင်ပါတယ်

သင်ဟာ Windows 10 insider ကြိုတင်သုံးသပ်ခြင်း ပရိုဂရမ်ကို install ပြုလုပ်ပြီးပြီဆိုင်ရင်တော့ အသစ်ထွက်ပေါ်လာမယ့် update တွေကိုလည်း ရယူနိုင်မှာပါ။ Stabel ဖြစ်ပြီးသား Windows 10 ကို ဆက်လက်သုံးစွဲဖို့အတွက်တော့ insider ပရိုဂရမ်ကနေ ထွက်ခွာရမှာဖြစ်ပါတယ်။ ထွက်ခွာဖို့အတွက်တော့ App ရဲ့ Menu ကို ဖွင့်ပြီး “Leave Program” ကို ရွေးချယ်ပါ။ ရွေးချယ်ဖို့အတွက်တော့ Microsoft အကောင့်နဲ့ Sign In ပြန်လည် ပြုလုပ်ပြီး အတည်ပြုပေးဖို့လိုပါတယ်။ ပြီးရင်တော့ “Continue” ကို နှိပ်ပြီး ပရိုဂရမ်ကနေ ထွက်ခွာနိုင်ပါတယ်။

သတိပေးချက် : Microsoft က သတိပေးထားသလိုပဲ Windows 10 ကို update လုပ်ခြင်းဟာ သုံးစွဲသူတိုင်းအတွက် Stable မဖြစ်နိုင်ပါဘူး။ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ရင်တော့ Windows Device Recovery Tool ကိုအသုံးပြုပြီး ဖုန်းရဲ့ ဆော့ဖ်ဝဲကို Reset ပြုလုပ်ရမှာဖြစ်ပါတယ်။

Ref : How To Geek

You may be interested

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း
cameras, FEATURES, Mobile & Tablets
0 shares0 views

iPhone 7 ပိုင်ရှင်များ iPhone 8 မ၀ယ်ယူသင့်တဲ့ အကြောင်းအရင်း

Ko Thuya - Sep 21, 2017

ဒီနေ့ခေတ်မှာ iPhone ၀ယ်ဖို့ အတွက် ရွေးချယ်စရာများစွာ ရှိပါတယ်။ ၃၅၀ ဒေါ်လာတန် iPhone SE ကနေ ဒေါ်လာ ၁၀၀၀ တန် iPhone X အထိ အစားစား ရှိပါတယ်။ ဘယ်ဖုန်းဟာ သင်နဲ့ သင့်တော်သလဲဆိုတာတော့ မသိပါဘူး။…

iOS 11 ရဲ့ အကောင်းဆုံး Features များ
Apple, FEATURES, HUBS
50 shares25 views

iOS 11 ရဲ့ အကောင်းဆုံး Features များ

Ko Thuya - Sep 21, 2017

Apple က iOS 11 ကို တစ်ကမ္ဘာလုံးအတွက် ဖြန့်ချီပေးလိုက်ပါပြီ။ အဲဒီအတွက် iOS 11 ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။ Control Center ကို Customize ပြုလုပ်ခြင်း။ iOS 10 ရဲ့ Control…

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4
Google, Mobiles & Tablets, Motorola
83 shares27 views

Motorola ၏ မကြာမီ လပိုင်းအတွင်းထွက်ရှိလာတော့မယ့် Moto X4

Zar Ni Nyein Tun - Sep 21, 2017

Android ဖုန်းတလုံးဖြစ်တဲ့ Motorola Moto X4 ကို အမေရိကန်မှာ မကြာခင်ရောင်းချတော့မယ်လို့ သိရပါတယ်။Google နဲ့ Motorola ရဲ့ ပေါင်းစပ်မှုဖြစ်တဲ့ Moto X4 ဟာ Google Project Fi wireless system ပါဝင်ပါတယ်။ X4…

Most from this category