0 Shares 1472 Views

Samsung ဖုန်းတွေထဲမှာ ပထမဆုံး RAM 6GB ပါဝင်တဲ့ Galaxy C9 Pro

Oct 23, 2016
0 1472

အွန်လိုင်းကနေ ပထမဆုံးပေါက်ကြားခဲ့တဲ့ Galaxy C9 Pro စမတ်ဖုန်းဟာ နောက်ဆုံးမှာတော့ တရားဝင်ထွက်ရှိလာပြီဖြစ်ပါတယ်။

Samsung ဖုန်းတွေထဲမှာ ပထမဆုံး RAM 6GB ပါဝင်တဲ့ စမတ်ဖုန်းဖြစ်ပေမယ့်၊ မော်ဒယ်မြင့်ဖုန်းတစ်လုံးမဟုတ်ဘဲ အလယ်အလတ်တန်းစားဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ စတင်ပြီး Samsung China store ကနေ စတင်ရောင်းချပေးသွားမှာဖြစ်ကာ၊ ယနေ့ပဲ ကြိုတင်အော်ဒါမှာယူထားနိုင်ပြီလို့ သိရပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေခြောက်သိန်းဝန်းကျင်ရှိမှာပါ။

SIM နှစ်ကတ်ထိုးအသုံးပြုနိုင်တဲ့ Samsung Galaxy C9 Pro မှာ Android 6.0 Marshmallow စနစ် တပါတည်းပါဝင်မှာဖြစ်ပြီး၊ octa-core Snapdragon 653 SoC ကို အသုံးပြုထားပါတယ်။ Samsung ဖုန်းတွေထဲမှာ ပထမဆုံးဖုန်းအဖြစ် RAM 6GB အထိ ပါဝင်မှာဖြစ်ပြီး၊ ဖုန်းတွင်း storage ကတော့ 64GB ပါ။ microSD ကတ်လည်း 256GB အထိ ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်က ၆ လက်မအထိရှိပြီး၊ full HD (1080×1920) AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့ ရှေ့ကင်မရာကော နောက်ကင်မရာပါ 16-megapixel ကင်မရာတွေဖြစ်ပါတယ်။

Galaxy ဖုန်းတွေထုံးစံအတိုင်း ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ အားအမြန်သွင်းစနစ်သုံးနိုင်တဲ့ 4000mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ မြင်တွေ့နေကျ USB Type-C နဲ့ NFC ချစ်ပ်တို့လည်း မပါမဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Ref: Gadgets360

 

You may be interested

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်
HUBS, Microsoft, Mobiles & Tablets
76 shares16 views

Microsoft က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး Surface Book 2 ကို မိတ်ဆက်

Ko Thuya - Oct 18, 2017

Microsoft က စွမ်းဆောင်ရည်မြင့် Notebook Computer ကို မိတ်ဆက်လိုက်ပါတယ်။ Surface Book 2 လို့ အမည်ပေးထားပြီး ယခင်မော်ဒယ်ထက် ဒီဇိုင်း၊ Hardware များ၊ ဆက်သွယ်မှုများ၊ ဘက်ထရီ သက်တမ်းတို့ကို အဆင့်မြှင့်ထားပါတယ်။ အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ Surface…

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ
HUBS, Mobiles & Tablets, NEWS
197 shares60 views

မျက်နှာပြင် နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ ZTE Axon M ကို မိတ်ဆက်ပြီ

Ko Thuya - Oct 18, 2017

ZTE က မျက်နှာပြင်နှစ်ခုပါပြီး ခေါက်ချိုးနိုင်တဲ့ Axon M ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ မျက်နှာပြင်ဟာ ကွေးညွှတ်ပျော့ပြောင်းခြင်း မရှိဘဲ မျက်နှာပြင်နှစ်ခုကို ခေါက်ချိုးအသုံးပြုရတာ ဖြစ်တဲ့အတွက် သူ့ကို Flip Phone လို့ ခေါ်ဆိုနိုင်ပါတယ်။ သူ့မှာ ၅.၂ လက်မ…

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+
FEATURES, HUBS, Mobile & Tablets
70 shares19 views

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Ko Thuya - Oct 18, 2017

V7+ lead the screen-to-body ratio Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။…

Most from this category